Pages

Friday, June 21, 2013

မီးခိုးကြောင့် အင်ဒိုနီးရှားနဲ့ စင်္ကာပူနိုင်ငံ တို့ကြား တင်းမာမှု ဖြစ်နေ

Friday, June 21, 2013

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက တောမီးလောင်မှုတွေဟာ စင်္ကာပူနိုင်ငံကို ရောက်ရှိလာပြီး လေထု
ညစ်ညမ်းမှုတွေဖြစ်ပေါ်ပြီးနောက် စင်္ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတို့အကြား တင်းမာမှုတွေဖြစ်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံကမီးခိုးတွေကြောင့်စင်္ကာပူနိုင်ငံမှာအန္တရာယ်များတဲ့ လေထုညစ်ညမ်းမှုအခြေအနေ ရောက်
နေတဲ့အတွက် ထိန်းသိမ်းမှုလုပ်ဖို့ စင်္ကာပူအစိုးရက အင်ဒိုနီးရှားအစိုးရကို ပြောပြီးနောက် စင်္ကာပူအစိုးရအ
နေနဲ့ ကလေးဆန်တဲ့ အပြုအမူတွေ ရပ်တန့်သင့်တယ်လို့ အင်ဒိုနီးရှားအစိုးရက တုန့်ပြန်လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံအစိုးရရဲ့ အဆိုအရ ဒီမီးခိုးငွေ့တွေဟာ သဘာဝတောမီးတွေကြောင့်ဖြစ်တယ်လို့ ပြောပေ

မယ့် စင်္ကာပူအစိုးရကတော့ ဆူမားတြားကျွန်းပေါ်က လယ်သမားတွေဟာ စိုက်ပျိုးရေးအတွက် တရားမဝင်
 တောမီးတွေရှို့ကြတဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအာဆီယံအသင်းမှာ မီးခိုးကနေ လေထုညစ်ညမ်းမှုမဖြစ်အောင် လုပ်ဆောင်ကြ

ဖို့ သဘောတူညီချက်ရှိထားပေမယ့် အင်ဒိုနီးရှားနိုင်ငံက အဲဒီ သဘောတူညီချက်ထဲမှာ လက်မှတ်မထိုးထား
သေးဘူးလို့လည်း သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံက မီးခိုးငွေ့တွေရဲ့ ပြဿနာကို စင်္ကာပူနိုင်ငံသားတွေ နှစ်စဉ်ခံစားနေရပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေအချင်းချင်းကြား အင်ဒိုနီးရှားနိုင်ငံကို ဖိအားပေးပြောဆိုဖို့ စင်္ကာပူနိုင်ငံက တိုက်တွန်းမှာ မဟုတ်ဘူးလို့လည်း စင်္ကာပူအစိုးရက ပြောပါတယ်။

အာဆီယံနိုင်ငံတွေကြားဆက်ဆံရေးဟာ ယေဘုယျအားဖြင့် ကောင်းမွန်ပြီး အင်ဒိုနီးရှားနိုင်ငံကလည်း ကိုယ်

ပိုင်အုပ်ချုပ်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ရှိတာကြောင့် ဖိအားပေးမှုတွေမလုပ်လိုဘူးလို့စင်္ကာပူအစိုးရက ပြောပါတယ်။

စင်္ကာပူနိုင်ငံက လေထု ပြန်လည်သန့်စင်ဖို့ လနဲ့ချီ ကြာမြင့်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒီလို အခြေအနေမျိုး ထိုင်း-မြန်မာနယ်စပ်ဒေသမှာလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းေ

သမှာ မြန်မာနဲ့ ထိုင်းနိုင်ငံက တောင်သူတွေ တောမီးရှို့ရာက ထွက်ရှိတဲ့ မီးခိုးတွေကြောင့် တခါတရံ လေ
ယာဉ်တွေ ပျံသန်းဖို့ ခက်ခဲတာတွေ၊ လေယာဉ်ခရီးစဉ် ဖျက်သိမ်းတာတွေလည်း လုပ်ရလေ့ရှိပါတယ်။

Radioaustralia , RangonNewsDaily
kolatt(PBDN): 21.6.2013

0 comments:

Post a Comment