Pages

Saturday, June 22, 2013

နိုင်ငံအသီးသီးရဲ့ စာပေမှာ အက္ခရာအရေအတွက်ဘယ်လောက်ရှိသလဲ

Saturday, June 22, 2013

ကမ္ဘာ.နိုင်ငံအသီးသီး၌ မှီတင်းနေထိုင်ကြသည့် နိုင်ငံသူနိုင်ငံသားတွေအဖို. ကိုယ့်နိုင်ငံကစာပေအရေးအ

သားနှင့်စပ်လျဉ်းပြီးအခြေခံထားရှိရသည့် အက္ခရာစကားလုံးများရှိကြပါသည်။တစ်နည်းအားဖြင့် ဗျည်းအက္ခ
ရာများ ဖြစ်ကြပါသည်။ထိုဗျည်းများ၌အသံမရှိပါ။အသံပေါ်ထွက်လာစေရန်အတွက်“အီ၊အေ၊အယ်၊အာ၊အော်၊
အို၊အူ၊အင်၊အန်၊အွန်၊အိတ်၊အုတ်၊အိုက်၊အောက်၊အစ်၊အက်၊အတ်၊အွတ်အစရှိသောအခြေခံသရများနှင့် ပေါင်း
စပ်လိုက်မှသာ အသံများ ထွက်ပေါ်လာပါသည်။
ထိုစကားလုံးများမှ ဝေါပာာရများ ဖြစ်ပေါ်လာပါသည်။

ထိုစကားလုံးများမှ ဝေါပာာရများ ဖြစ်လာပါသည်။ကံ ၊ ကတ္တား ၊ ကြိယာ ၊ ၀ိတ်ဘတ် ၊ နာမ၀ိသေသန ၊

ကြိယာဝိသေသန ၊ အစရှိသဖြင့် စကားလုံး ဝေါပာာရများ ပုဒ်များဖြစ်ပေါ်လာပြီးသဒ္ဒါအထားအသို မှန်ကန်စွာ စဉ်လိုက်လျှင်ဝါကျများဖြစ်လာပါသည်။ဝါကျမှတစ်ဆင့်စာပိုဒ်၊စာပိုဒ်မှစာပုဒ် ဖြစ်လာကာကိုယ်နိုင်ငံတိုင်းပြည်
ဆိုင်ရာစာပေများပေါ်ထွန်းလာပါသည်။ ယဉ်ကျေးမှု အနေအထားများ တိုးမြင့်လာပါသည်။

စာပေသည် နိုင်ငံနှင့် လူမျိုး ၊ အခြေတိုးမြင့်ရေး၌ အဓိကကျပါသည်။

စာပေများပေါ်ထွန်းလာရအောင် ဘာသာဗေဒ ပညာရှင်များသဒ္ဒဗေဒပညာရှင်များသည်ခေတ်အဆက်ဆက် ကြိုးပမ်းအားထုတ်ခဲ့ရပါသည်။ ၄င်းတို. ကြိုးပမ်းအားထုတ်သည့်

အတွက်ကြောင့်လည်း နောက်ဆုံး၌ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည် အလိုက်
လူမျိုးအသီးသီးတို.၏ ကိုယ်ပိုင်အက္ခရာ ဖြစ်ပေါ်လာခဲ့ရပါတော့သည်။ ဤ၌
ကမ္ဘာ.နိုင်ငံအသီးသီး ရှိကြသည့်အနက် လက်လှမ်းမီရာကို
လေ့လာစုးစမ်းတင်ပြရသည်ရှိသော်…

၁။ မြန်မာစာပေ၌ အက္ခရာအလုံးရေ (၃၃)လုံးရှိ၏ ။

၂။ ဂျူးစာပေ၌ အက္ခရာအလုံးရေ (၂၂)လုံးရှိ၏ ။

၃။ အီတလီစာပေ၌ အက္ခရာအလုံးရေ (၂၂)လုံးရှိ၏ ။

၎။ လက်တင်စာပေ၌ အက္ခရာအလုံးရေ (၂၂)လုံးရှိ၏ ။

၅။ဂရိတ်စာပေ၌ အက္ခရာအလုံးရေ (၂၄)လုံးရှိ၏ ။

၆။ ပြင်သစ်စာပေ၌ အက္ခရာအလုံးရေ (၂၅)လုံးရှိ၏ ။

၇။ ဂျာမန်စာပေ၌ အက္ခရာအလုံးရေ (၂၆)လုံးရှိ၏ ။

၈။ အင်္ဂလိပ်စာပေ၌ အက္ခရာအလုံးရေ (၂၆)လုံးရှိ၏ ။

၉။ စပိန်စာပေ၌ အက္ခရာအလုံးရေ (၂၇)လုံးရှိ၏ ။

၁၀။ အာရေဗျစာပေ၌ အက္ခရာအလုံးရေ (၂၈)လုံးရှိ၏ ။

၁၁။ တူရကီစာပေ၌ အက္ခရာအလုံးရေ (၂၉)လုံးရှိ၏ ။

၁၂။ ရုရားစာပေ၌ အက္ခရာအလုံးရေ (၃၂)လုံးရှိ၏ ။

၁၃။ အာမေးနီးယားစာပေ၌ အက္ခရာအလုံးရေ (၃၈)လုံးရှိ၏ ။

၁၄။ တရုတ်စာပေ၌ အက္ခရာအလုံးရေ (၅၃)လုံးရှိ၏ ။

၁၅။ ထိုင်း(ယိုးဒယား) အက္ခရာအလုံးရေ (၇၄)လုံးရှိ၏

original uploader, RangonNewsDaily
kolatt(PBDN): 22.6.2013

0 comments:

Post a Comment