Pages

Thursday, December 26, 2013

တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား ဖြတ်သန်းသွားလာခွင့် အချိန်နှစ်နာရီ တိုးပေး

RangonNewsDaily:: December . 26 .2013
ရန်ကုန်- ၂၀၁၄ ဇန်န၀ါရီ ၁ ရက်မှစတင်၍ မြန်မာ-ထိုင်းနယ်စပ်ချစ်ကြည်ရေးတံတား ဖြတ်သန်းသွားလာခွင့်

ကိုအချိန်နှစ်နာရီခွဲတိုးမြှင့်သတ်မှတ်လိုက်ပြီးနံနက် ၆ နာရီမှ ည၈နာရီခွဲအထိခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း
တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။ “တံတားဖွင့်လှစ်ချိန်တိုးပေးဖို့ ထိုင်းအစိုး
ရရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရကခွင့်ပြုပေးခဲ့တာပါ။ တံတားစဖွင့်ပြီးတဲ့အချိန်ကတည်းက ဒါဟာ ပထမ
ဆုံး အချိန်တိုးမြှင့်သတ်မှတ်လိုက်တာပါ”ဟု တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦး
က ပြောကြားသည်။
ထိုင်းအစိုးရက ချစ်ကြည်ရေးတံတား ဖြတ်သန်းသွားလာခွင့်ကို နံနက် ၆ နာရီမှ ည ၁၁ နာရီခွဲအထိ တောင်း
ဆိုခဲ့သည်။ မြန်မာအစိုးရက နံနက် ၆ နာရီမှ ည ၈ နာရီခွဲအထိ သွားလာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်းရ
ရှိသည်။

ယခင်က အဆိုပါတံတား ဖြတ်သန်းသွားလာခွင့်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိသာ ခွင့်ပြုခဲ့ခြင်းဖြစ်

ကြောင်း တာချီလိတ်ခရိုင် လ၀ကဦးစီးမှူး ဦးကျော်စွာလွင်က ပြောကြားသည်။ နယ်စပ်တံတားပေါ် ည ၈ နာ
ရီခွဲအထိ ဖြတ်သန်းသွားလာခွင့်ပြုရာတွင်ဆိုင်ကယ်နှင့်ကားငယ်လေးများသာ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ကုန်
တင်ကားများကိုမူ ယခင်အချိန်အတိုင်း ညနေ ၆ နာရီအထိသာ ခွင့်ပြုပေးထားကြောင်း သတင်းရရှိသည်။

တာချီလိတ်မြို့တွင်ထိုင်းနိုင်ငံမယ်ဆိုင်မြို့နှင့်ချိတ်ဆက်ထားသည့်ချစ်ကြည်ရေးတံတား နှစ်စင်းရှိပြီး ယခုသွား

လာခွင့် အချိန်တိုးမြှင့်ပေးလိုက်သော တံတားမှာ တံတားအမှတ် (၁)ဖြစ်ပြီး တံတားအမှတ်(၂)ကိုမူ ပြောင်း
လဲပေးခြင်းမရှိသေးကြောင်း ခရိုင် လ၀ကရုံးမှ သတင်းရရှိသည်။

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁)ကို အသုံးပြု၍ မြန်မာနိုင်ငံဖက်ခြမ်း (တာချီလိတ်မြို့) မှ ထိုင်းနိုင်

ငံ (မယ်ဆိုင်မြို့)သို့လူဦးရေငါးထောင်ခန့် နေ့စဉ်သွားလာနေပြီးထိုင်းနိုင်ငံဖက်ခြမ်းမှ လေးထောင်နီးပါး မြန်
မာနိုင်ငံသို့ဝင်ထွက်သွားလာနေကြောင်းတာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

7Day News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment