Pages

Saturday, January 12, 2013

“ရှေ့နေရုံးအား ဟိုတယ်အဖြစ် ပြောင်းလဲမှု ရပ်တန့်ရန် ရှေ့နေကွန်ယက် ထပ်မံတောင်းဆို”

“ရှေ့နေရုံးအား ဟိုတယ်အဖြစ် ပြောင်းလဲမှု ရပ်တန့်ရန် ရှေ့နေကွန်ယက် ထပ်မံတောင်းဆို”

ရန်ကုန်၊ ဇန်န၀ါရီ ၁၁

ကမ်းနားလမ်းရှိ ရှေ့နေရုံးအား ပုဂ္ဂလိကလွှဲ၍ ဟိုတယ်အဖြစ် ပြောင်းလဲမှုအပေါ် ရပ်တန့်ပေးရန် အစိုးရမှ တိကျပြတ်သားသော အဖြေမထွက်မချင်း ဆက်လက်ဆန္ဒပြ သွားမည်ဟု ဗိုလ်အောင်ကျော်လမ်းတွင် ယနေ့ နေ့လည် ၂ နာရီက ပြုလုပ်သော ရှေ့နေများ ကွန်ယက် ဆွေးနွေးပွဲမှ သိရသည်။

“ကမ်းနားလမ်းမှာ ရှိတဲ့ ရုံးကြီးရဲ့ ကိစ္စဟာ စိန်ခေါ်မှု တစ်ရပ်ပါပဲ။ ဒီကိစ္စကို မရပ်တန့်မချင်း အစီအစဉ်ချမှတ်ပြီး ဆက်လက်လုပ်ဆောင်သွားပါမယ်”ဟု ရှေ့နေများကွန်ယက် အဖွဲ့ဝင် တစ်ဦးက ပြောသည်။ ဘားလမ်းနှင့် ကမ်းနားလမ်းရှိ တရားရုံးချုပ် အဆောက်အဦးနှစ်ခုအား ဟိုတယ်အဖြစ် အစိုးရမှ ပုဂ္ဂလိက လွှဲပြောင်းခံမှုအပေါ် ရှေ့နေများ ကွန်ယက်မှ နိုဝင်ဘာလ အတွင်းက ကန့်ကွက်ဆန္ဒပြခဲ့သည်။

ဘားလမ်းရှိ အဆောက်အဦးမှာ ပုဂ္ဂလိက ခွင့်ပြုမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့သော်လည်း ကမ်းနားလမ်းရှိ အဆောင်အဦးမှာ ယခုအချိန်အထိ ဆက်လက်ပြုပြင် လုပ်ကိုင်နေခြင်း များကြောင့် ရှေ့နေများကွန်ယက်မှ ကန့်ကွက်မှုများ ဆက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ပြုလုပ်သော ဆွေးနွေးပွဲအား ရှေ့နေများ ကွန်ယက်အထက်မြန်မာပြည် အပါအ၀င် ရှေ့နေပေါင်း ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး
Popular

ကမ်းနားလမ်းရှိ ရှေ့နေရုံးအား ပုဂ္ဂလိကလွှဲ၍ ဟိုတယ်အဖြစ် ပြောင်းလဲမှုအပေါ် ရပ်တန့်ပေးရန် အစိုးရမှ တိကျပြတ်သားသော အဖြေမထွက်မချင်း ဆက်လက်ဆန္ဒပြ သွားမည်ဟု ဗိုလ်အောင်ကျော်လမ်းတွင် ယနေ့ နေ့လည် ၂ နာရီက ပြုလုပ်သော ရှေ့နေများ ကွန်ယက် ဆွေးနွေးပွဲမှ သိရသည်။ “ကမ်းနားလမ်းမှာ ရှိတဲ့ ရုံးကြီးရဲ့ ကိစ္စဟာ စိန်ခေါ်မှု တစ်ရပ်ပါပဲ။ ဒီကိစ္စကို မရပ်တန့်မချင်း အစီအစဉ်ချမှတ်ပြီး ဆက်လက်လုပ်ဆောင်သွားပါမယ်”ဟု ရှေ့နေများကွန်ယက် အဖွဲ့ဝင် တစ်ဦးက ပြောသည်။ ဘားလမ်းနှင့် ကမ်းနားလမ်းရှိ တရားရုံးချုပ် အဆောက်အဦးနှစ်ခုအား ဟိုတယ်အဖြစ် အစိုးရမှ ပုဂ္ဂလိက လွှဲပြောင်းခံမှုအပေါ် ရှေ့နေများ ကွန်ယက်မှ နိုဝင်ဘာလ အတွင်းက ကန့်ကွက်ဆန္ဒပြခဲ့သည်။

ဘားလမ်းရှိ အဆောက်အဦးမှာ ပုဂ္ဂလိက ခွင့်ပြုမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့သော်လည်း ကမ်းနားလမ်းရှိ အဆောင်အဦးမှာ ယခုအချိန်အထိ ဆက်လက်ပြုပြင် လုပ်ကိုင်နေခြင်း များကြောင့် ရှေ့နေများကွန်ယက်မှ ကန့်ကွက်မှုများ ဆက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ပြုလုပ်သော ဆွေးနွေးပွဲအား ရှေ့နေများ ကွန်ယက်အထက်မြန်မာပြည် အပါအ၀င် ရှေ့နေပေါင်း ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး
Popular

0 comments:

Post a Comment