Pages

Wednesday, December 25, 2013

ဟန်းဆက်ရူး ကျောင်းသားလူငယ် ဆယ်ဦး ဖုန်းဆိုင်ကိုဖောက်ထွင်း

RangonNewsDaily:: December . 25 .2013
ဆံပင်ထိုးထိုးထောင်ထောင်ဖြစ်အောင် ဆေးဆိုး၊ဂျယ်လိမ်း၊ ကျောပိုးအိတ်လွယ်ပြီး ဒီဇိုင်းအလန်းဖြင့် လူငယ်

လေးအများစုလက်ထဲတွင် ဖုန်းကိုယ်စီဖြင့် ဖေ့စ်ဘွတ်ခ် သုံး၊ ဂိမ်းကစား၊ နားကြပ်တပ်ဆင်ကာ သီချင်း နား
ထောင်၊အင်တာနက်သုံးစွဲလာသည့် ဟန်းဖုန်းရူးသွပ်မှု မြင်ကွင်းများသည် ယနေ့ခေတ် ဆယ်ကျော်သက် လူ
ငယ်လေးများ၏ ပုံရိပ်တစ်ခု ဖြစ်လာနေပြီး ထိုရူးသွပ်မှုကပင် တစ်ခါတစ်ရံတွင် သူတို့အား လမ်းမှားသို့ တွန်း
ပို့ သလိုဖြစ် သွား တတ်သည်။
ဖုန်းဟန်းဆက်တစ်လုံး၏ ပေါက်ဈေးသည် ဟန်းဆက်အ မျိုးအစားပေါ်မူတည်ပြီး ကျပ် သိန်းဂဏန်းဝန်းကျင်
ပေါက် ဈေးရှိရာ လူငယ်တိုင်း သုံးစွဲနိုင် ကြသည်တော့ မဟုတ်ပေ။ ခေတ်လူငယ်လေးများ ပီပီ လှိုင်မြို့နယ်အ
တွင်းမှလူငယ်လေးရှစ်ဦးသည်လည်း သူ များနည်းတူ ထိုသို့သောဟန်း ဆက်များကို ကိုင်ချင်သုံးချင် ကြသည့်
ဖုန်းခရေဇီများဖြစ်ကြ သည်။ 

သို့ရာတွင် ကျောင်းသား လူငယ်ဖြစ်သည်က တစ်ကြောင်း အခြေခံလူတန်းစား မိသားစု များမှ မွေးဖွား လာ ကြသူများ ဖြစ်သည်က တစ်ကြောင်းတို့ ကြောင့် သူတို့အဖို့ ဝယ်မကိုင် နိုင်ကြပေ။

ဒီဇင်ဘာ၆ရက် ညတွင် လှိုင်မြို့နယ်၊ သံလမ်းရှိ ဟန်း ဆက် အရောင်းဆိုင်တစ်ဆိုင် ကို အဆိုပါလူငယ်ဆယ်

ဦးတို့ဝင်ရောက် ဖောက်ထွင်းခိုးယူ ခဲ့ကြသည်။ ထိုသို့ ခိုးယူခဲ့ကြပြီး ရရှိ လာခဲ့သည့် ဟန်းဆက်များကို အချင်း
ချင်းခွဲဝေယူခဲ့ကြပြီး ယင်း တို့အနက်မှ သုံးဦးက ဟန်းဆက် ကိုးလုံးနှင့် ငွေသုံးသောင်းယူကာ မွန်ပြည်နယ် ကျိုက်ထီးရိုးသို့ ဘုရားဖူးထွက်ခဲ့ကြသည်။ 

ကျိုက် ထီးရိုးတွင် ပါလာသည့်ပိုက်ဆံ များမလုံလောက်သဖြင့် ကျိုက် ထီးရိုးမုခ်ဝအနီးရှိ ရွှေနန်းကျင် နတ်နန်း အလှူခံရာနေရာမှ ငွေ ခုနစ်ထောင်ကို ခိုးယူခဲ့ရာ ကျိုက် ထီးရိုးလုံခြုံရေးရဲများက တွေ့ ရှိပြီး ယင်းတို့သုံးဦးကို ကလေးများဖြစ်နေသည့်အတွက်အပြစ် ပေးသည့်အနေဖြင့် ကတုံးတုံး ကာ ကင်မွန်းစခန်းတောင်ခြေ သို့ ပြန်
လွှတ် ရာ တွင် ရန်ကုန် ၌ကျူးလွန်ခဲ့သည့် ဖောက်ထွင်း မှုနှင့်ဆက်စပ်နေကြောင်း သိ ရှိရသဖြင့် ရန်ကုန်ရဲတ
ပ်ဖွဲ့နှင့် ပူးပေါင်းကာ ဒီဇင်ဘာ၁၂ရက် တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ပြစ် မှုကျူးလွန်ခဲ့သည့် အသက်၁ရ နှစ်အရွယ် ကျော်ကျော်(အမည် လွှဲ)က ''ကျွန်တော်

တို့ ဟန်းဆက် အကောင်းစားနဲ့ ဖုန်းတွေကိုင် ချင်လွန်းအားကြီးလို့ အခုလို မလုပ်သင့်တာကို လုပ်မိကြတာ ပါ။ အခုတော့ နောင်တရ နေ ပြီ။ 

ဒါပေမဲ့ ကျွန်တော့် အသက် က ၁ရနှစ်ထဲကိုရောက်နေလို့ ကျွန်တော့်သူငယ်ချင်းတွေလို သန်လျင်က လူငယ်
ထိန်းသိမ်း ရေးစခန်းမှာမနေရဘူးတဲ့။ အင်း စိန်ထောင်ကိုပဲ ပို့မယ်လို့ပြော တယ်။ ကျွန်တော်တို့ အခုတော့ မှားမှန်း သိပါပြီ''ဟု ပြောသည်။

ကျော်ကျော်က ''ကျွန်တော် တို့ သုံးယောက်ဆီမှာ ဟန်းဆက် ကိုးလုံးနဲ့ ငွေသုံးသောင်းပဲပါ တယ်။ ဒါနဲ့ ကျိုက်

ထီးရိုးတက်တာ။ရလာတဲ့ဖုန်းတွေကို သူ ငယ်ချင်းတွေလဲ ခွဲပေးတယ်။ ကျွန်တော်တို့လဲ ယူထားတယ်။ ကျိုက်
ထီးရိုးကို ရထားနဲ့သွား တာ။ ဟိုရောက်တော့ ပိုက်ဆံ မလောက်လို့ ရင်ပြင်တော်က ရွှေနန်းကျင်နတ်ရုပ်ကို ပူဇော် တဲ့ပိုက်ဆံထဲက ခုနစ်ထောင်ကို ယူခဲ့တာ။ ကင်မွန်းစခန်းတောင် ခြေမှာမိတယ်။ 

ဒါနဲ့ ကလေး တွေ နောက်မလုပ်နဲ့ဆိုပြီး ခေါင်း တုံးတုံးပြီး လွှတ်လိုက်တယ်။ နောက်တော့ ရဲတွေက ရန်ကုန်
ဖောက်ထွင်းမှုတစ်ခုနဲ့လဲ ဆက် စပ်တယ်လို့ သတင်းရထားတယ် ဆိုပြီးတော့ ကျွန်တော်တို့ကို လာခေါ်တဲ့ ရဲ
တွေလက်ထဲထည့် ပြီးရန်ကုန်ကိုရောက်လာတာ ပဲ။ အခုတော့ ကျွန်တော်တို့ မှားမှန်းသိပါပြီ''ဟု ပြောသည်။

ယင်းဖြစ်စဉ်တွင် ပါဝင် သည့် တခြားသောလူငယ်ခြောက် ဦးကို လှိုင်မြို့နယ်ရှိ ယင်းတို့ ၏နေအိမ်များမှာပင် ဒီဇင်ဘာ၁၁ရက်ကဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ယခုပြစ်မှုကျူးလွန်သော ကလေးများမှာ အသက်

၁၃နှစ်၊ ၁၄နှစ်၊ ၁၅နှစ်အရွယ် လူငယ် များဖြစ်ပြီး ၎င်းတို့ထဲမှလေးဦး မှာ လှိုင်မြို့နယ် အလက(၄)၊ အထက
(၁)နှင့် အထက(၄)တို့ တွင် ပညာသင်ကြားနေသော ကျောင်းသားများဖြစ်ကြောင်း၊ ၎င်းတို့မှာ လှိုင်မြို့နယ် (၁)ရပ် ကွက်၊ (၅)ရပ်ကွက်နှင့် (၇)ရပ် ကွက်တွင် နေသူများဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ အဆိုပါအမှုကိုစစ်ဆေးသော လှိုင် မြို့နယ်မှ အမှုစစ်ဒုရဲအုပ်ကိုကို ဝင်းက ''ကလေးတွေ

ကို ကျွန် တော်တို့က အတင်းအဓမ္မဖမ်း တာလဲ မဟုတ်ပါဘူး။ ပျောက် တဲ့ကလေးတွေကိုရှာပြီး ခေါ် တယ်ဆို
တဲ့ သဘောမျိုးပါပဲ။ 

သူတို့တွေက လူငယ်တွေစုပြီး ပျော်ပျော်ပါးပါးနဲ့ကိစ္စတစ်ခုကို အတူလုပ်လိုက်ကြတဲ့ သဘော လိုပဲ။ မေးရင်
လဲ အမှန်အတိုင်း ဖြေတယ်။ ဒါပေမဲ့ သူတို့ကျူး လွန်ထားတဲ့ ပြစ်မှုတွေကိုတော့ ပိတ်သိမ်းလို့မရဘူး။ စာရိတ္တ မှုနဲ့ ဆိုင်တယ်။ အခု လှိုင်ရဲ စခန်းမှာ တစ်ယောက်ချုပ်ထား တယ်။ 

 နောက်ရှစ်ယောက်က သန်လျင် လူငယ်ထိန်းသိမ်းရေး စခန်းမှာ။ သူတို့တွေအနေနဲ့ အမှုတော့ ရင်ဆိုင်ရ
လိမ့်မယ်။ တစ်ယောက်ကတော့ လွတ်နေ သေးတယ်။ သက်သေခံပစ္စည်း တချို့ကိုလဲရထားပြီးပြီ။ ကျန်တဲ့ ပစ္စည်းတွေကိုတော့ ဆက်လက် ရှာဖွေနေတယ်။ သူတို့ ကလေး တွေကို အတင်းအကျပ်မေးရ တာမျိုးမရှိဘူး။ အကုန်အမှန် ဖြေတယ်''ဟုပြောသည်။

ဖောက်ထွင်းခံရသောလှိုင် မြို့နယ် သံလမ်းရှိ family ဟန်း ဖုန်းနှင့် ဟန်းဆက်ပစ္စည်းများ အရောင်းဆိုင်ပိုင်

ရှင် ကိုရာဇာ က ''ကျွန်တော်က ဆိုင်ကို နံနက် ၁ဝနာရီကနေ ည၁ဝနာရီအထိ ဖွင့်တာ။ နှစ်ယောက်ဝင်ပြီး
တော့ ခေါင်မိုးကနေ ဖောက်သွားတာ။ ဟန်းဆက် ၉၂လုံးပါသွားတယ်။ 

ဖုန်းငွေဖြည့်ကတ်၊ စပီကာ၊ နား ကြပ်တွေနဲ့ ငွေနှစ်သိန်း စုစု ပေါင်း သိန်း၆ဝနီးပါးလောက် ခိုးခံလိုက်ရတာ။ ရဲစခန်းက အ တတ်နိုင်ဆုံး ရှာပေးလို့ အခု ဟန်းဆက်၃၁လုံး ပြန်ရပြီလို့ တော့ သိရတယ်။ တကယ့်ဝါ ရင့် 
ဖောက်ထွင်းသမားတွေလို လုပ်တာ။ 

ကျွန်တော်ကတော့ ဆိုင်က ပစ္စည်းတွေပြန်ရရင်ပြီး ပြီ။ ကလေးတွေကိုလဲ ဘာပြ ဿနာမှ မလုပ်စေချင်ဘူး။ ဒီ ကလေးတွေနဲ့ပတ်သက်ပြီး မိဘ တွေက စနစ်တကျ သွန်သင် ဆုံးမ ဖို့လို ပါတယ်''ဟု ပြောသည်။

အဆိုပါကလေးများနှင့် ပတ်သက်သည့်အမှုကို ဒီဇင်ဘာ ၃ဝရက်တွင် ရန်ကုန်ရှိ ကလေး သူငယ်များ တရား

ရုံးတွင်စစ် ဆေးမည်ဖြစ်ကြောင်း၊ယင်း နေ့အမှုအခြေအနေကို ကြည့် ပြီးလုပ်ဆောင်စရာများကို ဆက် လက်
လုပ်ဆောင် သွားမည်ဖြစ် ကြောင်း၊

 ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူတစ်ဦး၏ ဖခင်ဖြစ် သူက စိတ်မကောင်းဖြစ်သော အမူအရာဖြင့် ''ကျွန်တော့်
သား လေးကို အဲဒီအမှုမှာပါဝင်ပတ် သက်တယ်လို့ဆိုပြီး အိမ်ကို ရဲ နဲ့ (၇)ရပ်ကွက်ဥက္ကဋ္ဌတွေ လာ ပြီး လှိုင်ရဲ
စခန်းကိုလွန်ခဲ့တဲ့တစ် ပတ်ကျော်က ခေါ်သွားတာ။ အခုတော့ ကလေးမိဘတွေစု ပြီး အခိုးခံရတဲ့ဖုန်းဆိုင်ပိုင်
ရှင်ကို တောင်းပန်မယ်လို့တော့ စိတ် ကူးထားတာပဲ။ 

သားက အခု သန်လျင်က လူငယ်ထိန်းသိမ်း ရေးစခန်းမှာ။ ဒါပေမဲ့ ဒီဇင် ဘာ၃ဝ ရက်ကျရင် ကလေးသူ ငယ်
များတရားရုံးမှာ အမှုရင် ဆိုင်ဖို့ရှိတယ်။ ဘယ်လိုတွေဖြစ် မလဲတော့မသိဘူး။ ကျွန်တော့် သားက ရှစ်တန်း
တက်နေတဲ့ ကျောင်းသားလေးပါ။ စာလဲ တော်ပါတယ်။ 

အပေါင်းအသင်း မှားလို့ ဒီလိုမ ဖြစ်သင့် တာတွေ ဖြစ်သွားခဲ့တာပါ။ အရမ်းစိတ် မကောင်းဖြစ်ရတယ်။ သား
လေး က ကျွန်တော်တို့ကိုတွေ့တော့ နောက်ဆိုရင် အပြင်ကို ထွက် မလည်တော့ပါဘူး။ မိဘစကား တွေပဲ နားထောင်တော့မယ်ဆို ပြီး ပြောတာမြင်ရတော့အရမ်းစိတ်မ ကောင်းဖြစ်မိတယ်။ ဘယ် လိုလုပ်ရမလဲ မသိ
ပါဘူးဗျာ''ဟု ပြောသည်။

ကျော်မြတ်ဇံ
Yangon Media

0 comments:

Post a Comment