Pages

Friday, January 11, 2013

အိုးဝေမဂ္ဂဇင်း (၁၉၃၆)တွင် ခေါင်းကြီးပိုင်းမှ ဖော်ပြသည့် ဘာသာပြန်ကဗျာ ( အနိုင်မခံ)

အိုးဝေမဂ္ဂဇင်း (၁၉၃၆)တွင် ခေါင်းကြီးပိုင်းမှ ဖော်ပြသည့် ဘာသာပြန်ကဗျာ

“အနိုင်မခံ”

ငါ့အား ဖုံးလွှမ်းထားသော 
လကွယ်သန်းခေါင် 
ဤမှောင်မိုက်တွင်း မှနေ၍ 
အနိုင်မခံ အရှုံးမပေးတတ်သော 
ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် 
နတ်သိ ကြားတို့အား ငါ ကျေးဇူး ဆိုပါ၏။

လောကဓံ တရားတို့၏
ရက်စက် ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ 
ကျရောက် နေရသော်လည်း 
ငါကား မတုန်လှုပ်၊ မငိုကြွေး၊ 
ကံတရား၏ ရိုက် ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် 
ငါ့ဦး ခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ 
ညွတ်ကားမညွတ်။

ဤဒေါသလောဘတို့ ကြီးစိုးရာ ဌာန၏ အခြားမဲ့၌ကား 
သေခြင်း တရားသည် 
ကြောက်မက်ဖွယ်ရာ ငန့်လင့်လျက် ရှိ၏။ 
သို့သော် ငါ့အား 
မတုန်လှုပ်သည် ကိုသာတွေ့ရအံ့။ 

နောင်ကိုလည်း ဘယ် တော့မျှ 
မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည် 
မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊ 
ယမမင်း၏ ခွေးရေ ပုရပိုက်၌ 
ငါ့အပြစ်တို့ကို 
မည်မျှပင်များစွာ မှတ်သားထားသည် ဖြစ်စေ 
ငါကား ဂရုမပြု၊ 
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ 
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။


ခေါင်းကြီးပိုင်း အိုးဝေမဂ္ဂဇင်း၊
အတွဲ ၆၊ အမှတ် ၁၊ ၁၉၃၆။
(မူရင်းသတ်ပုံအတိုင်း)
(ဘာသာပြန်သူ- သခင်အောင်ဆန်း၊ မင်းသုဝဏ်၊ ညိုမြ (၃) မျိုးကွဲ နေပါသည်။ မည်သူက အမှန်တကယ် ပြန်ဆိုခဲ့ကြောင်းမသိရပါ။ ခေါင်းကြီးပိုင်းဖြစ်၍ အယ်တီတာ ရေးသူအမည်ကို မဖော်ပြခဲ့ပါ။)


မူရင်းကဗျာ
INVICTUS
Out of the night that covers me,
Black as the pit from pole to
pole,
I thank whatever gods may be
For my unconquerable soul.
In the fel lclutch of
circumstance
I have not winced nor cried
aloud.
Under the bludgeonings of
chance
My head is bloody but
unbowed.
Boyond this place of wrath and
tears,
Looms but the horror of the
shade,
And yet the menace of the years
Finds, and shall find, me
unafraid.
It matters not how strait the
gate,
How charged with punishment
the scroll,
I am the master of my fate;
I am the captain of my soul.
William Ernest Henley
(၁၈၄၉-၁၉၀၃)

“အနိုင်မခံ”

ငါ့အား ဖုံးလွှမ်းထားသော
လကွယ်သန်းခေါင်
ဤမှောင်မိုက်တွင်း မှနေ၍
အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ကို ဖန်ဆင်းပေးသည့်
နတ်သိ ကြားတို့အား ငါ ကျေးဇူး ဆိုပါ၏။
လောကဓံ တရားတို့၏
ရက်စက် ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက် နေရသော်လည်း
ငါကား မတုန်လှုပ်၊ မငိုကြွေး၊
ကံတရား၏ ရိုက် ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ့ဦး ခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။
ညွတ်ကားမညွတ်။

ဤဒေါသလောဘတို့ ကြီးစိုးရာ ဌာန၏ အခြားမဲ့၌ကား
သေခြင်း တရားသည်
ကြောက်မက်ဖွယ်ရာ ငန့်လင့်လျက် ရှိ၏။
သို့သော် ငါ့အား
မတုန်လှုပ်သည် ကိုသာတွေ့ရအံ့။

နောင်ကိုလည်း ဘယ် တော့မျှ
မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည်
မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊
ယမမင်း၏ ခွေးရေ ပုရပိုက်၌
ငါ့အပြစ်တို့ကို
မည်မျှပင်များစွာ မှတ်သားထားသည် ဖြစ်စေ
ငါကား ဂရုမပြု၊
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။


ခေါင်းကြီးပိုင်း အိုးဝေမဂ္ဂဇင်း၊
အတွဲ ၆၊ အမှတ် ၁၊ ၁၉၃၆။
(မူရင်းသတ်ပုံအတိုင်း)
(ဘာသာပြန်သူ- သခင်အောင်ဆန်း၊ မင်းသုဝဏ်၊ ညိုမြ (၃) မျိုးကွဲ နေပါသည်။ မည်သူက အမှန်တကယ် ပြန်ဆိုခဲ့ကြောင်းမသိရပါ။ ခေါင်းကြီးပိုင်းဖြစ်၍ အယ်တီတာ ရေးသူအမည်ကို မဖော်ပြခဲ့ပါ။)


မူရင်းကဗျာ
INVICTUS
Out of the night that covers me,
Black as the pit from pole to
pole,
I thank whatever gods may be
For my unconquerable soul.
In the fel lclutch of
circumstance
I have not winced nor cried
aloud.
Under the bludgeonings of
chance
My head is bloody but
unbowed.
Boyond this place of wrath and
tears,
Looms but the horror of the
shade,
And yet the menace of the years
Finds, and shall find, me
unafraid.
It matters not how strait the
gate,
How charged with punishment
the scroll,
I am the master of my fate;
I am the captain of my soul.
William Ernest Henley

(၁၈၄၉-၁၉၀၃)

0 comments:

Post a Comment