Pages

Wednesday, December 25, 2013

မြန်မာဝန်ထမ်း နှစ်သောင်းကျော် ကိုကာကိုလာ ခန့်ထားမည်ဟုဆို

Photo: မြန်မာဝန်ထမ်း နှစ်သောင်းကျော် ကိုကာကိုလာ ခန့်ထားမည်ဟုဆို
Wednesday, December 25, 2013

ပြည်တွင်းတွင် စက်ရုံနှစ်ခု တည်ထောင်၍ အချိုရည် ထုတ်လုပ်နေသော ကိုကာကိုလာက ပြည်တွင်းရှိ လုပ်ငန်းများတွင် တာဝန် ထမ်းဆောင်ရန် ဝန်ထမ်း အရေအတွက် ၂၂,၀၀၀ အထိ ခန့်ထားမည် ဖြစ်ကြောင်း CocaCola Myanmar မှ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Rehan Khan က ပြောကြားသည်။
“အခုလောလောဆယ် ကိုကာကိုလာက တိုက်ရိုက် ခန့်ထားတာ ဝန်ထမ်း ၁၁,၀၀၀ ရှိနေပါပြီ” ဟု ၎င်းကဆိုသည်။

ယခင်က ကုန်ကြမ်းပစ္စည်း အချို့ကို ပြည်ပမှ တင်သွင်းနေရသော်လည်း နောက်ပိုင်းတွင် အချို့ကို ကိုယ်တိုင် ထုတ်လုပ်မည်ဖြစ်ကာ အချို့ကို ပြည်တွင်း ကုန်ကြမ်း ထုတ်လုပ်သူများထံမှသာ ရယူသွားမည် ဖြစ်သောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ကိုကာကိုလာ မြန်မာမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“ပြည်ပကုမ္ပဏီတွေ များများဝင်လာရင် အလုပ်အကိုင် အခွင့်အလမ်း များလာဦးမှာပဲ။ ဒီတိုင်းပြည်မှာက လူဦးရေ ၃၆ သန်းလောက်က အလုပ်လုပ်နိုင်တယ် ဆိုပေမဲ့ Skilled Labor (ကျွမ်းကျင် လုပ်သား) နည်းတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ Skilled Labor တွေ ထပ်လိုတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကိုကာကိုလာ ကုမ္ပဏီက မြန်မာနိုင်ငံတွင် လာမည့်သုံးနှစ်မှ ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီး မြှုပ်နှံရန် စီစဉ်ထားပြီး လက်ရှိတွင် ပြည်တွင်းရှိ ပင်းယကုမ္ပဏီနှင့် ပူးပေါင်း၍ လှိုင်သာယာနှင့် မှော်ဘီတို့တွင် အချိုရည် စက်ရုံများ တည်ထောင်ထားပြီး Coca Cola နှင့် Sprite အချိုရည်များကို ထုတ်လုပ် ဖြန့်ဖြူးနေသည်။

The Voice Weekly

RangonNewsDaily:: December . 25 .2013
ပြည်တွင်းတွင်စက်ရုံနှစ်ခုတည်ထောင်၍အချိုရည် ထုတ်လုပ်နေသော ကိုကာကိုလာက ပြည်တွင်းရှိ လုပ်ငန်း
များတွင် တာဝန် ထမ်းဆောင်ရန် ဝန်ထမ်း အရေအတွက် ၂၂,၀၀၀ အထိ ခန့်ထားမည် ဖြစ်ကြောင်း Coca
Cola Myanmar မှ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Rehan Khan က ပြောကြားသည်။“အခုလောလောဆယ် ကိုကာ
ကိုလာက တိုက်ရိုက် ခန့်ထားတာ ဝန်ထမ်း ၁၁,၀၀၀ ရှိနေပါပြီ” ဟု ၎င်းကဆိုသည်။ ယခင်က ကုန်ကြမ်းပစ္စည်း အချို့ကို ပြည်ပမှ တင်သွင်းနေရသော်လည်း နောက်ပိုင်းတွင် အချို့ကို ကိုယ်တိုင် ထုတ်လုပ်မည်ဖြစ်ကာအချို့ကို ပြည်တွင်းကုန်ကြမ်းထုတ်လုပ်သူများထံမှသာရယူသွားမည် ဖြစ်သောကြောင့်
အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ကိုကာကိုလာ မြန်မာမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ပြည်ပကုမ္ပဏီတွေ များများဝင်လာရင် အလုပ်အကိုင် အခွင့်အလမ်း များလာဦးမှာပဲ။ ဒီတိုင်းပြည်မှာက လူဦး
ရေ ၃၆ သန်းလောက်က အလုပ်လုပ်နိုင်တယ် ဆိုပေမဲ့ Skilled Labor (ကျွမ်းကျင် လုပ်သား)နည်းတယ်။ရင်း
နှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ Skilled Labor တွေ ထပ်လိုတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး
ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကိုကာကိုလာ ကုမ္ပဏီက မြန်မာနိုင်ငံတွင် လာမည့်သုံးနှစ်မှ ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီး မြှုပ်နှံရန် စီစဉ်ထားပြီး လက်ရှိတွင် ပြည်တွင်းရှိ ပင်းယကုမ္ပဏီနှင့် ပူးပေါင်း၍ လှိုင်သာယာနှင့် မှော်
ဘီတို့တွင် အချိုရည် စက်ရုံများ တည်ထောင်ထားပြီး Coca Cola နှင့် Sprite အချိုရည်များကို ထုတ်လုပ် ဖြန့်ဖြူး
နေသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment