Pages

Wednesday, December 25, 2013

တောင်ငူမြို့ မြို့လယ်အရောင်းဆိုင်များ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ကျပ်သိန်းပေါင်း ထောင်ချီဆုံးရှုံး

တောင်ငူမြို့ မြို့လယ်အရောင်းဆိုင်များ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ကျပ်သိန်းပေါင်း ထောင်ချီဆုံးရှုံး


kolatt(PBDN): December . 25 .2013

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ဒီဇင်ဘာ ၂၄ ရက်၊ နံနက် ၁ နာရီခန့်က မြို့လယ်ရှိ နာမည်ကြီး အရောင်းဆိုင်များ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ကျပ်သိန်းပေါင်း ထောင်ဂဏန်းအထိ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
::
“မီးလောင်တော့ ကျွန်တော်က ရန်ကုန်ရောက်နေတာ။ ဖုန်းဆက်မှ သိရတာ။ ကျွန်တော့်ဆိုင်က Huawei ပစ္စည်းတွေချည်းပဲ ကျပ်သိန်း ၁၀၀၀ ကျော်ဖိုးလောက် ဆုံးရှုံးသွားတယ်။ အခြား Accessory တွေလည်း တော်တော်များများ မီးလောင်တဲ့အထဲ ပါသွားတယ်” ဟု တောင်ငူမြို့လယ်ရှိ “၀င်းကမ္ဘာ” မိုဘိုင်းပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ကိုရန်နောင်က ဆိုသည်။

“မီးလောင်တော့ ၀င်းကမ္ဘာနဲ့ ၀င်းသီရိ ဆိုင်နှစ်ခုကြားထဲက 
မီးလုံးကြီးတွေတက်လာတာ တွေ့ရတယ်။ 
::
အဲဒီအချိန်ကျတော့မှ ကျွန်တော်က သံချောင်းစခေါက်တာ။ ပြီးတော့မှ ကျွန်တော်တို့ဘဏ်က အကြီးအကဲဆီကို ဖုန်းလှမ်းဆက်တာ။ မီးကတော့မနက် ၃ နာရီခွဲ ၄ နာရီလောက်မှ ငြိမ်းသွားတယ်” ဟု မီးလောင်ဆိုင်ခန်းများ၏ မျက်နှာချင်းဆိုင်မှ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် ညစောင့်လုပ်သား ကိုကိုဇင်က ပြောကြားသည်။

မီးလောင်ကျွမ်းမှုသည် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ နာရီဝန်းကျင်က စတင်လောင်ကျွမ်းခဲ့ရာ တောင်ငူခရိုင်အတွင်းရှိ မီးသတ်ကား ၁၁ စီး၊ မီးသတ်အင်အား ၉၀ ၀န်းကျင်ခန့်ဖြင့် နံနက် ၄ နာရီ ၀န်းကျင်ခန့်တွင် မီးညွန့်ကျ ငြှိမ်းသတ်နိုင်ခဲ့ပြီး “၀င်းသီရိ” လက်ဖက်အကြော်စုံ၊ 
::
“၀င်းကမ္ဘာ” ဖုန်းဆိုင်၊ “စိုးရတနာ” ရွှေဆိုင်နှင့် အထည်ဆိုင်လုပ်ငန်းအိမ်တို့၏ အိမ်နှင့်ဆိုင်များ၊ ပစ္စည်းများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရာ ကျပ်သိန်းပေါင်း ထောင်ဂဏန်းနှင့်အထက် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သော်လည်း လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် “၀င်းသီရိ” အကြော်စုံဆိုင်ပိုင်ရှင် ဦးသန်းထူးအား တောင်ငူမြို့နယ်၊ အမှတ် (၁) ရဲစခန်းမှ (ပ) ၆၃၇/၂၀၁၃၊ ပြစ်မှုပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူထားပြီး မီးစတင်လောင်ကျွမ်းမှုမှာ ဦးသန်းထူးပိုင် “၀င်းသီရိ” ပဲကြော်လုပ်ငန်း၏ (အာရ်စီ) နှစ်ထပ်အဆောက်အအုံ ၀ိုင်ယာကြိုးများ အပူလွန်ကဲရာမှ စတင်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း အမှုဖွင့်ချက်အရ သိရသည်။
::
ထိုကဲ့သို့ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး မည်သည့်အိမ်က စတင်လောင်ကျွမ်းကြောင်း အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်နေပြီး အမှုဖွင့်ခံထားရသူ ဦးသန်းထူးက ၎င်းအိမ်မှ စတင်လောင်ကျွမ်းခြင်း မဟုတ်ကြောင်း၊ ၀ိုင်ယာကြိုးများ ရှော့ဖြစ်သည်မှာလည်း မဟုတ်မှန်ကြောင်း၊ 

အဆိုပါအိမ်နှင့်ဆိုင်မှာ လူနေခြင်းမရှိဘဲ နေ့စဉ်မနက် ၈ နာရီ ဆိုင်ဖွင့်ကာ ည ၈ နာရီတွင် ဆိုင်ပိတ်ပြီး၊ မီးနှင့်ပတ်သက်သော မိန်းခလုတ်များ ချထားကြောင်း၊ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေစဉ် ည ၁ နာရီ ၃၇ မိနစ်တွင် ၎င်းပိုင်အိမ်သို့ ရောက်ရှိခဲ့ရာ ၎င်းအိမ်မှာ မီးလောင်ကျွမ်းမှု မရှိသေးကြောင်း ငြင်းဆိုလျက်ရှိသည်။
::
တောင်ငူမြို့လယ်ရှိ နာမည်ကြီး အရောင်းဆိုင်များ မီးလောင်ကျွမ်းနေမှုကို ဒီဇင်ဘာ ၂၄ ရက် နံနက်အစောပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)

Eleven Media ::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: December . 25 .2013
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်ဒီဇင်ဘာ၂၄ ရက်၊နံနက် ၁ နာရီခန့်က မြို့လယ်ရှိ နာမည်ကြီး အရောင်း
ဆိုင်များမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီးကျပ်သိန်းပေါင်း ထောင်ဂဏန်းအထိပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း 
သိရသည်။“မီးလောင်တော့ ကျွန်တော်က ရန်ကုန်ရောက်နေတာ။ ဖုန်းဆက်မှ သိရတာ။ ကျွန်တော့်ဆိုင်က Huawei ပစ္စည်းတွေချည်းပဲကျပ်သိန်း ၁၀၀၀ ကျော်ဖိုးလောက်ဆုံးရှုံးသွားတယ်။အခြားAccessory တွေလည်း တော်
တော်များများ မီးလောင်တဲ့အထဲ ပါသွားတယ်” ဟု တောင်ငူမြို့လယ်ရှိ “၀င်းကမ္ဘာ” မိုဘိုင်းပစ္စည်း အရောင်း
ဆိုင်ပိုင်ရှင် ကိုရန်နောင်က ဆိုသည်။

“မီးလောင်တော့ ၀င်းကမ္ဘာနဲ့ ၀င်းသီရိ ဆိုင်နှစ်ခုကြားထဲက မီးလုံးကြီးတွေတက်လာတာ တွေ့ရတယ်။
::
အဲဒီအချိန်ကျတော့မှ ကျွန်တော်က သံချောင်းစခေါက်တာ။ ပြီးတော့မှ ကျွန်တော်တို့ဘဏ်က အကြီးအကဲဆီ
ကို ဖုန်းလှမ်းဆက်တာ။ မီးကတော့မနက် ၃ နာရီခွဲ ၄ နာရီလောက်မှ ငြိမ်းသွားတယ်” ဟု မီးလောင်ဆိုင်ခန်း
များ၏ မျက်နှာချင်းဆိုင်မှ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် ညစောင့်လုပ်သား ကိုကိုဇင်က ပြောကြားသည်။

မီးလောင်ကျွမ်းမှုသည် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ နာရီဝန်းကျင်က စတင်လောင်ကျွမ်းခဲ့ရာ တောင်ငူခရိုင်
အတွင်းရှိ မီးသတ်ကား ၁၁ စီး၊ မီးသတ်အင်အား ၉၀ ၀န်းကျင်ခန့်ဖြင့် နံနက် ၄ နာရီ ၀န်းကျင်ခန့်တွင် မီးညွန့်
ကျ ငြှိမ်းသတ်နိုင်ခဲ့ပြီး “၀င်းသီရိ” လက်ဖက်အကြော်စုံ၊
::
“၀င်းကမ္ဘာ” ဖုန်းဆိုင်၊ “စိုးရတနာ” ရွှေဆိုင်နှင့် အထည်ဆိုင်လုပ်ငန်းအိမ်တို့၏ အိမ်နှင့်ဆိုင်များ၊ ပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရာကျပ်သိန်းပေါင်း ထောင်ဂဏန်းနှင့်အထက် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သော်လည်း
လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့်“၀င်းသီရိ” အကြော်စုံဆိုင်ပိုင်ရှင် ဦးသန်းထူးအား တောင်ငူမြို့နယ်၊ အမှတ်
(၁) ရဲစခန်းမှ (ပ) ၆၃၇/၂၀၁၃၊ ပြစ်မှုပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူထားပြီး မီးစတင်လောင်ကျွမ်းမှုမှာ ဦးသန်းထူးပိုင် “၀င်းသီရိ” ပဲကြော်လုပ်ငန်း၏ (အာရ်စီ) နှစ်ထပ်အဆောက်အအုံ ၀ိုင်ယာကြိုးများ အပူလွန်
ကဲရာမှ စတင်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း အမှုဖွင့်ချက်အရ သိရသည်။
::
ထိုကဲ့သို့ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး မည်သည့်အိမ်က စတင်လောင်ကျွမ်းကြောင်း အငြင်းပွားဖွယ်ရာ
များ ဖြစ်ပေါ်နေပြီး အမှုဖွင့်ခံထားရသူ ဦးသန်းထူးက ၎င်းအိမ်မှ စတင်လောင်ကျွမ်းခြင်း မဟုတ်ကြောင်း၊ ၀ိုင်
ယာကြိုးများ ရှော့ဖြစ်သည်မှာလည်း မဟုတ်မှန်ကြောင်း၊

အဆိုပါအိမ်နှင့်ဆိုင်မှာလူနေခြင်းမရှိဘဲ နေ့စဉ်မနက် ၈ နာရီ ဆိုင်ဖွင့်ကာ ည ၈ နာရီတွင် ဆိုင်ပိတ်ပြီး၊ မီးနှင့်
ပတ်သက်သော မိန်းခလုတ်များ ချထားကြောင်း၊ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေစဉ် ည ၁ နာရီ ၃၇ မိနစ်တွင် ၎င်းပိုင်အိမ်သို့ ရောက်ရှိခဲ့ရာ ၎င်းအိမ်မှာ မီးလောင်ကျွမ်းမှု မရှိသေးကြောင်း ငြင်းဆိုလျက်ရှိသည်။
::
တောင်ငူမြို့လယ်ရှိ နာမည်ကြီး အရောင်းဆိုင်များ မီးလောင်ကျွမ်းနေမှုကို ဒီဇင်ဘာ ၂၄ ရက် နံနက်အစော
ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)

Eleven Media ::--kolatt(PBDN)
RangonNewsDaily



See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment