Pages

Saturday, June 22, 2013

"စွယ်စုံရအနုပညာရှင် ဦးသုခရဲ့ ပရဟိတလမ်းပြမှုအတိုင်း တစ်သွေ မတိမ်း လျှောက်လှမ်းနေတဲ့ ဦးကျော်သူအပေါ် ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်း သဘောထား"

"စွယ်စုံရအနုပညာရှင် ဦးသုခရဲ့ ပရဟိတလမ်းပြမှုအတိုင်း တစ်သွေ မတိမ်း လျှောက်လှမ်းနေတဲ့ ဦးကျော်သူအပေါ် ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်း သဘောထား"

ဇွန် ၁၆ ရက်နေ့ ကျိုက်လတ် မြို့မှာ ကျင်းပမယ့် ဘဘ ဦးသုခရဲ့ ရုပ်တု ဖွင့်ပွဲကို ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း နဲ့တကွ နာယက များ၊ အနုပညာရှင် များ နှင့် အတတ် ပညာရှင်များက သွားရောက် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဘဘဦးသုခ ရုပ်တု ဖွင့်ပွဲ အကြောင်းနဲ့ ပတ်သက်ပြီး သွားရောက်မယ့် ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက..
“ကျိုက်လတ် ဆိုတာ ဘဘဦးသုခ ရဲ့ ဇာတိဖြစ်တယ်။ ဘဘရဲ့ဇာတိမှာ ဘဘရဲ့ ရုပ်တုဖွင့်ပွဲ လုပ်ဖို့ရှိတော့ ကျွန်တော်တို့ ရုပ်ရှင် အစည်းအရုံးက နာယက ဘဘ ဗိုလ်ကလေး တင့်အောင်လည်း လိုက်ပါမယ်။ ဘဘကို ဂုဏ်ပြုတဲ့ အနေနဲ့ ရုပ်တုဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ဖို့ အတွက် အနုပညာရှင် များဖြစ်တဲ့ ဆုပန်ထွာ၊ သင်ဇာဝင့် ကျော် ၊ စိုးပြည့်သဇင်၊ ချမ်းမီမီကိုတို့ လည်းလိုက်ပါမယ်” လို့ ပြောပြခဲ့ပါ တယ်။ 

အနုပညာ လောကမှာ ဘဘ ဦးသုခကို အနုပညာရှင် များသာမက ပရိသတ် များက စွယ်စုံရ အနုပညာ ရှင်ကြီးလို့ တင်စားခေါ် ခဲ့သလိုပဲ ဘဘ ဦးသုခ နဲ့ ပတ်သက်ပြီး ဦးလူမင်း အားကျ အတုယူတဲ့ အချက်ကို မေးကြည့်တော့ “ဘဘ ဦးသုခက စွယ်စုံရ အနုပညာရှင် ဖြစ်တယ်။ သီချင်း ဘက်မှာလည်း အဆို ကောင်းသလို၊ စာပေဘက် မှာလည်း အရေး အသား တအားကောင်းတယ်။ ဘဘ ရဲ့ ဘာသာတရား စာတွေ ဖတ်ရတာ ကျွန်တော့် အတွက် တကယ် မှတ်သားစရာ ကောင်းတွေပဲ။ သရုပ်ဆောင် ဒါရိုက်တာ အတတ်ပညာ ဘက်မှာလည်း တော်ပြီးသားပါ။ သူဖန်တီးတဲ့ အနုပညာ မှာတော် တော်ပြောင်မြောက်လို့ အခု အချိန်ထိ အနုပညာ လောကမှာရော၊ ပရိသတ် တွေရင်ထဲမှာပါ ရှိနေတာလေ။ 

ပြီးတော့ ပရဟိတ ဘက်မှာလည်း ဘယ်လောက် အမြော်အမြင် ရှိလဲ ဆိုတာ အခု နာရေး ကူညီမှုအသင်း ဆိုရင် ဘယ်သူမှ မတွေးထားတဲ့ အတွေး ၊သူတွေး တာကိုက အကြား အမြင် ရပြီးကြို လုပ် ခဲ့ သလား ခံစားရ တယ်” လို့ ပြောပြခဲ့ ပါတယ်။ ပရဟိတ လူမှု အကျိုးကို ဦးကျော်သူအား လမ်းပြ လက်ဆင့် ကမ်းပေးတဲ့ ဘဘ ဦးသုခ ရဲ့ပရဟိတ စိတ်၊ အခုဘဘ ဦးသုခရဲ့လမ်းပြမှုနဲ့ ကိုယ်ကျိုးစွန့် လုပ်ဆောင်နေတဲ့ ဦးကျော်သူ ကို အနုပညာလောက သား တစ်ယောက် အနေနဲ့ ဘယ်လိုမြင် ပါသလဲ လို့မေးကြည့်တော့

 “ဦးကျော် သူက ဘဘ ဦးသုခ ရဲ့လမ်းပြမှု နဲ့အတူ လုပ်တာ။ တအား ကိုလေးစားပါတယ်။ ပရဟိတ ဆိုတာခေါ်ရတာ လွယ်ပြီး လက်တွေ့ လုပ်ဆောင်တော့ တအား ခက်ခဲ တာတွေ အများကြီး ရင်ဆိုင် နေရတာ ကိုယ်တို့သိတယ်။ ဒီလို ကိုယ်ကျိုးစွန့် လုပ်နိုင်တဲ့လူ အင်မတန် ရှားပါတယ်။ ကိုယ့်အကျိုး လုပ် တာတောင် ဒီလောက် ခက်ခဲတာ၊ အများ အကျိုး ဆိုရင် ပြောစရာ မလိုတော့ပါဘူး” လို့ ပြောပြခဲ့ ပါတယ်။

ထူးထူး

ဇွန် ၁၆ ရက်နေ့ ကျိုက်လတ် မြို့မှာ ကျင်းပမယ့် ဘဘ ဦးသုခရဲ့ ရုပ်တု ဖွင့်ပွဲကို ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း နဲ့တကွ နာယကများ၊အနုပညာရှင် များ နှင့် အတတ် ပညာရှင်များက သွားရောက် ဖွင့်လှစ်မှာ ဖြစ်
ပါတယ်။ ဘဘဦးသုခ ရုပ်တု ဖွင့်ပွဲ အကြောင်းနဲ့ ပတ်သက်ပြီး သွားရောက်မယ့် ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက..“ကျိုက်လတ် ဆိုတာ ဘဘဦးသုခ ရဲ့ ဇာတိဖြစ်တယ်။ ဘဘရဲ့ဇာတိမှာဘဘရဲ့ရုပ်တုဖွင့်ပွဲလုပ်ဖို့ရှိတော့ ကျွန်တော်တို့ ရုပ်ရှင် အစည်းအရုံးက နာယက ဘဘ ဗိုလ်
ကလေးတင့်အောင်လည်းလိုက်ပါမယ်။ဘဘကိုဂုဏ်ပြုတဲ့အနေနဲ့ရုပ်တုဖွင့်ပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ဖို့အတွက်
အနုပညာရှင် များဖြစ်တဲ့ ဆုပန်ထွာ၊ သင်ဇာဝင့် ကျော် ၊ စိုးပြည့်သဇင်၊ ချမ်းမီမီကိုတို့ လည်းလိုက်ပါမယ်” လို့
 ပြောပြခဲ့ပါ တယ်။
အနုပညာ လောကမှာဘဘဦးသုခကိုအနုပညာရှင်များသာမက ပရိသတ် များက စွယ်စုံရ အနုပညာ ရှင်ကြီး
လို့ တင်စားခေါ် ခဲ့သလိုပဲ ဘဘ ဦးသုခ နဲ့ ပတ်သက်ပြီး ဦးလူမင်း အားကျ အတုယူတဲ့ အချက်ကို မေးကြည့်
တော့ “ဘဘ ဦးသုခက စွယ်စုံရ အနုပညာရှင် ဖြစ်တယ်။ 
 
သီချင်း ဘက်မှာလည်း အဆို ကောင်းသလို၊ စာပေဘက် မှာလည်း အရေး အသား တအားကောင်းတယ်။ ဘ
ဘာသာတရားစာတွေဖတ်ရတာကျွန်တော့်အတွက်တကယ်မှတ်သားစရာကာင်းတွေပဲ။သရုပ်ဆောင် ဒါရိုက်
တာအတတ်ပညာဘက်မှာလည်း တော်ပြီးသားပါ။သူဖန်တီးတဲ့အနုပညာမှာတော် တော်ပြောင်မြောက်လို့ 
အခု အချိန်ထိ အနုပညာ လောကမှာရော၊ ပရိသတ် တွေရင်ထဲမှာပါ ရှိနေတာလေ။

ပြီးတော့ ပရဟိတ ဘက်မှာလည်း ဘယ်လောက် အမြော်အမြင် ရှိလဲ ဆိုတာ အခု နာရေး ကူညီမှုအသင်း ဆို
ရင်ဘယ်သူမှမတွေးထားတဲ့အတွေး ၊သူတွေး တာကိုကအကြားအမြင် ရပြီးကြို လုပ် ခဲ့ သလား ခံစားရ တယ်
” လို့ ပြောပြခဲ့ ပါတယ်။ပရဟိတလူမှုအကျိုးကို ဦးကျော်သူအား လမ်းပြ လက်ဆင့် ကမ်းပေးတဲ့ ဘဘ ဦးသုခ 
ရဲ့ပရဟိတ စိတ်၊ အခုဘဘ ဦးသုခရဲ့လမ်းပြမှုနဲ့ ကိုယ်ကျိုးစွန့် လုပ်ဆောင်နေတဲ့ ဦးကျော်သူ ကို အနုပညာ
လောက သား တစ်ယောက် အနေနဲ့ ဘယ်လိုမြင် ပါသလဲ လို့မေးကြည့်တော့

“ဦးကျော် သူကဘဘဦးသုခရဲ့လမ်းပြမှု နဲ့အတူ လုပ်တာ။တအားကိုလေးစားပါတယ်။ပရဟိတ ဆိုတာခေါ်ရ
တာလွယ်ပြီးလက်တွေ့လုပ်ဆောင်တော့တအားခက်ခဲ တာတွေ အများကြီး ရင်ဆိုင် နေရတာ ကိုယ်တို့သိ
တယ်။ဒီလိုကိုယ်ကျိုးစွန့်လုပ်နိုင်တဲ့လူအင်မတန်ရှားပါတယ်။ကိုယ့်အကျိုးလုပ်တာတောင်ဒီလောက်ခက်ခဲ
တာ၊ အများ အကျိုး ဆိုရင် ပြောစရာ မလိုတော့ပါဘူး” လို့ ပြောပြခဲ့ ပါတယ်။

ထူးထူး
Popular Myanmar ,  RangonNewsDaily
kolatt(PBDN): 22.6.2013

0 comments:

Post a Comment