Pages

Friday, May 10, 2013

ဘင်္ဂလားဒေ့ရှ် အဆောက်အအုံပျက်မှ ရင်နင့်ဖွယ် စုံတွဲအလောင်း

(တစ်ဦးကိုတစ်ဦး တွယ်ယှက်ရင်း သေဆုံးခဲ့သည့် စုံတွဲ)
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆောက်အအုံ ပြိုကျမှုကြီးအတွင်း ရှင်းလင်းရေး လုပ်ငန်းများ
ဆောင်ရွက်စဉ် ထွက်ပေါ်လာသည့် မြင်ကွင်း တစ်ခုသည် ရင်နင့်ခြောက်ခြားစရာ ဖြစ်လာခဲ့ရသည်။
အထည်ချုပ် စက်ရုံတစ်ခု အပါအဝင်ကုမ္ပဏီများ၊ ရုံးခန်းများဖွင့်လှစ်ထားသည့် (၈)ထပ် အဆောက်အအုံကြီး
တစ်ခုဒါကာမြို့တော်တွင် ပြိုကျခဲ့ရာလူပေါင်းမြောက်မြားစွာ (ယနေ့အချိန်ထိ ၁၀၀၀ ကျော်သွားပြီဟုသတင်း
များတွင် ဖော်ပြ) သေဆုံးခဲ့ရပြီးယခုထိလည်းအပျက်အစီးများအောက်မှအလောင်းများ ထွက်ပေါ်နေဆဲ ဖြစ်
သည်။ 

ကယ်ဆယ်ရေး လုပ်သားများသည် အပျက်အစီးများကို ဖယ်ရှားနေရင်း စုံတွဲတစ်တွဲ၏ အလောင်းကို တွေ့
ရှိခဲ့ရာ နောက်ဆုံး အချိန်ထိ တစ်ဦးကိုတစ်ဦး တွယ်ယှက်ရင်း အသက်ကုန်ခဲ့ရှာကြောင်း ကြေကွဲဖွယ် သိရှိခဲ့
ရသည်။

ဖုန်မှုန့်များ၊ သတ္တုစများ၊ အပျက်အစီးများ အောက်တွင် အမျိုးသမီး အလောင်းကို စတင် တွေ့ရှိခဲ့ရပြီး သူမ

ကို တင်းကျပ်စွာ ပွေ့ဖက် ကာကွယ်ရင်း အတူတကွ သေဆုံးသွားသည့် အမျိုးသား၏ အလောင်းကိုပါ ရှာဖွေ
တွေ့ရှိလာခြင်း ဖြစ်သည်။အမျိုးသား၏အလောင်းတွင်မျက်လုံးမှ သွေးစီးကြောင်းများကျဆင်းခဲ့ပြီး ခြောက်
သွေ့နေသည်ကိုလည်း ဝမ်းနည်းနာကျင်ဖွယ် တွေ့မြင်ခဲ့ရသည်။ 

အဆိုပါ စုံတွဲသည် အထည်ချုပ် စက်ရုံ လုပ်သားများဟု ယူဆရပြီး ပြေးမလွတ်နိုင်တော့သည့် နောက်ဆုံး
အခြေအနေကို အတူတကွ ရင်ဆိုင်သွားခြင်း ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးများက စိတ်မကောင်းခြင်းကြီး
စွာ မှတ်ချက်ပြုခဲ့သည်။


(ပြိုကျသည့် အထည်ချုပ်စက်ရုံပိုင်ရှင်အား ဖမ်းဆီးလာစဉ်)
ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့်အဆောက်အအုံ ပြိုကျမှုကြောင့်လူပေါင်း(၁၀၀၀)ကျော် သေဆုံးကာ (၂၅၀၀)
ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ ကယ်ဆယ်ရေးများသည် ဗုဒ္ဓဟူးနေ့ တစ်ရက်တည်းကပင် ရာနာပလာဇာ နေ
ရာဟောင်း အပျက်အစီးပုံအောက်မှ အလောင်း(၉၄)ခု ဆွဲထုတ်ခဲ့ရသည်။ 
 
အထည်ချုပ် စက်ရုံတွင် လုပ်သား ထောင်ပေါင်း အတော်များများ ရှိနေပြီး အနောက်နိုင်ငံများသို့ ကုန်ချော အထည်အလိပ်များ တင်ပို့ရောင်းချလေ့ ရှိသည်။ ယခုဖြစ်စဉ်နှင့်အတူ ဘင်္ဂလားဒေ့ရှ်တွင် အခြားသော စက်
ရုံ မတော်တဆမှုများလည်း ပေါ်ပေါက်ခဲ့ရာ လုပ်ငန်းခွင် လုံခြုံရေးအတွက် ဆန္ဒပြ တောင်းဆိုမှုများလည်း
 ဖြစ်ပေါ်လာခဲ့သည်။

(ပြိုကျသည့် အဆောက်အအုံအား ရှင်းလင်းရေး ဆောင်ရွက်နေစဉ်)
ဒေသခံ သတင်းဓာတ်ပုံသမား တက်စ်လီမာ အက်ခ်တားက "ကျွန်တော် ကြိုးစားပြီး အချက်အလက်တွေ ရှာ
ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် အကြောင်းတော့ ကျွန်တော် သေချာမသိဘူး။ သူတို့ ဘယ်သူလဲ
ဆိုတာလည်း မဖော်ထုတ်နိုင်ဘူး။ 

သူတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ဆက်နွယ်တယ် ဆိုတာလည်း မပြောနိုင်ဘူး။ ဒါပေမဲ့ မြင်ကွင်း
ကတော့ ကြေကွဲစရာပါ။ နောက်ဆုံးအချိန်လေးမှာ တစ်ယောက်ကိုတစ်ယောက် ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ စုံတွဲလို့တော့ ကျွန်တော် ထင်မိတယ်"ဟု ဝမ်းနည်းစွာ ပြောဆိုခဲ့သည်။

(အထည်ချုပ်စက်ရုံပြိုကျပြီး လူအများအပြား သေဆုံးရမှုအတွက် ဆန္ဒပြနေသူများ)
၎င်းက "ကျွန်တော် တစ်နေကုန် အဆောက်အအုံ အပျက်အစီးတွေ ကြားထဲမှာ သွားလာနေခဲ့တယ်။ အသက်
ရှင်လျှက် ကယ်ထုတ်နိုင်သူတွေ ဆေးရုံပို့တာကိုလည်း ကြည့်နေခဲ့ရတယ်။ ဆွေမျိုးသားချင်းတွေရဲ့ စိုးရိမ်နေ
တဲ့ မျက်ဝန်းတွေကို အကြိမ်ကြိမ် မြင်ရတဲ့နောက် ကျွန်တော် စိတ်ရော၊ ကိုယ်ပါ တော်တော်လေး ချုံးချုံးကျ
သွားပါတယ်။ နေ့လယ် (၂)နာရီလောက်မှာတော့ ဒီစုံတွဲကို ကျွန်တော် အပျက်အစီးတွေ အောက်မှာ တွေ့
လာခဲ့တာပါ။ 

သူတို့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းတွေက ကွန်ကရစ်တုံးတွေ အောက်မှာ လုံးဝ ပိမိနေပြီ။ အမျိုးသားရဲ့ မျက်
လုံးကစီးကျနေတဲ့ သွေးတွေကမျက်ရည်စီးကြောင်းနဲ့တောင် တူပါတယ်။ ကျွန်တော် အဲဒီမြင်ကွင်းကို မယုံနိုင်
လောက်အောင်တုန်လှုပ်သွားမိတယ်။သူတို့ကိုကျွန်တော်တစ်သက်လုံး သိကျွမ်းခဲ့သလို၊ ကျွန်တော်နဲ့ အရမ်း
 နီးစပ်ခဲ့ဖူးသလို ခံစားမိသွားတယ်"ဟုလည်း ဆိုသည်။

ယင်းဓာတ်ပုံကို ရိုက်ယူခဲ့သည့် တက်စ်လီမာက "တကယ်တော့ ကျွန်တော်တို့ အားလုံးဟာ အရေအတွက် သက်သက်နဲ့ စုဖွဲ့ထားတာ မဟုတ်ပါဘူး။ လုပ်အားခ သက်သာမှုကြောင့်တော့ အသက်တွေရဲ့ တန်ဖိုးက သက်သက်သာသာ ဖြစ်နေတယ်လို့ မတွေးပါနဲ့။ အားလုံးဟာ ခင်ဗျားတို့ ကျွန်တော်တို့လို လူသားတွေပါပဲ"

ဟုလည်း ဆက်လက် ပြောဆိုခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာပေါ်တွင် အဝတ်အထည် တင်ပို့ရောင်းချမှု အများဆုံး နိုင်ငံတစ်ခု ဖြစ်သော်လည်း လုပ်သားများကိုအလွန်နိမ့်ပါးသည့် လုပ်ခပေးချေမှုနှင့် အလုပ်ခွင် ဘေးအန္တရာယ် ကျရောက်နိုင်သည့် အနေ
အထားများကြောင့် ကြီးမားပြင်းထန်သော ဝေဖန်မှုများနှင့် ကြုံနေရသည်။ 

ယခုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ရာနာပလာဇာ ပိုင်ရှင် အပါအဝင် လူအချို့ကို ရဲများက ဖမ်းဆီးထားပြီး လူများ
စွာ သေဆုံးစေလောက်သည့် မျက်ကွယ်ပြုမှုအတွက် တရားစွဲဆိုရန် စီစဉ်လျှက်ရှိသည်။

http://www.thesun.co.uk/sol/homepage/news/4920665/couple-hold-each-other-amid-ruins-of-collapsed-bangladesh-factory.html



Planet Myanmar Network, Rangonnewsdaily
RND:  :10.5.2013 

0 comments:

Post a Comment