Pages

Friday, January 11, 2013

နဘား၊ မြစ်ကြီးနား ခရီးသည်တင် ခေါက်ပြန် အဆန် ရထားအား KIA မှ မိုင်းခွဲ တိုက်ခိုက်

ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက နဘားမှ ထွက်ခွာ လာသော နဘား- မြစ်ကြီးနား အမှတ် ၄၉ အဆန် လူစီး ကုန်တင် ရထားသည် ည ၁ဝ နာရီ ၅ မိနစ်တွင် မန္တလေး- မြစ်ကြီးနား ရထား လမ်း ဟိုပင်နှင့် နန်းခွင် ဘူတာ အကြား မိုင်တိုင် အမှတ် ၆၅၄၊ ကြေးနန်းခန်း အမှတ် ၁၉နှင့် ၂ဝကြား အရောက်၌ ကေအိုင်အေ အဖွဲ့က ထောင်ထားသော မိုင်းပေါက်ကွဲ မှုကြောင့် လူစီး တွဲ နှစ်တွဲနှင့် ကုန်တွဲ တစ်တွဲတို့ လမ်းချော် ခဲ့သည်။ ရှေ့ဆုံး လူစီးတွဲ ကြမ်းပြင် ပေါက်ထွက်ပြီး အစောင့် လိုက်ပါ လာသော ရဲတပ်သား တစ်ဦး မိုင်းဒဏ်ရာ ရရှိ သေဆုံးခဲ့ပြီး ခရီးသည် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး တို့မှာလည်း တွဲဖြင့် ထိခိုက်မိ၍ ဒဏ်ရာများ ရရှိ ခဲ့သည်။

မိုင်းပေါက်ကွဲ မှုကြောင့် မြေပြင်၌ အချင်း ၂ပေ ခန့်နှင့် အနက် ၁ပေခန့် ကျင်းတစ်ခု ဖြစ်ပေါ် ခဲ့ပြီး ရထားလမ်းပိုင်း ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် မြန်မာ့ မီးရထားမှ ဝန်ထမ်းများက ဆောင်ရွက်လျက် ရှိကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီး ဌာနမှ သတင်း ရရှိသည်။

ကေအိုင်အေ အဖွဲ့ အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ စတင်၍ ယခုအချိန် အထိ မန္တလေး- မြစ်ကြီးနား ရထား လမ်းတွင် မိုင်းထောင် ဖောက်ခွဲမှု ၅၃ကြိမ်၊ မန္တလေး- လားရှိုး ရထားလမ်းတွင် နှစ် ကြိမ် စုစုပေါင်း ၅၅ကြိမ် ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။


 မြ၀တီ

0 comments:

Post a Comment