Pages

Friday, June 21, 2013

First National Insurance ပုဂ္ဂလိက အာမခံလုပ်ငန်း တစ်ခု စတင်လည်ပတ်ရန် စီစဉ်

Photo: ပုဂ္ဂလိက အာမခံလုပ်ငန်း တစ်ခု စတင်လည်ပတ်ရန် စီစဉ်
Friday, June 21, 2013

ဇွန်လ ၂၄ ရက်တွင် လုပ်ငန်းစတင် လည်ပတ်နိုင်ရန် First National Insurance ပုဂ္ဂလိက အာမခံ လုပ်ငန်းမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကုမ္ပဏီ၏ အာမခံ လုပ်ငန်းနှင့် ပတ်သက်၍ လာရောက်အာမခံ ထားရှိသည့် ပိုင်ဆိုင်မှုများမှ မီးအာမခံ၊ အလုံးစုံ မော်တော်ယာဉ် အာမခံ၊ အသက်အာမခံနှင့် ငွေသားအာမခံများ ပြုလုပ်နိုင်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြဿနာ တစ်ခုခု ဖြစ်ပွားရင်လည်း နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး အကောင်းဆုံး အနေအထားရောက်တဲ့ အထိ ပြုလုပ်ပေးမှာပါ”ဟု တာဝန်ခံ အရာရှိ ဒေါ်ခင်စောဝင်းက ပြောကြားသည်။

အာမခံမည် ဆိုပါက ဖြစ်ပွားလာသည့် ကိစ္စရပ်များအပေါ် အကောင်းဆုံး အခြေအနေ ရောက်သည်အထိ ၎င်းတို့ဘက်မှ ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး၊ ငွေကြေး ကဲ့သို့သော အာမခံမျိုးတွင် လိုအပ်သည့် လုံခြုံရေး ပေးနိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။

First National Insurance အာမခံ ကုမ္ပဏီသည် ဇွန်လ ၁၄ ရက်နေ့တွင် အာမခံလုပ်ငန်း လုပ်ကိုင်ရန် လိုင်စင်ကျခဲ့ပြီး မြန်မာနိုင်ငံ၏ ပုဂ္ဂလိက အာမခံ လုပ်ငန်းများမှ တစ်ခုအပါအဝင်လည်း ဖြစ်ပြီး ဇွန်လ ၂၄ ရက်နေ့တွင် အာမခံ လုပ်ငန်းများကို စတင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ အာမခံ လုပ်ငန်းသည် ပုဂ္ဂလိက အာမခံ လုပ်ငန်းများကို ၂ဝ၁၃ ခုနှစ် ဇွန်လတွင် စတင်ကာ လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ခွင့် ပေးအပ်ခဲ့ပြီး အာမခံလုပ်ငန်း ၆ မျိုးကို လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်းလည်း သိရသည်။

ပြည့်လျှံ

မြန်မာ့ခေတ်

Friday, June 21, 2013

ဇွန်လ ၂၄ ရက်တွင် လုပ်ငန်းစတင် လည်ပတ်နိုင်ရန် First National Insurance ပုဂ္ဂလိက အာမခံ လုပ်ငန်းမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ကုမ္ပဏီ၏ အာမခံ လုပ်ငန်းနှင့် ပတ်သက်၍ လာရောက်အာမခံ ထားရှိသည့် ပိုင်ဆိုင်မှုများမှ မီးအာမခံ၊ အလုံးစုံ မော်တော်ယာဉ် အာမခံ၊ အသက်အာမခံနှင့် ငွေသားအာမခံများ ပြုလုပ်နိုင်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြဿနာ တစ်ခုခု ဖြစ်ပွားရင်လည်း နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး အကောင်းဆုံး အနေအထားရောက်တဲ့ အထိ ပြုလုပ်ပေးမှာပါ”ဟု တာဝန်ခံ အရာရှိ ဒေါ်ခင်စောဝင်းက ပြောကြားသည်။

အာမခံမည် ဆိုပါက ဖြစ်ပွားလာသည့် ကိစ္စရပ်များအပေါ် အကောင်းဆုံး အခြေအနေ ရောက်သည်အထိ ၎င်းတို့ဘက်မှ ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး၊ ငွေကြေး ကဲ့သို့သော အာမခံမျိုးတွင် လိုအပ်သည့် လုံခြုံရေး ပေးနိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။

First National Insurance အာမခံ ကုမ္ပဏီသည် ဇွန်လ ၁၄ ရက်နေ့တွင် အာမခံလုပ်ငန်း လုပ်ကိုင်ရန် လိုင်စင်ကျခဲ့ပြီး မြန်မာနိုင်ငံ၏ ပုဂ္ဂလိက အာမခံ လုပ်ငန်းများမှ တစ်ခုအပါအဝင်လည်း ဖြစ်ပြီး ဇွန်လ ၂၄ ရက်နေ့တွင် အာမခံ လုပ်ငန်းများကို စတင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ အာမခံ လုပ်ငန်းသည် ပုဂ္ဂလိက အာမခံ လုပ်ငန်းများကို ၂ဝ၁၃ ခုနှစ် ဇွန်လတွင် စတင်ကာ လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ခွင့် ပေးအပ်ခဲ့ပြီး အာမခံလုပ်ငန်း ၆ မျိုးကို လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်းလည်း သိရသည်။

ပြည့်လျှံ
မြန်မာ့ခေတ် , RangonNewsDaily
kolatt(PBDN): 21.6.2013

0 comments:

Post a Comment