Pages

Wednesday, December 25, 2013

ယခုရက်ပိုင်းမှစ၍ တစ်ပြည်လုံးအတိုင်းအတာ အအေးပေါ့မည်

RangonNewsDaily:: December . 25 .2013
လွန်ခဲ့သည့်ရက်ပိုင်းက အအေးပိုမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ယခုရက်မှစ၍ မြန်မာတစ်ပြည်လုံး အတိုင်း

အတာနှင့်အအေးပေါ့မည်ဟုမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက် တာသန်းနိုင်
က ဒီဇင်ဘာ ၂၃ ရက်က မဇ္ဈိမကို ပြောကြားလိုက်သည်။ ဒီဇင်ဘာ တတိယအပတ် ခန့်မှန်းချက်အရ ညအပူ
ချိန်အခြေအနေမှာ စစ်ကိုင်းအထက်ပိုင်း၊ ကချင်ပြည် နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ဒီဇင်ဘာလ
၏ ပျမ်းမျှအပူချိန်တို့အောက် အနည်းငယ်လျော့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်ဒီဇင်ဘာလ ပျမ်းမျှ
အပူချိန်ခန့်သာ ရှိမည်ဖြစ်သည်။
“ဒီနေ့ ပုံမှန်လောက် ရှိသွားတယ်။ ညအပူချိန် ပြန်တက်လာပြီး ရက်ဆက်ကြာတော့ အေးတယ်လို့ ခံစား ရ
တယ်။မှတ်တမ်းအရနည်းနည်းပြန်တက်လာတယ်”ဟု ဦးသန်းနိုင်က ဆိုသည်။ ဒီဇင်ဘာ ၁၆ ရက်က အအေး
ပိုမည်ဟု ကြေညာခဲ့သေးသည်။

ဇန်န၀ါရီ၊ ဖေဖော်ရီလ ဆောင်းတွင်းကာလဖြစ်၍ အေးမည့်အခြေအနေ တစ်ကြိမ်လောက်ရှိသေးပြီး ရန်ကုန်

မြို့တွင်နေထိုင်သူ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက “အရင်ရက်တွေ အရမ်းအေးတယ်။ နေ့ခင်းဘက်
တောင် အနွေးထည်ဝတ်ထားရတယ်။ အခုတော့ အအေးလျော့လာတယ်လို့ ခံစားရတယ်”ဟု ပြောသည်။

ပြည်နယ်နှင့်တိုင်းတစ်ခုစီတွင်ပုံမှန်ဒီဂရီစင်တီဂရိတ် ရှိသည်။ မိုးလေ၀သမှတ်တမ်းများနှင့် နှစ် ၃၀ စာ နည်း

လမ်းများ ရှာထားပြီး ယင်းကို ပုံမှန်ဟု သတ်မှတ်သည်။

၁၉၉၉ ခုနှစ်က လာနီညာရှိသည့်အတွက် တစ်ပြည်လုံးအတိုင်းအတာနှင့် စံချိန်တင်ခဲ့ပြီး ယခုအခါတွင် ယင်း

အခြေအနေလောက် မရှိဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးမှူးက ပြောသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment