Pages

Monday, August 18, 2014

မန္တလေး ပဋိပက္ခတွင် ဦးစိုးမင်းထွေး အသတ်ခံရမှု တရားခံလေးဦးနှင့် တိမ်းရှောင်နေသူ ခုနစ်ဦးကို တရားရုံးစွဲတင်

RangonNewsDaily:: August . 18 .2014
မန္တလေးမြို့တော်တွင် ဇူလိုင်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဘာသာရေး ပဋိပက္ခတွင် ဦးစိုးမင်းထွေး အသတ်ခံရမှုနှင့် ပတ်သက်ပြီး သြဂုတ်လ ၁၄ ရက်နေ့တွင် အမှုအတွက် မသင်္ကာသူ တရားခံလေးဦးနှင့် ထွက်ပြေး တိမ်းရှောင်နေသူ ခုနစ်ဦးတို့ တရားရုံး စွဲတင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ဦးစိုးမင်းထွေး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ချမ်းအေးသာစံ မြို့မရဲတပ်ဖွဲ့ စခန်းတွင် (ပ) ၅၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄အရ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသည့် လေးဦးကို တရားရုံး စွဲတင်ထားပြီး လူသတ်မှုတွင် ပါဝင် ပတ်သက်နေသူ ခုနစ်ဦးကိုလည်း တရားရုံးစွဲတင်ကာ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုပြေးနေတဲ့ ခုနစ်ဦးကို တရားရုံး စွဲတင်လိုက်တာပါ။ အခုစွဲတင်ထားတဲ့ လေးဦးလုံး အမိန့်ချပြီးတဲ့ အချိန်ထိမှ ဖမ်းဆီးနိုင်ခြင်း မရှိဘူး ဆိုရင်တော့ တရားခံပြေးအနေနဲ့ ကြေညာရမှာပါ” ဟု ၎င်းကဆိုသည်။
::
အဆိုပါ တရားခံလေးဦးကို ချမ်းအေးသာစံခရိုင် တရားရုံးတွင် ရာကြီးအမှတ် ၁၃၁/၂၀၁၄ ဖြင့် လည်းကောင်း၊ တရားခံပြေး ခုနစ်ဦးကို ပြစ်/ထွေ ၈၈/၂၀၁၄ ဖြင့် လည်းကောင်း လက်ခံစစ်ဆေးလျက် ရှိပြီး ယင်းအမှုကို သြဂုတ်လ ၁၉ ရက်နေ့တွင် ထပ်မံချိန်းဆိုထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။
::
မန္တလေးတွင် ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့သဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ကာ မကြာသေးမီ ကာလကပင် ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

The Voice ::--
 KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment