Pages

Friday, January 11, 2013

သီရိလင်္ကာအမျိုးသမီး ဆော်ဒီတွင် သေဒဏ်ပေးခံရပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးတင်းမာ


သီရိလင်္ကာအမျိုးသမီးတစ်ဦးကို ဆော်ဒီအာရေဗျဥပဒေအရ ခေါင်းဖြတ်သတ်ခဲ့သည့်နောက် နှစ်နိုင်ငံကြား
ဆက်ဆံရေး တင်းမာလာခဲ့သည်။ သီရိလင်္ကာမှ ငယ်ရွယ်သော အမျိုးသမီး တစ်ဦးသည် အရှေ့အလယ်ပိုင်း
ဒေသရှိ ကြွယ်ဝချမ်းသာသောဘုရင့်နိုင်ငံတော်သို့ (၂၀၀၅)ခုနှစ်က ရောက်ရှိခဲ့သည်။သူမသည်ကလေးထိန်း
အလုပ်ကို ဝင်ရောက် လုပ်ကိုင်ခဲ့ရာမှ ကံဆိုးခဲ့ပြီးနောက် ကလေးဖြစ်သူ သေဆုံးသွားခဲ့သည်။
အဆိုပါ (၄)လအရွယ် ကလေးငယ် သေဆုံးခဲ့သည့်နောက် ရီဇာနာ နာဖိခ်သည် (၇)နှစ်ကြာ ထောင်ချခံထား
ရပြီးနောက် ယခုအခါ ခေါင်းဖြတ် သေဒဏ်ပေးခြင်း ခံခဲ့ရသည်။ သူမသည် (၂၀၀၄)ခုနှစ်ကဆူနာမီရေလှိုင်း
များရိုက်ခတ်မှုကြောင့် ရွှေ့ပြောင်းနေထိုင်ရသည့် ဆွေမျိုးများကို ထောက်ပံ့ကူညီရန် ဆော်ဒီတွင်လာရောက်
ငွကြေးရှာဖွေခဲ့ခြင်း ဖြစ်သည်။

(သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ဆော်ဒီသံရုံးရှေ့တွင် ဆန္ဒပြနေသည့် သီရိလင်္ကာအမျိုးသမီးများ)
ဆော်ဒီတရားရုံးသည် ကလေးငယ် သေဆုံးမှုတွင် သူမသည် လုံးဝအပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ဗုဒ္ဓဟူးနေ
့ကမူ သေဒဏ်ပေးခဲ့ခြင်း ဖြစ်သည်။ သီရိလင်္ကာ အစိုးရသည်ထိုကိစ္စမတိုင်မီ ဆော်ဒီအစိုးရအား ဆက်သွယ်
ကာ သေဒဏ်ကို ပယ်ဖျက်ပေးပါရန် ပန်ကြားခဲ့သော်လည်း အဆင်မပြေခဲ့ချေ။ ထို့နောက်တွင်မူ သီရိလင်္ကာ
သည် ဆော်ဒီသို့ စေလွှတ်ထားသည့် ကိုယ်စားလှယ် အဖွဲ့ကို ချက်ချင်း ပြန်လည် ရုတ်သိမ်းခဲ့သည်။

သီရိလင်္ကာ နိုင်ငံအတွင်းတွင်လည်း ဆော်ဒီ၏ရက်စက်သောလုပ်ရပ်အပေါ် ဝေဖန်ကန့်ကွက်မှုများ ပြင်းထန်
လာခဲ့သည်။ ဆော်ဒီ အာဏာပိုင်များသည် မြို့တော် ရီယာ့ဒ်နှင့် ကီလိုမီတာ (၂၀၀)မျှ ကွာဝေးသည့် ဒါဝါဒီမီ
တွင် ရီဇာနာကို ခေါင်းဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရီဇာနာသည် ကလေးငယ် ကေယက်ဘ်ဘင် နာဆာ့ဖ် ဘင်ဂျာဇယန်း အယ်လ်အိုတိုင်ဘီကို လည်ပင်းညှစ်

သတ်ခဲ့သည်ဟု ကလေး၏ မိသားစုက စွပ်စွဲခဲ့သည်။ သူမကမူ ကလေးကို နို့ဘူးဖျော်တိုက်ရင်း ကလေးက
ချောင်းဆိုးရာမှ မတော်တဆ အသက်ရှူ ကျပ်ခဲ့ခြင်းဟုသာ ရှင်းပြခဲ့သည်။ သူမသည် အသိအကျွမ်းမရှိ၊ အ
ထောက်အညှာမရှိသော သူစိမ်းနိုင်ငံ တစ်ခုတွင် မမျှတသော ဥပဒေ ဆုံးဖြတ်ချက်နှင့် ရင်ဆိုင်ခဲ့ရခြင်းဟု ကမ္ဘာ့လူ့အခွင့်အရေး အဖွဲ့အစည်း အများအပြားက ဝေဖန်ထောက်ပြခဲ့ကြသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က "လူသတ်မှုအတွက် သေဒဏ်ပေးတယ် ဆိုတာက ဖြစ်နိုင်ပါတယ်

။ ဒါပေမဲ့ အဲဒီအမှုမှာ ခုခံလျှောက်လှဲတဲ့ မိန်းကလေးအတွက် ကနဦး ကြားနာ စစ်ဆေးမှု မရှိဘူး။ သူ့အတွက် ကိုယ်စားပြုမယ့် ရှေ့နေလည်း မရှိဘူး။ စစ်ဆေးမှု အများဆုံးကို ထင်ထင်ပေါ်ပေါ် မလုပ်ခဲ့ဘူး"ဟု ကြေညာ
ခဲ့သည်။ ရီဇာနာသည် ဆော်ဒီတွင် အလုပ်လာလုပ်စဉ်က အသက်(၁၇)နှစ်သာ ရှိသေးသည်။ ထို့ကြောင့် သူ
မအနေဖြင့် အမှန်တကယ် လူသတ်မှု ကျူးလွန်ခဲ့သည် ဆိုလျှင်ပင် နိုင်ငံတကာ ဥပဒေအရ သေဒဏ်ပေးရန် အသက်မပြည့်သေးဟု ထောက်ပြမှုများလည်း ရှိနေခဲ့သည်။

သို့သော်လည်း သူမသည် ဆော်ဒီသို့ ဝင်ရောက်လာသည့် ပတ်စ်ပို့တ်တွင် အသက်(၂၃)နှစ် ရှိပြီဟု အတု

အယောင် ပြောင်းလဲလာခဲ့သည်။ သို့မှသာ အလုပ်အကိုင်အတွက် ပြည်ဝင်ခွင့် အဆင်ပြေမည် ဖြစ်သည်။ ရီဇာနာ၏ မိသားစုနှင့် သီရိလင်္ကာ အစိုးရသည် ဆော်ဒီအစိုးရကို ဖျောင့်ဖျ နားချရန် အစွမ်းကုန် ကြိုးစား
ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

ဆ်ာဒီအစိုးရ၏ကာကွယ်ရေးဝန်ကြီးဌာနကမူညီညွတ်မှုတမှု စည်းမျဉ်းအတွက် လူသတ်မှုကို သေဒဏ်ဖြင့်
သာ စီရင်ရန် ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ သီရိလင်္ကာ သမ္မတ မာဟင်ဒါ ရာဂျာပက်ဆာသည် မိန်းက
လေး၏ အသက်ကို ချမ်းသာပေးရန် ပုဂ္ဂိုလ်ရေးအရ အလေးအနက် တောင်းခံခဲ့သော်လည်း ဆော်ဒီက လက်
သင့်မခံခဲ့ဟုလည်း သတင်းများက ဖော်ပြသွားသည်။

Source: CNN

0 comments:

Post a Comment