Pages

Friday, January 11, 2013

မန္တလေးမြို့တွင် ရပ်ကွက်တွင်းရှိ ဒေသခံများနှင့် ကျူးကျော်နေထိုင်သူများ အဆင်မပြေ

မန္တလေးမြို့တွင် ရပ်ကွက်တွင်းရှိ ဒေသခံများနှင့် ကျူးကျော်နေထိုင်သူများ အဆင်မပြေ

မန္တလေး၊ ဇန်နဝါရီ ၁၁။

မန္တလေးမြို့အတွင်း စည်ပင်သာယာပိုင် နယ်မြေများတွင် လာရောက်နေ ထိုင်သော ကျူးကျော်များနှင့် ဒေသခံရပ်ကွက်တွင်း နေထိုင်သူများ အဆင်မပြေဖြစ်လျက် ရှိနေကြောင်း ချမ်းအေးသာဇံမြို့နယ်တွင်းနေထိုင်သူ
အချို့ထံမှ သိရသည်။

မြို့အနှံ ကျူးကျော် နေထိုင်သူအများအပြားရှိပြီး အဆိုပါ စည်ပင်ပိုင် နယ်မြေ
များအား တစ်ဆင့်ပြီး တစ်ဆင့် လက်ထိုး ရောင်းချမှုများလည်း ရှိနေကြောင်း
နှင့်မသိနားမလည်၍ ဝယ်ယူသူများအနေဖြင့် နစ်နာဆုံရှုံးများ ရှိနေကြောင်း သိရသည်။

“ကျူးကျော်တွေ ရောက်လာတာ လပိုင်းပဲလောက်ပဲရှိသေးတယ်။ အရင်က ကွင်းပြင်ကြီး စည်ပင်သာယာက နေပြီးတော့ရှင်းထားတာ။ သူတို့ကအိမ်
ဆောက်တယ်ပြီးရင် ငှားစားတယ်။ ဘယ်ကနေရောက်လာပြီး ဘယ်လိုလူ
တွေ မှန်းမသိတော့ ကျနော်တို့ တစ်ခုခုဖြစ်မှာ စိုးရိမ်နေရတယ်” ဟု ချမ်းအေးသာဇံမြို့နယ် ၊ ပြည်ကြီးပျော်ဘွယ် အနောက်တွင် နေထိုင်သူ ဦးမြတ်သိန်းက ၎င်းတို့ ရပ်ကွက်အနီးရှိ စည်ပင်နယ်နိမိတ်သို့ ရောက်ရှိ
လာသော ကျူးကျော်များ နှင့်ပက်သက်၍ ပြောကြားသည်။

အဆိုပါ ပျော်ဘွယ်အနောက် တိမ်ပြာတန်းရပ်အကွက်(၂၈၇)အတွင်းရှိ စည်ပင်ပိုင်နယ်နိမိတ်တွင် လာရောက် ကျူးကျော်နေထိုင်သော ကျူးကျော်
အိမ် ဆယ်လုံး ထက်မနည်းရှိနေပြီး ပတ်ဝန်းကျင်မှ လူနေအိမ်များဖြင့် အဆင်မပြေ ဖြစ်နေကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးမှ လာရောက်
ဖြေရှင်းပေးသော်လည်း အဆင်ပြေမှု မရှိကြောင်း အဆိုပါ ရပ်ကွက်အတွင်း
နေထိုင်သူ ဒေသခံ မမော်က ပြောကြားသည်။

“ကျူးတွေက ပိတ်နေတဲ့ ရေမြောင်းပေါ်မှာ မြေဖို့ပြီး အိမ်တွေဆောက်နေ
တယ်။ အနီးတစ်ဝိုက်က လူတွေနဲ့လည်း အဆင်မပြေဘူး။ ကျမတို့ကပြော
တော့ တိုင်ချင်ရာတိုင်ဆိုပြီး ပြန်ရန်ထောင်တယ်။ အဲဒီအကြောင်းတွေ မြို့နယ်စည်ပင်သာယာကိုတော့ စာတင်ထားပါတယ်။ သက်ဆိုင်ရာကနေ သက်သက်မှတ်မှတ်လေး ဆောင်ရွက်ပေး စေချင်ပါတယ်။” ဟု မမော်က ဆိုသည်။

အဆိုပါကိစ္စနှင့် ဆက်လျဉ်းပြီး “စည်ပင်သာယာ နယ်မြေထဲမှာကျူးကျော်တွေ
လာရောက်ပြီး တရားမ၀င် နေထိုင်တာကို ရပ်ကွက်အုပ်ချုပ်ရေးမှုးကနေ
တဆင့် ကျွန်တော်တို့ကို စာတင်ရင် ကျွန်တော်တို့က စည်ပင်သာယာလုပ်ထုံး
လုပ်နည်း အတိုင်း အဆင့်ဆင့် ဆောင်ရွက်ပြီး ဥပဒေအတိုင်း လုပ်ဆောင်
သွားမှာပါ” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ဦးစီးဌာနမှ အရာရှိ
တစ်ဦးက ပြောကြားသည်။

မောင်ထိန်လင်း

အေးချမ်းမွန်မှ  The Myanma Age  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်


မန္တလေးမြို့အတွင်း စည်ပင်သာယာပိုင် နယ်မြေများတွင် လာရောက်နေထိုင်သောကျူးကျော်များနှင့်ဒသ

ခံရပ်ကွက်တွင်း နေထိုင်သူများ အဆင်မပြေဖြစ်လျက် ရှိနေကြောင်း ချမ်းအေးသာဇံမြို့နယ်တွင်းနေထိုင်သူ

အချို့ထံမှ သိရသည်။

မြို့အနှံ ကျူးကျော် နေထိုင်သူအများအပြားရှိပြီး အဆိုပါ စည်ပင်ပိုင် နယ်မြေများအား တစ်ဆင့်ပြီး တစ်ဆင့်

လက်ထိုး ရောင်းချမှုများလည်း ရှိနေကြောင်းနှင့်မသိနားမလည်၍ ဝယ်ယူသူများအနေဖြင့် နစ်နာဆုံရှုံးများ

ရှိနေကြောင်း သိရသည်။


“ကျူးကျော်တွေ ရောက်လာတာ လပိုင်းပဲလောက်ပဲရှိသေးတယ်။ အရင်က ကွင်းပြင်ကြီး 


စည်ပင်သာယာက နေပြီးတော့ရှင်းထားတာ။ သူတို့ကအိမ်

ဆောက်တယ်ပြီးရင် ငှားစားတယ်။ ဘယ်ကနေရောက်လာပြီး ဘယ်လိုလူ


တွေ မှန်းမသိတော့ ကျနော်တို့ တစ်ခုခုဖြစ်မှာ စိုးရိမ်နေရတယ်” ဟု ချမ်းအေးသာဇံမြို့နယ် 


၊ ပြည်ကြီးပျော်ဘွယ် အနောက်တွင် နေထိုင်သူ ဦးမြတ်သိန်းက ၎င်းတို့ ရပ်ကွက်အနီးရှိ 

စည်ပင်နယ်နိမိတ်သို့ ရောက်ရှိ

လာသော ကျူးကျော်များ နှင့်ပက်သက်၍ ပြောကြားသည်။



အဆိုပါ ပျော်ဘွယ်အနောက်တိမ်ပြာတန်းရပ်အကွက်(၂၈၇)အတွင်းရှိစည်ပင်ပိုင်နယ်နိမိတ်တွင်လာရောက် 


ကျူးကျော်နေထိုင်သော ကျူးကျော်အိမ် ဆယ်လုံး ထက်မနည်းရှိနေပြီး ပတ်ဝန်းကျင်မှ လူနေအိမ်များဖြင့် 

အဆင်မပြေ ဖြစ်နေကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးမှ လာရောက်ဖြေရှင်းပေးသော်လည်း အဆင်ပြေမှု

မရှိကြောင်း အဆိုပါ ရပ်ကွက်အတွင်းနေထိုင်သူ ဒေသခံ မမော်က ပြောကြားသည်။


“ကျူးတွေက ပိတ်နေတဲ့ ရေမြောင်းပေါ်မှာ မြေဖို့ပြီး အိမ်တွေဆောက်နေတယ်။ အနီးတစ်ဝိုက်က လူတွေနဲ့


လည်း အဆင်မပြေဘူး။ ကျမတို့ကပြောတော့ တိုင်ချင်ရာတိုင်ဆိုပြီး ပြန်ရန်ထောင်တယ်။ အဲဒီအကြောင်း

တွ မြို့နယ်စည်ပင်သာယာကိုတော့  စာတင်ထားပါတယ်။ သက်ဆိုင်ရာကနေ သက်သက်မှတ်မှတ်လေး

ဆာင်ရွက်ပေး စေချင်ပါတယ်။” ဟု မမော်က ဆိုသည်။


အဆိုပါကိစ္စနှင့် ဆက်လျဉ်းပြီး “စည်ပင်သာယာနယ်မြေထဲမှာကျူးကျော်တွေလာရောက်ပြီးတရားမ၀င် နေ


ထိုင်တာကို ရပ်ကွက်အုပ်ချုပ်ရေးမှုးကနေတဆင့် ကျွန်တော်တို့ကို စာတင်ရင် ကျွန်တော်တို့က စည်ပင်သာ

ယာလုပ်ထုံးလုပ်နည်း အတိုင်း အဆင့်ဆင့် ဆောင်ရွက်ပြီး ဥပဒေအတိုင်း လုပ်ဆောင်သွားမှာပါ”ဟုမန္တလေး

မြို့တော်စည်ပင်သာယာရေး ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။



မောင်ထိန်လင်း

 The Myanma Age 

0 comments:

Post a Comment