Pages

Wednesday, December 25, 2013

ဘုရင့်နောင်ရှိ စကားဝါမြေ တည်းခိုခန်းတွင် ကျောက်ငရုတ်ကျည်ပွေ့ဖြင့် ထုနှက်လုယက်

RangonNewsDaily:: December . 25 .2013
မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိစကားဝါမြေတည်းခိုခန်း၏ လေးလွှာ

မြောက် အခန်းတစ်ခုတွင် ဒီဇင်ဘာလ ၂၂ ရက် နံနက် ၂ နာရီခန့်က လာရောက်တည်းခိုသူ အမျိုးသမီးနှစ်ဦး
ကို အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးက ကျောက်ငရုတ် ကျည်ပွေ့ဖြင့် ထုနှက်ကာ ငွေများ လုယူသွားခဲ့
ကြောင်း ဘုရင့်နောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ အမျိုးသမီးနှစ်ဦး တည်းခိုရာအခန်းကို တံခါးခေါက်သံ ကြားသဖြင့် တံခါး ဖွင့်ကြည့်ရာမှ တည်းခိုခန်း
တွင် လာတည်းခိုသူ ကိုဇေယျာဦးက အခန်းအတွင်းသို့ ဝင်လာကြောင်း၊ ယင်းနောက် ကျောက်ငရုတ်ကျည်
ပွေ့ဖြင့် အမျိုးသမီးနှစ်ဦးကို ရိုက်နှက်ကာ ငွေများကို လုယူခဲ့ပြီး အမျိုးသမီး နှစ်ဦးကို လေးလွှာပြတင်းပေါက်
မှ အောက်သို့ ခုန်ချ စေခိုင်းသောကြောင့် အမျိုးသမီး နှစ်ဦးတွင် ဖူးရောင်သွေးထွက် ဒဏ်ရာများဖြင့် မြေ
ကြီးပေါ် လဲကျခဲ့ကြောင်း အမှုဖွင့်လှစ်သူ၏ တိုင်ကြားချက်အရ သိရှိရသည်။

"လုယက်သူက အခန်းမှားပြီး တံခါးခေါက်သလိုနဲ့ အလစ်ဝင်လုတာ။ သူက ဘုရင့်နောင်လမ်းပေါ်မှာ ရှိတဲ့ မိုး

ပွင့်တည်းခိုခန်းမှာ သွားတည်းနေတာကို သတင်းရတာကြောင့် ဖမ်းမိခဲ့တာ" ဟု အမှု စစ်ဆေးသည့် ရဲအရာ
ရှိက ပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ်မှ အသက် ၂၅ နှစ်အရွယ် မနွယ်နွယ်စိုး နှင့် ၄င်း၏အစ်မ မရီရီချို တို့သည် ငါးခြောက်ရောင်းရန် ရောက်ရှိလာစဉ် လုယက်ခံရခြင်း ဖြစ်ပြီး လတ်တလောတွင် ၄င်းတို့သည် ရန်

ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း ဘုရင့်နောင်နယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါလုယက်မှုနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သော စကားဝါမြေ တည်းခိုခန်းကို ဆက်သွယ် မေးမြန်းသော်

လည်း ဖြေကြားခြင်း မရှိပေ။

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကမာကျေးရွာတွင် နေထိုင်သည့် လုယက်သူဟု တိုင်ကြားခံရသည့် ကိုဇေ

ယျာဦးကို (ပ) ၄၅၆/၁၃၊ ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်
ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာ ရပ်ကွက်တွင် နေထိုင်

သူ အသက် ၄၃ နှစ် အရွယ် အမျိုးသမီးတစ်ဦး နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် နှာခေါင်းစည်း တပ်ထား
သော အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး ကျောက်ငရုတ်ကျည်ပွေ့ဖြင့် ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေး
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time