Pages

Wednesday, December 25, 2013

FIFA ကမ္ဘာ့ဖလား မြန်မာနိုင်ငံသို့ ရောက်ရှိ

Photo

RangonNewsDaily:: December . 25 .2013
ဘောလုံး လောကတွင် ဂုဏ်ရှိန် ထည်ဝါမှု အမြင့်မားဆုံး ဖြစ်သည့် FIFA ကမ္ဘာ့ဖလား ကြီးသည်ဒီဇင်ဘာ 25 ရက် နေ့ လယ်၁နာရီက အိန္ဒိယနိုင်ငံကိုးလ် ကတ္တားမြို့ မှမြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်
သိုကိုကာကိုလာမှ ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။။မြန်မာနိုင်ငံ သို့ ပထမဆုံး အကြိမ် ယူဆောင် လာမည့် FIFA ကမ္ဘာ့ဖလားကြီး နှင့် မြန်မာ ပရိသတ် တွေ့ဆုံ
ပွဲတွင်အဆိုပါဖလားကြီးကိုဒီဇင်ဘာလ 26 ရက်နေ့ တွင် တက်ရောက်သူ များအနေဖြင့် ကမ္ဘာ့ဖလား ကို အနီး
ကပ် ကြည့်ရှု နိုင်မည့်အပြင်ကမ္ဘာ့ဖလား နှင့်အတူဓာတ်ပုံများရိုက်ယူ နိုင်ကြပြီးအံ့သြမင်တက် လောက်မည့်
3D ဟော်လိုဂရမ်တင်ဆက်မှု များ၊ကစားပွဲ အစီအစဉ်များ ၊ ဂီတ ဖျော်ဖြေ တင်ဆက်မှုများ ၊ မြန်မာ့ လက်ရွေး
စင် ဘောလုံး အသင်းနှင့် တွေ့ဆုံ နှုတ်ဆက် နိုင်မည့် အစီအစဉ် များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရ
သည်။
 
အဆိုပါ2014 FIFA World Cup၏ဆုဖလားခရီးစဉ် အတွင်း ကမ္ဘာ တစ်ဝန်းမှ လူတစ်သန်းကျော် သည် ဘော
လုံး လောက၏ တန်ဖိုး အထားဆုံး ဆုတစ်ဆု ကို ကိုယ်တိုင် မြင်တွေ့ခွင့် ရရှိမည် ဖြစ်ကာ ယင်း ဆုဖလားကို ယခင်က တစ်ကြိမ်မှ လက်ခံ ပြသခဲ့ ဖူးခြင်း မရှိသေးသော မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း 90 သို့ ပထမ
ဆုံး အကြိမ် လှည့်လည်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 
 
သတင်း၊ ဓာတ်ပုံ- အောင်ဇော်မင်း

Popular Journal , kolatt(PBDN)
RangonNewsDaily
Photo

Photo

Photo

0 comments:

Post a Comment