Pages

Saturday, January 12, 2013

တိုက်ပွဲ ငြိမ်သက် နေရာမှ ဖါးကန့် ဒေသတွင် ပြန်ဖြစ်လာ

တိုက်ပွဲ ငြိမ်သက် နေရာမှ ဖါးကန့် ဒေသတွင် ပြန်ဖြစ်လာ

 Friday, 11 January 2013 Written by အဲာပိုန်

ယမန်နေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာ အထွက် ကားမိုင်း ကျေးရွာ အ၀င် ကြားတွင် အစိုးရ စစ်ယာဉ်တန်းကို KIA တပ်မဟာ (၂) တပ်ရင်း (၆)မှ မိုင်းခွဲ တိုက်ခိုက် လိုက်သည်ဟု တပ်မဟာ (၂) မှ KIA စစ်အရာရှိ တဦးက ပြောပါသည်။ 

“ အစိုးရ တပ်တွေ မလှုပ်ရှားဘူး ဆိုရင်တော့ ကျနော်တို့လည်း မပစ်ပါဘူး။ အခုတက်လာတဲ့ ယာဉ်တန်းကတော့ စစ်ယာဉ် တန်းဆိုတော့ တိုက်ရတာပေါ့။ ကားတန်းကို မိုင်းနဲ့ ခွဲပစ်လိုက်တာပါ။ အစိုးရဖက်ကတော့ (၃) ယောက်လောက် ထိခိုက် တယ်လို့တော့ ကြားရပါတယ်။ ဒီလို တိုက်ခိုက်လိုက်တဲ့ အတွက် သူတို့က ရွာသားအိမ်တွေကို မီးလိုက်ရှို့တယ်ဗျ။” ဟု ဆိုပါသည်။

အစိုးရ တပ်များသည်၊ ယခုကဲ့သို့ အတိုက်ခိုက် ခံရသဖြင့် လုံးခင်း -ကားမိုင်း လမ်းမကြီး၌ရှိသော လောခန်းရွာသား ဦးလ ဖိုင်ရာဆိုင်း အိမ်ကို မီးရှို့ လိုက်ပါသည်။ အိမ် ၃ လုံး မီးလောင်သွားပြီး သစ်ခွဲစက်၊ ဆိုင်ကယ်တစီး၊ စက်ဘီးတစီး မီးလောင် သွားပါသည်။

KIA မိုင်းခွဲသော နေရာမှာ ကားမိုင်းရှိ ကျောက်စိန်တောင် ကုမ္မဏီ အနီးတွင် ဖြစ်ပါသည်။ ကားအစီးရေ (၄၀) ခန့် ရှိပြီး ကျည်ဆံနှင့် ရိက္ခာများ တင်ဆောင်လာသည့် အတွက် မိုင်းဖြင့် ဆီးကြို တိုက်ခိုက် လိုက်ခြင်းဖြစ်သည်ဟု မိုင်းခွဲခဲ့သော KIA တပ်ရင်း (၆) ၏ တပ်ခွဲ (၂) မှူးက ဆိုပါသည်။ 

ကားတန်းတွင် ပါလာသော အစိုးရ တပ်များသည် လမ်းလုံခြုံရေးအတွက် တာဝန် ယူနေကျ အမှတ် (၃) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၃) မဟုတ်ဘဲ တပ်သစ်ဖြစ်ဖွယ် ရှိသည်ဟု KIA ဖက်က ယူဆပါသည်။

KIA တပ်မဟာ (၂) ကို စစ်ဆင်ရန် အစိုးရ တပ်မ (၃၃) တပ်ရင်း အချို့နှင့် တပ်မ (၇၇) မှ တပ်ရင်း အချို့ လာရောက်ဖွယ် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။ ဤသတင်းများနှင့်အတူ အစိုးရ တပ်များသည် ကာမိုင်း-လုံခင်း ကားလမ်းကို အရပ်သားများ အသုံးမပြုရန် ပိတ်ထားလိုက်သည့် အတွက် တိုက်ခိုက်မှုများ ဖြစ်လာသည်ဟု ဆိုရမည်ဖြစ်ပါသည်။

ယမန်နေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာ အထွက် ကားမိုင်း ကျေးရွာ အ၀င် ကြားတွင် အစိုးရ စစ်ယာဉ်တန်းကို KIA တပ်မဟာ (၂) တပ်ရင်း (၆)မှ မိုင်းခွဲ တိုက်ခိုက် လိုက်သည်
ဟု တပ်မဟာ (၂) မှ KIA စစ်အရာရှိ တဦးက ပြောပါသည်။ 
“ အစိုးရ တပ်တွေ မလှုပ်ရှားဘူး ဆိုရင်တော့ ကျနော်တို့လည်း မပစ်ပါဘူး။ အခုတက်လာတဲ့ ယာဉ်တန်းက
တာ့ စစ်ယာဉ် တန်းဆိုတော့ တိုက်ရတာပေါ့။ ကားတန်းကို မိုင်းနဲ့ ခွဲပစ်လိုက်တာပါ။ အစိုးရဖက်ကတော့ (၃) ယောက်လောက် ထိခိုက် တယ်လို့တော့ ကြားရပါတယ်။ ဒီလို တိုက်ခိုက်လိုက်တဲ့ အတွက် သူတို့က ရွာ
သားအိမ်တွေကို မီးလိုက်ရှို့တယ်ဗျ။” ဟု ဆိုပါသည်။

အစိုးရ တပ်များသည်၊ ယခုကဲ့သို့ အတိုက်ခိုက် ခံရသဖြင့် လုံးခင်း -ကားမိုင်း လမ်းမကြီး၌ရှိသော လောခန်း
ရွာသား ဦးလ ဖိုင်ရာဆိုင်း အိမ်ကို မီးရှို့ လိုက်ပါသည်။ အိမ် ၃ လုံး မီးလောင်သွားပြီး သစ်ခွဲစက်၊ ဆိုင်ကယ်
တစီး၊ စက်ဘီးတစီး မီးလောင် သွားပါသည်။

KIA မိုင်းခွဲသော နေရာမှာ ကားမိုင်းရှိ ကျောက်စိန်တောင်ကုမ္မဏီအနီးတွင် ဖြစ်ပါသည်။ ကားအစီးရေ (၄၀)
ခန့် ရှိပြီး ကျည်ဆံနှင့် ရိက္ခာများတင်ဆောင်လာသည့်အတွက်မိုင်းဖြင့်ဆီးကြို တိုက်ခိုက် လိုက်ခြင်းဖြစ်သည်
ဟု မိုင်းခွဲခဲ့သော KIA တပ်ရင်း (၆) ၏ တပ်ခွဲ (၂) မှူးက ဆိုပါသည်။ 

ကားတန်းတွင် ပါလာသော အစိုးရ တပ်များသည် လမ်းလုံခြုံရေးအတွက် တာဝန် ယူနေကျ အမှတ် (၃) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၃) မဟုတ်ဘဲ တပ်သစ်ဖြစ်ဖွယ် ရှိသည်ဟု KIA ဖက်က ယူဆပါသည်။

KIA တပ်မဟာ (၂) ကို စစ်ဆင်ရန် အစိုးရ တပ်မ (၃၃) တပ်ရင်း အချို့နှင့်တပ်မ (၇၇) မှတပ်ရင်း အချို့ လာ
ရာက်ဖွယ် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။ ဤသတင်းများနှင့်အတူ အစိုးရ တပ်များသည် ကာမိုင်း-လုံခင်း ကားလမ်းကို အရပ်သားများ အသုံးမပြုရန် ပိတ်ထားလိုက်သည့် အတွက် တိုက်ခိုက်မှုများ
ဖစ်လာသည်ဟု ဆိုရမည်ဖြစ်ပါသည်။
 
 
Jade Land News:

0 comments:

Post a Comment