Pages

Thursday, December 26, 2013

လှိုင်သာယာ အမှတ် ၁၅ ရပ်ကွက်တွင် ကျူးများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့

Photo: လှိုင်သာယာ အမှတ် ၁၅ ရပ်ကွက်တွင် ကျူးများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့
Thursday, December 26, 2013

ရန်ကုန်- လှိုင်သာယာမြို့နယ် အမှတ် ၁၅ ရပ်ကွက်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင်သည်ဆိုသော မြေကွက်များ၌ ကျူးကျော်တဲ အလုံးရေ ၁၀၀၀ ၀န်းကျင် ၀င်ရောက်ဆောက်လုပ်နေသော ကျူးကျော်တဲထိုးသူများ နှင့် ယင်းတဲများကို ဖယ်ရှားရန်လာသော မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ် စသည့် ၀န်ထမ်းနှစ်ရာကျော် ထိပ်တိုက်တွေ့ကာ နှစ်ဖက်အခြေအနေ တင်းမာနေသည်။ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ အမှတ် ၁၅ ရပ်ကွက်နေ ပြည်သူများက အိုးအိမ်ပိုင် မြေနေရာများပေါ်တွင် ၀ါးလုံးများဖြင့် တဲထိုးခြင်း၊ စည်းရိုးတားရန်အတွက် ခြံခတ်ခြင်း စသည်များကို ဒီဇင်ဘာ ၂၃ ရက်က စတင်ပြုလုပ်ခဲ့သည်။ 

ကျူးကျော်တဲများနှင့် တဲများဆောက်လုပ်ရန်အတွက် ချထားသော ၀ါးလုံးများကို ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်များတွင် မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ် စသည်တို့က လာရောက်ဖယ်ရှားခဲ့သည်။

ဒီဇင်ဘာ ၂၅ ရက် နံနက်တွင် အမှတ် ၁၅ ရပ်ကွက်နေ ပြည်သူများက ကန်ပတ်တာလမ်းဘေးတစ်လျှောက်တွင် တဲအလုံးရေ ၁၀၀၀ ကျော် ထိုးခဲ့သည်။ ထိုသို့ တဲထိုးမှုများကြောင့် မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ် စသည်တို့က အင်အားသုံးကာ ဖယ်ရှားရန်အတွက် လာရောက်ခဲ့သည်။ 

ထိုသို့လာရောက်သည်ကို လက်မခံဘဲ ကျူးကျော်တဲထိုးသူများက ဓားများကိုင်ဆောင်ပြီး ရန်မူသောကြောင့် ကျူးကျော်တဲထိုးသူများထဲမှ တစ်ဦးကို ဓားကိုင်မှု ပုဒ်မ ၁၉(င)ဖြင့် ဖမ်းဆီးရေးယူခဲ့ကြောင်း လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းမြင့်ဦးကပြောသည်။

“အရင်နေ့ကတည်းက ကျူးကျော်တွေက တဲတွေထိုးနေတာပါ။ ဒီနေ့မှာကို တဲအလုံးရေထိုးတာ တော်တော်များပါတယ်။ ဓားမြှောင်ကိုင်မှုနဲ့ ဖမ်းဆီးထားတာပါ။ ဆက်ပြီးအရေးယူတာက အထက်ကအမိန့်ကို စောင့်နေပါတယ်”ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူးသိန်းမြင့်ဦးကပြောသည်။

ကျူးကျော်တဲထိုးသူများသည် လက်ထဲတွင် တုတ်၊ ဓား စသည့်လက်နက်များ ကိုင်ဆောင်ထားပြီး ရဲတပ်ဖွဲ့ဝင်များ တဲများကို ၀င်ရောက်မဖျက်ဆီးနိုင်ရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၀ နာရီအထိ လမ်းအားပိတ်ဆို့ထားဆဲဖြစ်သည်။ 

ရဲတပ်ဖွဲ့၊ မီးသတ်၊ စည်ပင်နှင့် လက်မောင်းများတွင် အနီရောင်တာဝန်ဟူသည့် လက်ပတ်များ ၀တ်ဆင်ထားသော အရပ်ဝတ်လူများကလည်း ၎င်းတို့၏လက်ထဲတွင် နံပါတ်တုတ်နှင့် ၀ါးလုံးများ ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

ကျူးကျော်တဲထိုးသူ အများစုသည် ဧရာဝတီတိုင်းမှဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးအိမ်မဲ့များဖြစ်ကာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာ၍ ကျပန်းလုပ်ကိုင်နေသူများဖြစ်သည်။ ၎င်းတို့သည် လှိုင်သာယာမြို့နယ်တွင် အိမ်ငှားဖြင့် နေထိုင်ကြသူများဖြစ်သည်။ ၎င်းတို့၏ အိမ်ငှားခမှာ တစ်လလျှင် ၂၅၀၀၀ ကျပ် ပေးရပြီး ထိုအိမ်ငှားခပေးရန် အခက်အခဲများဖြစ်နေသောကြောင့် ယခုလို ကျူးကျော်တဲများထိုးရခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

“မိသားစုများလာရင် အိမ်ငှားကလည်း မနေခိုင်းတော့ဘူး။ ရတဲ့လခနဲ့ အိမ်လခပေးတာနဲ့က ဘယ်လိုမှအဆင်မပြေဘူး။ အဲဒါကြောင့် ကျူးကျော်တဲထိုးနေရတာပါ။ အရင်နေ့ကတည်းက တဲတွေထိုးတာကို ရဲတွေက လာဖယ်ရှားတယ်။ ဒီနေ့တော့ တဲအလုံးရေ တစ်ထောင်ကျော် ထိုးပြီးသွားပါပြီ။ သူတို့ လာဖျက်ဆီးမှာကြောက်လို့ လမ်းကနေ ပိတ်ထားတာပါ”ဟု အမှတ် (၁၅) ရပ်ကွက်တွင် နေထိုင်ကာ အိုးအိမ်ပိုင်မြေနေရာတွင် ဒီဇင်ဘာ ၂၅ ရက်က ကျူးကျော်တဲများထိုးထားသော ဧရာဝတီတိုင်း၊ ဟင်္သတာမြို့နယ်ဇာတိဖြစ်သူ ဒေါ်သန်းသန်းထွေးက ပြောသည်။

“အိုးအိမ်ပိုင်မြေနေရာဖြစ်တဲ့အတွက် ဘယ်လိုမှ တဲဆောက်ခွင့်မပေးပါဘူး။ တာဝန်အရ ဖယ်ရှားဖို့အတွက် လုပ်ဆောင်နေရတာပါ”ဟု လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထိန်စိုးကပြောသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန်မြေနေရာများ၊ လမ်းဘေးမြေနေရာများတွင် ကျူးကျော်တဲများ မကြာခဏ ၀င်ရောက်ဆောက်လုပ်နေမှုကြောင့် အာဏာပိုင်များနှင့် ကျူးကျော်တဲထိုးသူများ မကြာခဏ ပြဿနာဖြစ်ပွားနေသည်။ ပန်းလှိုင်မြစ်ကူးတံတားအနီးနေရာများနှင့် တွံတေးမြို့သို့သွားသော လမ်းဘေးမြေနေရာများတွင်လည်း ယခုလပိုင်းတွင် ကျူးကျော်တဲထိုးသူများက တဲအလုံးရေတစ်ထောင်ကျော် ၀င်ရောက်ဆောက်လုပ်ထားသည်။

ဓာတ်ပုံ- နစ်ကီ
7Day News Journal

RangonNewsDaily:: December . 26 .2013
ရန်ကုန်-လှိုင်သာယာမြို့နယ်အမှတ်၁၅ ရပ်ကွက်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင်သည်ဆိုသော
မြေကွက်များ၌ ကျူးကျော်တဲ အလုံးရေ ၁၀၀၀ ၀န်းကျင် ၀င်ရောက်ဆောက်လုပ်နေသော ကျူးကျော်တဲထိုးသူ
များ နှင့်ယင်းတဲများကိုဖယ်ရှားရန်လာသော မြို့နယ်ရဲတပ်ဖွဲ့၊စည်ပင်၊ မီးသတ် စသည့် ၀န်ထမ်းနှစ်ရာကျော်
ထိပ်တိုက်တွေ့ကာ နှစ်ဖက်အခြေအနေတင်းမာနေသည်။လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ အမှတ် ၁၅ ရပ်ကွက်
နေ ပြည်သူများက အိုးအိမ်ပိုင် မြေနေရာများပေါ်တွင် ၀ါးလုံးများဖြင့် တဲထိုးခြင်း၊ စည်းရိုးတားရန်အတွက် ခြံ
ခတ်ခြင်း စသည်များကို ဒီဇင်ဘာ ၂၃ ရက်က စတင်ပြုလုပ်ခဲ့သည်။

ကျူးကျော်တဲများနှင့် တဲများဆောက်လုပ်ရန်အတွက် ချထားသော ၀ါးလုံးများကို ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်များတွင် မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ် စသည်တို့က လာရောက်ဖယ်ရှားခဲ့သည်။

ဒီဇင်ဘာ ၂၅ ရက် နံနက်တွင် အမှတ် ၁၅ ရပ်ကွက်နေ ပြည်သူများက ကန်ပတ်တာလမ်းဘေးတစ်လျှောက်
တွင် တဲအလုံးရေ ၁၀၀၀ ကျော် ထိုးခဲ့သည်။ ထိုသို့ တဲထိုးမှုများကြောင့် မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ် စ
သည်တို့က အင်အားသုံးကာ ဖယ်ရှားရန်အတွက် လာရောက်ခဲ့သည်။

ထိုသို့လာရောက်သည်ကို လက်မခံဘဲ ကျူးကျော်တဲထိုးသူများက ဓားများကိုင်ဆောင်ပြီး ရန်မူသောကြောင့် ကျူးကျော်တဲထိုးသူများထဲမှ တစ်ဦးကို ဓားကိုင်မှု ပုဒ်မ ၁၉(င)ဖြင့် ဖမ်းဆီးရေးယူခဲ့ကြောင်း လှိုင်သာယာမြို့
နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းမြင့်ဦးကပြောသည်။

“အရင်နေ့ကတည်းကကျူးကျော်တွေကတဲတွေထိုးနေတာပါ။ ဒီနေ့မှာကို တဲအလုံးရေထိုးတာ တော်တော်များ
ပါတယ်။ ဓားမြှောင်ကိုင်မှုနဲ့ ဖမ်းဆီးထားတာပါ။ ဆက်ပြီးအရေးယူတာက အထက်ကအမိန့်ကို စောင့်နေပါ
တယ်”ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူးသိန်းမြင့်ဦးကပြောသည်။

ကျူးကျော်တဲထိုးသူများသည် လက်ထဲတွင် တုတ်၊ ဓား စသည့်လက်နက်များ ကိုင်ဆောင်ထားပြီး ရဲတပ်ဖွဲ့ဝင်
များတဲများကိုဝင်ရောက်မဖျက်ဆီးနိုင်ရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၀ နာရီအထိ လမ်းအားပိတ်ဆို့ထားဆဲဖြစ်
သည်။

ရဲတပ်ဖွဲ့၊ မီးသတ်၊ စည်ပင်နှင့် လက်မောင်းများတွင် အနီရောင်တာဝန်ဟူသည့် လက်ပတ်များ ၀တ်ဆင်ထား
သော အရပ်ဝတ်လူများကလည်း ၎င်းတို့၏လက်ထဲတွင် နံပါတ်တုတ်နှင့် ၀ါးလုံးများ ကိုင်ဆောင်ထားသည်ကို
တွေ့ရသည်။

ကျူးကျော်တဲထိုးသူအများစုသည်ဧရာဝတီတိုင်းမှဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးအိမ်မဲ့များဖြစ်ကာ ရန်
ကုန်မြို့သို့ ပြောင်းရွှေ့လာ၍ ကျပန်းလုပ်ကိုင်နေသူများဖြစ်သည်။ ၎င်းတို့သည် လှိုင်သာယာမြို့နယ်တွင် အိမ်
ငှားဖြင့် နေထိုင်ကြသူများဖြစ်သည်။ ၎င်းတို့၏ အိမ်ငှားခမှာ တစ်လလျှင် ၂၅၀၀၀ ကျပ် ပေးရပြီး ထိုအိမ်ငှားခ
ပေးရန် အခက်အခဲများဖြစ်နေသောကြောင့် ယခုလို ကျူးကျော်တဲများထိုးရခြင်းဖြစ်ကြောင်း ၎င်းတို့ကပြော
သည်။

“မိသားစုများလာရင်အိမ်ငှားကလည်းမနေခိုင်းတော့ဘူး။ ရတဲ့လခနဲ့ အိမ်လခပေးတာနဲ့က ဘယ်လိုမှအဆင်
မပြေဘူး။အဲဒါကြောင့်ကျူးကျော်တဲထိုးနေရတာပါ။အရင်နေ့ကတည်းက တဲတွေထိုးတာကို ရဲတွေက လာဖယ်
ရှားတယ်။ 
 
ဒီနေ့တော့တဲအလုံးရေတစ်ထောင်ကျော်ထိုးပြီးသွားပါပြီ။ သူတို့ လာဖျက်ဆီးမှာကြောက်လို့ လမ်းကနေ ပိတ်
ထားတာပါ”ဟု အမှတ် (၁၅) ရပ်ကွက်တွင် နေထိုင်ကာ အိုးအိမ်ပိုင်မြေနေရာတွင် ဒီဇင်ဘာ ၂၅ ရက်က ကျူး
ကျော်တဲများထိုးထားသော ဧရာဝတီတိုင်း၊ ဟင်္သတာမြို့နယ်ဇာတိဖြစ်သူ ဒေါ်သန်းသန်းထွေးက ပြောသည်။

“အိုးအိမ်ပိုင်မြေနေရာဖြစ်တဲ့အတွက် ဘယ်လိုမှ တဲဆောက်ခွင့်မပေးပါဘူး။ တာဝန်အရ ဖယ်ရှားဖို့အတွက် လုပ်ဆောင်နေရတာပါ”ဟု လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထိန်စိုးကပြောသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန်မြေနေရာများ၊ လမ်းဘေးမြေနေရာများတွင် ကျူးကျော်တဲများ မကြာခ
ဏ ၀င်ရောက်ဆောက်လုပ်နေမှုကြောင့် အာဏာပိုင်များနှင့် ကျူးကျော်တဲထိုးသူများ မကြာခဏ ပြဿနာဖြစ်ပွား
နေသည်။ 
 
ပန်းလှိုင်မြစ်ကူးတံတားအနီးနေရာများနှင့် တွံတေးမြို့သို့သွားသော လမ်းဘေးမြေနေရာများတွင်လည်း ယခု
လပိုင်းတွင် ကျူးကျော်တဲထိုးသူများက တဲအလုံးရေတစ်ထောင်ကျော် ၀င်ရောက်ဆောက်လုပ်ထားသည်။

ဓာတ်ပုံ- နစ်ကီ
7Day News  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment