Pages

Saturday, June 22, 2013

မြန်မာအပါအဝင် ပိတ်ဆို့ခံ နိုင်ငံများသို့ ငွေလွှဲသည့် ဂျပန်ဘဏ် ဒဏ်ငွေချမှတ်ခံရ

Photo: မြန်မာအပါအဝင် ပိတ်ဆို့ခံ နိုင်ငံများသို့ ငွေလွှဲသည့် ဂျပန်ဘဏ် ဒဏ်ငွေချမှတ်ခံရ
Saturday, June 22, 201

အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှု ခံထားရသော ဆူဒန်၊ အီရန်နှင့် မြန်မာနိုင်ငံတို့ အတွက် ငွေကြေး လွှဲပြောင်းမှုများ
ပြုလုပ်ပေးခဲ့သည့် နယူးယောက် အခြေစိုက် ဂျပန်ဘဏ်လုပ်ငန်းကြီး တစ်ခုအား နယူးယောက်ပြည်နယ်က ဒဏ်ငွေဒေါ်လာ သန်း ၂၅၀ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း Radio Australia သတင်းဌာနက
ရေးသားဖော်ပြသည်။

ထိုသို့ အီရန်နှင့် မြန်မာနိုင်ငံအတွက် ငွေကြေး လွှဲပြောင်းမှုများ ပြုလုပ်ပေး ခဲ့သည့် ဘဏ်မှာ Tokyo Mitsubishi-UFJ ဖြစ်ပြီး ယင်းဘဏ်သည် အမေရိကန်ပြည်ထောင်စု ၏ ဘဏ္ဍာရေးပိတ်ဆို့ အရေးယူမှု ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်း ကြောင့် ယင်းသို့ ဒဏ်ငွေ ချမှတ်ခံလိုက်ရခြင်း
ဖြစ်သည်။
အမေရိကန် အာဏာပိုင်များ အဆိုအရ အဆိုပါ Mitsubishi ဘဏ်သည် အမေရိကန် ပိတ်ဆို့ အရေးယူမှုများကို ချိုးဖောက်သည့် လုပ်ရပ်များနှင့် ပတ်သက်သော သတင်း အချက်အလက်များကို ဖယ်ရှားပစ်ရန် ဘဏ်ဝန်ထမ်းများကို ညွှန်ကြားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခု နှစ်အထိ ငါးနှစ်တာ ကာလအတွင်း အီရန်နှင့် မြန်မာနိုင်ငံတို့ အတွက် အဆိုပါဘဏ်က တရားမဝင် ငွေကြေး လွှဲပြောင်းမှု ပြုလုပ်ခဲ့သည့် တန်ဖိုးမှာ ဒေါ်လာ ၁၀၀ ဘီလီယံခန့် ရှိခဲ့သည်။

ပိတ်ဆို့ အရေးယူမှု ခံထားရသောနိုင်ငံ သုံးနိုင်ငံအတွက် တရားမဝင် ငွေကြေး လွှဲပြောင်းပေးမှု စုစုပေါင်း အကြိမ် ၂၈,၀၀၀ နီးပါးခန့် ပြုလုပ်ခဲ့ပြီး ယင်းသို့ လုပ်ဆောင်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ဘဏ်ဝန်ထမ်းများက စနစ်တကျ ပယ်ဖျက်ပစ်ခဲ့သည်ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ကပြောကြားသည်။

အမေရိကန် အစိုးရက စီးပွားရေးပိတ်ဆို့မှုများ ပြူလုပ်ထားသော
နိုင်ငံများသို့ မည့်သည့် နိုင်ငံကမှ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်နှင့် လူသား စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရန် အမေရိကန်ဒေါ်လာ အသုံးပြုခွင့် မရှိကြောင်း ၊ ဂျပန်နိုင်ငံကလည်း
မြန်မာနိုင်ငံ အပါအဝင် ဆူဒန်၊ အီရန်နိုင်ငံတို့သို့ ငွေလွှဲသည် ဆိုသည်မှာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အရေးပေါ် ထောက်ပံ့သည့်
ငွေများသာ ဖြစ်နိုင်ကြောင်း၊ သို့သော် အမေရိကန်ဒေါ်လာ အသုံးပြု၍ ငွေလွှဲခြင်းကြောင့် ယခုကဲ့သို့ ဒဏ်ငွေ ပေးဆောင်ရန် သတ်မှတ်ခြင်း ဖြစ်မည်ထင်ကြောင်း မြန်မာ့စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ် ပြောကြားသည်။

အလားတူပင် ယခင်နှစ် အတွင်းက ဗြိတိန်နိုင်ငံ အခြေစိုက် Standard Chartered ဘဏ်သည်လည်း အမေရိကန် အစိုးရက ချမှတ်ထားသော ပိတ်ဆို့မှုများကို ချိုးဖောက်၍ အမေရိကန်ဒေါ်လာ ဘီလီယံ ချီ၍ အီရန်၊ လစ်ဗျား၊ ဆူဒန် နှင့် မြန်မာနိုင်ငံသို့ ငွေလွှဲအပ်ခဲ့မှု များကြောင့် အမေရိကန်ဒေါ်လာ သန်း ၃၄၀ ကျော် ဒဏ်ငွေ တပ်ခြင်းခံခဲ့ရသည်။

The Voice Weekly

Saturday, June 22, 201

အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှု ခံထားရသော ဆူဒန်၊ အီရန်နှင့် မြန်မာနိုင်ငံတို့ အတွက် ငွေကြေး လွှဲပြောင်းမှုများ ပြုလုပ်ပေးခဲ့သည့် နယူးယောက်အခြေစိုက် ဂျပန်ဘဏ်လုပ်ငန်းကြီးတစ်
ခုအား နယူးယောက်ပြည်နယ်က ဒဏ်ငွေဒေါ်လာ သန်း ၂၅၀ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း Radio Australia သတင်းဌာနကရေးသားဖော်ပြသည်။ ထိုသို့အီရန်နှင့် မြန်မာနိုင်ငံအတွက် ငွေကြေး လွှဲပြောင်းမှုများ ပြုလုပ်ပေး ခဲ့သည့် ဘဏ်မှာ Tokyo Mitsubishi
-UFJ ဖြစ်ပြီး ယင်းဘဏ်သည် အမေရိကန်ပြည်ထောင်စု ၏ ဘဏ္ဍာရေးပိတ်ဆို့ အရေးယူမှု ဆိုင်ရာ ဥပဒေ
များကို ချိုးဖောက်ခြင်း ကြောင့် ယင်းသို့ ဒဏ်ငွေ ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

အမေရိကန် အာဏာပိုင်များ အဆိုအရ အဆိုပါ Mitsubishi ဘဏ်သည် အမေရိကန် ပိတ်ဆို့ အရေးယူမှုများ
ကို ချိုးဖောက်သည့် လုပ်ရပ်များနှင့် ပတ်သက်သော သတင်း အချက်အလက်များကို ဖယ်ရှားပစ်ရန် ဘဏ်
ဝန်ထမ်းများကို ညွှန်ကြားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခု နှစ်အထိ ငါးနှစ်တာ ကာလအတွင်း အီရန်နှင့် မြန်မာနိုင်ငံတို့ အတွက် အ
ဆိုပါဘဏ်က တရားမဝင် ငွေကြေး လွှဲပြောင်းမှု ပြုလုပ်ခဲ့သည့် တန်ဖိုးမှာ ဒေါ်လာ ၁၀၀ ဘီလီယံခန့် ရှိခဲ့
သည်။

ပိတ်ဆို့ အရေးယူမှု ခံထားရသောနိုင်ငံ သုံးနိုင်ငံအတွက် တရားမဝင် ငွေကြေး လွှဲပြောင်းပေးမှု စုစုပေါင်း အကြိမ်၂၈,၀၀၀ နီးပါးခန့် ပြုလုပ်ခဲ့ပြီးယင်းသို့လုပ်ဆောင်ခဲ့မှုများနှင့်ပတ်သက်သည့်သတင်း အချက်အလက်
များကိုဘဏ်ဝန်ထမ်းများကစနစ်တကျပယ်ဖျက်ပစ်ခဲ့သည်ဟုအမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်
ရှိသူများ ကပြောကြားသည်။

အမေရိကန်အစိုးရကစီးပွားရေးပိတ်ဆို့မှုများ ပြူလုပ်ထားသောနိုင်ငံများသို့ မည့်သည့် နိုင်ငံကမှ စီးပွားရေး
လုပ်ငန်း လုပ်ကိုင်ရန်နှင့် လူသား စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရန် အမေရိကန်ဒေါ်
လာအသုံးပြုခွင့်မရှိကြောင်း၊ဂျပန်နိုင်ငံကလည်းမြန်မာနိုင်ငံအပါအဝင် ဆူဒန်၊ အီရန်နိုင်ငံတို့သို့ ငွေလွှဲသည်
ဆိုသည်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ် ထောက်ပံ့သည့်ငွေများသာ ဖြစ်နိုင်ကြောင်း၊ 
သို့သော်အမေရိကန်ဒေါ်လာအသုံးပြု၍ ငွေလွှဲခြင်းကြောင့်ယခုကဲ့သို့ ဒဏ်ငွေ ပေးဆောင်ရန်သတ်မှတ်ခြင်း
 ဖြစ်မည်ထင်ကြောင်း မြန်မာ့စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ် ပြောကြားသည်။

အလားတူပင် ယခင်နှစ် အတွင်းက ဗြိတိန်နိုင်ငံ အခြေစိုက် Standard Chartered ဘဏ်သည်လည်း အမေရိ
ကန် အစိုးရကချမှတ်ထားသောပိတ်ဆို့မှုများကို ချိုးဖောက်၍ အမေရိကန်ဒေါ်လာ ဘီလီယံ ချီ၍ အီရန်၊ လစ်
ဗျား၊ ဆူဒန် နှင့် မြန်မာနိုင်ငံသို့ ငွေလွှဲအပ်ခဲ့မှု များကြောင့် အမေရိကန်ဒေါ်လာ သန်း ၃၄၀ ကျော် ဒဏ်ငွေ တပ်ခြင်းခံခဲ့ရသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 22.6.2013

0 comments:

Post a Comment