Pages

Thursday, December 26, 2013

တိုက်ခိုက်ရေး အသင့်အနေအထား ရှိရန် မြောက်ကိုရီးယား စစ်တပ်ကို ကင်ဂျုံအန် တိုက်တွန်း

Photo: တိုက်ခိုက်ရေး အသင့်အနေအထား ရှိရန် မြောက်ကိုရီးယား စစ်တပ်ကို ကင်ဂျုံအန် တိုက်တွန်း
Thursday, December 26, 2013

မြောက်ကိုရီးယား စစ်တပ်ကို တိုက်ခိုက်ရေး အသင့်အနေအထား ရှိအောင် အဆင့်မြှင့်တင်ထားရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုက်တွန်း ပြောကြားလိုက်ကြောင်း မြောက်ကိုရီးယား KCNA သတင်းတွင် ဖော်ပြထားချက်ကို ကိုးကား၍ CNA သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ဦးလေးတော်သူ၊ မြောက်ကိုရီးယားတွင် နံပါတ်နှစ် ခေါင်းဆောင်ဟု ယူဆခံထားရသူ ဂျန်ဆောင်သိတ်ကို သေဒဏ် ချမှတ်လိုက်ပြီးနောက် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှု မြင့်နေစဉ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် မြောက်ကိုရီးယား ပူးတွဲ တပ်ဖွဲ့အမှတ် (၅၂၆) တွင် ကျင်းပသော ခရစ္စမတ်ပွဲသို့ တက်ရောက်ရာတွင် တိုက်ခိုက်ရေး အသင့် အနေအထားတွင် ရှိကြရန် တိုက်တွန်း လိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါ တပ်ဖွဲ့သည် မြောက်ကိုရီးယား နိုင်ငံ၏ အနောက်ဘက်တွင် ရှိသော Nampo ဆိပ်ကမ်းမြို့တွင် အခြေစိုက်သောတပ် ဖြစ်ကြောင်း တောင်ကိုရီးယား ယောင်ဟပ် သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား နိုင်ငံတွင် နိုင်ငံရေး အရှုပ်အထွေးများ ဖြစ်ပွားနေချိန်တွင် ရန်စတိုက်ခိုက်မှုများ ရှိလာနိုင်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကတို့က သတိပေး ထားသည်။

တောင်ကိုရီးယား ရှေ့တန်း အစောင့်တပ်ဖွဲ့များသို့ အင်္ဂါနေ့က သွားရောက်ခဲ့သော တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး ကလည်း တောင်ကိုရီးယား စစ်တပ်ကို လုံခြုံရေး အသင့်အနေအထား ရှိရန် တိုက်တွန်း ပြောကြားခဲ့သည်။

"မြောက်ကိုရီးယားရဲ့ ရန်စ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်" ဟု တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: December . 26 .2013
မြောက်ကိုရီးယား စစ်တပ်ကို တိုက်ခိုက်ရေး အသင့်အနေအထား ရှိအောင် အဆင့်မြှင့်တင်ထားရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုက်တွန်း ပြောကြားလိုက်ကြောင်း မြောက်ကိုရီးယား KCNA သတင်းတွင် ဖော်ပြထားချက်ကို ကိုးကား၍ CNA သတင်းတွင် ဖော်ပြထားသည်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ဦးလေးတော်သူ၊ မြောက်ကိုရီးယားတွင် နံပါတ်နှစ် ခေါင်းဆောင်ဟု ယူဆခံထားရသူ ဂျန်ဆောင်သိတ်ကို သေဒဏ် ချမှတ်လိုက်ပြီးနောက် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှု မြင့်နေစဉ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် မြောက်ကိုရီးယား ပူးတွဲ တပ်ဖွဲ့အမှတ် (၅၂၆) တွင် ကျင်းပသော ခရစ္စမတ်ပွဲသို့ တက်ရောက်ရာတွင် တိုက်ခိုက်ရေး အသင့် အနေအထားတွင် ရှိကြရန် တိုက်တွန်း လိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါ တပ်ဖွဲ့သည် မြောက်ကိုရီးယား နိုင်ငံ၏ အနောက်ဘက်တွင် ရှိသော Nampo ဆိပ်ကမ်းမြို့တွင် အခြေစိုက်သောတပ် ဖြစ်ကြောင်း တောင်ကိုရီးယား ယောင်ဟပ် သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား နိုင်ငံတွင် နိုင်ငံရေး အရှုပ်အထွေးများ ဖြစ်ပွားနေချိန်တွင် ရန်စတိုက်ခိုက်မှုများ ရှိလာနိုင်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကတို့က သတိပေး ထားသည်။

တောင်ကိုရီးယား ရှေ့တန်း အစောင့်တပ်ဖွဲ့များသို့ အင်္ဂါနေ့က သွားရောက်ခဲ့သော တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး ကလည်း တောင်ကိုရီးယား စစ်တပ်ကို လုံခြုံရေး အသင့်အနေအထား ရှိရန် တိုက်တွန်း ပြောကြားခဲ့သည်။

"မြောက်ကိုရီးယားရဲ့ ရန်စ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်" ဟု တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးက ပြောကြားသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment