Pages

Thursday, December 26, 2013

၂၀၁၃ ခုနှစ်သည် ကမ္ဘာ့အပူချိန်ဒုတိယအမြင့်ဆုံးသို့ရောက်ရှိ

RangonNewsDaily:: December . 26 .2013
၂၀၁၃ခုနှစ်ကမ္ဘာ့ပျမ်းမျှအပူချိန်သည်၁၈၉၁ခုနှစ်တွင် ရရှိခဲ့သောအချက်အလက်များနှင့် နှိုင်းယှဉ်ပါက ဒုတိယ

အမြင့်ဆုံးဖြစ်ကြောင်း ဂျပန်မိုးလေ၀သအေဂျင်စီက ကနဦး အစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာ ၂၄ ရက်က
ထုတ်ပြန်သည်။ ဇန်န၀ါရီလနှင့် နိုဝင်ဘာလအကြား ကောက်ယူထားသော ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အကြား နှစ် ၃၀ ကာလထက် ၀ ဒသမ ၂၀ ဒီဂရီ ဆဲလ်စီးရပ်စ်ပိုကြောင်း အစီရင်ခံစာက ဆိုသည်။
၁၁ လ ကာလအတွင်း ဂျပန်နိုင်ငံ၏ အပူချိန်သည် အဆိုပါနှစ် ၃၀ ကာလထက် ၀ ဒသမ ၄၀ ဒီဂရီ ဆဲလ်စီး
ရပ်စ်ပိုမြင့်ပြီး ယင်းသည် အဋ္ဌမမြောက်အမြင့်ဆုံးဖြစ်သည်။ ကမ္ဘာ့အပူချိန်သည် စက်တင်ဘာလနှင့် နိုဝင်ဘာ
လတို့တွင် အမြင့်ဆုံးဖြစ်သည်။ 

ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် ဆောင်းဦးရာသီ၌ အပူချိန်အမြင့်ဆုံးဟု မိုးလေ၀သဌာနကဆိုသည်။ 

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့အပူချိန်သည် နှစ်တစ်ရာလျှင် ၀ ဒသမ ၆၉ ဒီဂရီ ဆဲလ်စီးရပ်စ်တိုးတက်
နေပြီးဂျပန်နိုင်ငံ၏ပျမ်းမျှအပူချိန်သည် ၁ ဒသမ ၁၅ ဒီဂရီဆဲလ်စီးရပ်စ်မြင့်တက်နေဟုမိုးလေ၀သဌာနက ဖော်
ပြသည်။

The Mirror Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment