Pages

Saturday, June 22, 2013

Android ဖုန်းတွေကို CCTV CAMERA အဖြစ်အသုံးပြုမယ်

နည်းပညာတွေတိုးတတ်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ Android ဖုန်းတွေကို CCTV CAMERA အဖြစ်
အသုံးချလို့ရနေပါပြီ။ဥပမာ သူငယ်ချင်းတစ်ယောက်ယောက်က တစ်နေရာရာကိုရောက်နေတယ်ဆိုပါဆို့ သူရောက်နေတဲ့ နေရာကို ကျွန်တော်တို့ဆီကို Live video အနေနဲ့ပေးကြည့်လို့ရပါတယ်။လက်ရှိသူမြင်
နေရတဲ့ မြင်ကွင်းကို အဝေးကြီးမှာရှိနေတဲ့ တစ်ခြားသူငယ်ချင်းတွေရော မြင်ရမယ်ဆိုရင် အရမ်းအဆင်ပြေ
တာပေါ့။Live မြင်ရဖို့အတွက်  app လေးကတော့ IP Web Cam ဆိုတဲ့ app လေးပါ။သင်မြင်နေတဲ့မြင်ကွင်းကို သင့် အပေါင်းသင်းများလဲ သင်နဲ့အတူ ထပ်တူ မြင်တွေ့ခွင့် ရနိုင်ပါတယ်။ တစ်နည်းပြောရရင် မိမိဖုန်းကို CCTV ကင်မရာအဖြစ် အသုံးပြုပြီး ကွန်ပျူတာကနေ လှမ်းကြည့်နိုင်အောင် ပြုလုပ်ပေးမယ့် app တစ်ခုပါ။

လိုအပ်ချက်အနေနဲ့ကတော့ မြင်ကွင်းကို ပြချင်တဲ့ သူရဲ့ ဖုန်းထဲမှာ ..IP Web Cam app ကို ထည့်ထားရပါ
မယ်။ အောက်က Link ကနေdownload ဆွဲလိုက်ပါ။

ကွန်ပျူတာကနေ ကြည့်ချင်တဲ့သူတွေကinternet connectionနဲ့အတူVLC Media Player ရှိရမယ်။ VLCMedia
 Player နဲ့ ကွန်ပျူတာကနေဖုန်း camera မှာ မြင်ရတဲ့ မြင်ကွင်းကို လှမ်းကြည့်နိုင်မှာ ဖြစ်ပါတယ်။ကွန်ပျူတာ
အတွက် VLC Player ဒေါင်းရမယ့် Link ကို တင်ပေးထားပါတယ်။

လုပ်ဆောင်ပုံကတော့ လွယ်ပါတယ်။ ကျွန်တော်ပြောတဲ့အတိုင်း ..သေချာလေး လိုက်လုပ်ကြည့်ပါ။ အလွန်
အသုံးဝင်ပါတယ်။ကျွန်တော်ကတော့ ကိုယ့်ဖုန်းနဲ့ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး စမ်းခဲ့ပါတယ်။

Step (1)
အရင်ဆုံး ဖုန်းမှာ internet connection ကိုဖွင့်ပါ။ ပြီးရင် IP Web Cam app ကို install လုပ်ပါ။ ပြီးရင် ဖွင့်လိုက်ပါ။ ပုံ-၁မှာ ပြထားတဲ့အတိုင်း မြင်ရပါမယ်။အောက်ဆုံးက Start Server ကို နှိပ်လိုက်ပါ။ Camera ဖွင့်လိုက်သလို
မျိုး ..ဖြစ်သွားပါမယ်။ 
 
အဲ့ဒီမှာ IP Address လေး ပေးထားပါတယ်။http:// .............................. ဆိုတာလေးပါ။အဲ့ဒီ IP Address ကို မှတ်သားထားလိုက်ပါ။

(ဒီနေရာမှာ တစ်ခု ပြောချင်တာက .ကျွန်တော်က ကိုယ့်ဖုန်းနဲ့ ကိုယ့် Laptop နဲ့ချိတ်ပြီး စမ်းတာဖြစ်လို့ ဖုန်း
ကနေwifi hotspotလွှင့်ပြီးကွန်ပျူတာကနေဖုန်း internet connection ကို ယူပြီး အင်တာနက်အသုံးပြုပါတယ်။
တကယ်တော့ တစ်ခြားနေရာကနေ အထက်ပါ IP Address ကို သိရုံနဲ့ အင်တာနက်ချိတ်ထားသော မည်
သည့် ကွန်ပျူတာမှာ မဆို ဖုန်းကနေ မြင်ရတဲ့မြင်ကွင်းကို လှမ်းကြည့်နိုင်မှာ ဖြစ်ပါတယ်။ )

Step (2)

ကွန်ပျူတာထဲမှာ VLC Player မရှိသေးရင် download ဆွဲပြီး install လုပ်ပါ။ပြီးရင် FireFox Browser ကို ဖွင့်ပါ
။ (မှတ်ချက် - FireFox , IE , Chrome စတာတွေကို support လုပ်ပါတယ်)ပြီးရင် Firefox address bar မှာ ခုန
က မှတ်သားထားတဲ့ IP Address ကို ရိုက်လိုက်ပါ။ ပုံ-၂ မှာ မြင်ရတဲ့အတိုင်း Android webcam server ဆိုပြီး Page တစ်ခု ကျလာပါမယ်။ အပေါ်ဆုံးက Open stream in media player, such as VLC ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် ပုံ-၃ မှာမြင်ရသလို opening playlist.m3u ဆိုပြီး box တစ်ခု ကျလာမယ်။ 
 
open with မှာ VLC Media Player ကို ရွေးပြီး Ok ကို နှိပ်လိုက်တာနဲ့ VLC Player ပွင့်လာပြီး ဖုန်းမှာ မြင်နေ
ရတဲ့ မြင်ကွင်းကို ဖော်ပြပါလိမ့်မယ်။ ဖုန်း camera ကနေ မြင်ရသမျှ VLC Player မှာ အကုန် မြင်နေရပါမယ်။
အရမ်းလန်းတယ်။

ဒါလေးပါပဲ။ လွယ်ပါတယ်။ IP Address ကို သိရင် ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး တစ်ခြားသူတွေဆီ IP Address ကို လှမ်းပြောပြီး VLC Player နဲ့ ဖွင့်ကြည့်ခိုင်းလို့ရတယ်။

ကဲ .. ဘယ်လောက် အဆင်ပြေလဲ။ ကိုယ်မြင်ရတဲ့မြင်ကွင်းကို ကိုယ်နဲ့အတူ သူငယ်ချင်းတွေ အများကြီး မြင်
တွေ့နေရတယ်ဆိုတာ ပျော်စရာကြီးပါ။

သားသားမီးမီးလေးတွေကို အချိန်ပြည့် မကြည့်နိုင်ဘူး ... သူတို့ကိုစောင့်ကြည့်ဖို့ သူတို့အနားမှာ ဖုန်းကို
IP Web Cam နဲ့ဖွင့်ပြီး ချထားလိုက်မယ် .. ပြီးရင် .. IP Address ကို မှတ်သားထားပြီး ကွန်ပျူတာကနေ လှမ်း
ကြည့်နိုင်ပါတယ်။ CCTV ကင်မရာသဘောမျိုး လုပ်ဆောင်ပေးလို့လိုအပ်သလိုအသုံးပြုနိုင်တယ်။သဘော
ကျတယ်ဆိုရင်တော့ အခုပဲ စမ်းကြည့်လိုက်တော့ဗျာ:)

DOWNLOAD -IP Web Cam ( For Phone)


DOWNLOAD - VLC Media Player For PC

 
DOWNLOAD Link လေးမသေခင် ဒေါင်းလိုက်ကြပါအုံးနော် ။ တကယ်လို့ လင့်အလုပ်မလုပ်တော့ရင်လဲ
Chat Box မှာပြောခဲ့ပါ အသစ်လဲပေးပါ့မယ်ဗျာ။
 
သူငယ်ချင်းအားလုံးပျော်ရွင်ကြပါစေနော်...............
 
ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၁.၆.၂၀၁၃

0 comments:

Post a Comment