အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ
ပြင်းထန်လာနေတဲ့အတွက် တရုတ်အစိုးရက မြန်မာနယ်စပ်မှာ တရုတ်စစ်တပ်တွေ
တိုးမြှင့်ချထားလိုက်တယ်လို့ အင်္ဂလပ်ဘာသာနဲ့ထုတ်ဝေတဲ့ Global Times
တရုတ်အစိုးရသတင်းစာက ဖေါ်ပြလိုက် ပါတယ်။ အခြေအနေတွေကို
သိရဖို့အတွက် တရုတ်၊ယူနန်ပြည်နယ် နဲ့ မြန်မာ ကချင်ပြည်နယ် နယ်စပ်မှာ စစ်တပ်
တွေချထားခဲ့တာဖြစ်ကြောင်း Global Times က သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် တပ်အင်အား ဘယ်လောက်ချထားတယ် စတာကိုတော့ အသေးစိတ်အချက်အလက်တွေ ဖေါ်ပြထားခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ ဇန်န၀ါရီ (၉) ရက်နေ့ညက ကချင်ဘက်မှာ ပေါက်ကွဲသံတွေ
ကြားခဲ့ရပြီးတဲ့နောက်မှာတော့ ဒေသခံတွေ တရုတ်-မြန်မာ နယ်စပ်ကို
ဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲ ပြေးဝင်လာခဲ့ကြတယ်ဆိုတာကိုတော့
ဖေါ်ပြထားပါတယ်။
မနှစ်ကကချင်ပြည်နယ်တွင်းတိုက်ပွဲတြွေေ ကာင့်တရုတ်နိုင်ငံထဲထွက်ပြေးခဲ့ကြသူ ဒုက္ခသည်တွေကို တရုတ်အစိုးရက
အတင်းအကျပ်ပြန်ပို့ခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက
ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
RFA (Burmese)
0 comments:
Post a Comment