Pages

Saturday, June 22, 2013

အထက (၃)မန္တလေး နွားနို့ထဲအဆိပ်ခတ်တိုက်သည်ဟု ကောလာဟလထွက်

Saturday, June 22, 2013

ကျောင်းမီးရှို့ခံရမည်ဟု ယခုလ ပထမပတ်အတွင်း ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးသည့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် စကြာနွယ်စဉ် ရပ်ကွက် ၇၆၊ (၃၅x၃၆) လမ်းကြားရှိ အထက (၃) ကျောင်းတွင်ဇွန်လ၁၉ရက်နေ့ နေ့လယ်၁နာရီအချိန်က ကျောင်းသားများကို နွားနို့ တိုက်ကျွေးရာတွင် အဆိပ်ခတ်တိုက်ကျွေးသည်ဟု ကောလာဟလ သတင်းများထွက်ပေါ်လာခဲ့ကြောင်းမန္တလေးမြို့ ဒေသခံအချို့က ပြောကြား သည်။ နွားနို့ထဲတွင် အဆိပ်ခတ် တိုက်ကျွေးသည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်လာပြီးနောက် ကျောင်းသားမိဘ၂၅ဦးခန့် ရောက်ရှိလာသဖြင့် ကျောင်းဆရာမများက တွေ့ဆုံကာ
 ကောလာဟလသတင်းများသာ ဖြစ်သည်ဟု ရှင်းလင်း ပြောဆိုခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
“ကျောင်းသားတွေကိုအာဟာရတိုက်ကျွေးတာ၊ နွားနို့ထဲမှာအဆိပ်ထည့်ထားတယ်လို့ ကြားတော့ ကလေးကို သွားခေါ်လိုက်တယ်။ ကျောင်းကတော့ မဟုတ်ဘူးဆိုတာ ပြောပြပါတယ်” ဟု ကျောင်းသား မိဘတစ်ဦးက ပြောကြားသည်။

အဆိုပါ ကျောင်းသည်ဇွန်လ၅ရက်နေ့တွင် ကျောင်းကိုမီးရှို့မည်ဟု ကောလာဟလသတင်းများထွက်ပေါ်လာပြီးနောက် ကျောင်သားမိဘအချို့က ကျောင်းသားများကို လာရောက် ခေါ်ယူခြင်းများ ဖြစ်ပွားခဲ့သည့် ကျောင်းဖြစ်သည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 22.6.2013

0 comments:

Post a Comment