Pages

Saturday, January 12, 2013

ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်များအတွင်း နေ့ပြန်တိုး၊ မတ်တိုးများကြောင့် အတိုးပေါ်အတိုးဆင့်ကာ ပြန်လည်မဆပ်နိုင်၍ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေ


ရန်ကုန်မြို့အတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်များ၌ နေ့ပြန်တိုး၊ မတ်တိုးများကြောင့် အတိုးပေါ်အတိုးဆင့်ကာ ပြန်လည်မဆပ်နိုင်ဘဲ ထွက်ပြေးတိမ်းရှောင်သူများ ရှိကြောင်း ရပ်ကွက်နေသူအများစု၏ ပြောပြချက်အရ သိရသည်။ဆင်ခြေဖုံးရပ်ကွက်အတွင်းရှိ မိသားစုများသည် စားဝတ်နေရေး မပြေလည်မှုများကြောင့်သော်
လည်ကောင်း နေ့စဉ်ရရှိသည့် ရှိသည့်ဝင်ငွေနည်းပါးမှုကြောင့်လည်းကောင်း ရပ်ကွက်အတွင်းတိတ်တိတ်
ပုန်းရောင်းချနေသည့် နှစ်လုံးသုံးလုံးချဲထီများကြောင့်

သာ ငွေတိုးချေးသူများထံမှ အတိုးငွေများကို အဆမတန်းပေးကာ ငွေချေးယူမှုများရှိကာ နောက်ပိုင်းတွင် အတိုးပေါ်အတိုးဆင့်၍ ပြန်လည်မဆပ်နိုင်ဘဲ မိသားစုနှင့် အိမ်ကိုစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်သူများ ရှိနေကြောင်း သိရသည်။

"မြောက်ဥက္ကလာရပ်ကွက်အတွင်းရှိ ငွေတိုးပေးသူတစ်ဦး မမြင့်သဇင်မှ ပိုက်ဆံချေးရင် တစ်ရာကိုနှစ်ဆယ်တိုးယူတယ်။ ဒါကနေ့ပြန်တိုး။ မတ်တိုးကတော့ ကိုယ်ချေးထားတဲ့ငွေအရင်းကို ပြန်မဆပ်နိုင်မချင်း အတိုးကိုပဲနေ့တိုင်းပေးရတယ်။ တစ်ချို့ဝင်ငွေမရှိတဲ့နေ့ဆိုရင် နေ့သွင်းပေးဖို့အတွက်ကို တစ်ခြားတစ်ယောက်ဆီက အတိုးနဲ့ထပ်ချေး။ နောက်ဆုံးကျတော့ အတိုးပေါ်အတိုးဆင့်ပြီးတော့ပဲ ထွက်ပြေးရတဲ့အဆင့်ကိုရောက်ရော" ဟု ပြောသည်။

သာကေတမြို့နယ် ၁၀ တောင် ၁၄ ရပ်ကွက်အတွင်းရှိ ထွက်ပြေးတိမ်းရှောင်သူတစ်ဦး၏ ယောက်ျားဖြစ်သူ ဦးတင်မောင်လတ်က "ကျွန်တော့မိန်းမ နှစ်လုံးထီအရမ်းထိုးတယ်။ တစ်နေ့ကို တစ်သိန်းကျော်ဖိုး ထိုးတယ်။ နှစ်လုံးနောက်လိုက်ရာကနေ နှစ်လုံးရှင်းပြီးတော့ အတိုးများတဲ့ငွေရှင်တွေဆီက ပိုက်ဆံချေးပြီးတော့ ရှင်း
တယ်။ ချေးတဲ့ငွေကနည်းနည်း အတိုးကများပြီး သားသမီး၃ ယောက်ကိုပစ်ပြီးထွက်ပြေးရတဲ့ဘ၀ကို ရောက်
တာပါပဲ" ဟု ပြောပြခဲ့သည်။

ဆင်ခြေဖုံးမြို့နယ်တစ်ခုဖြစ်သော လှိုင်သာယာမြို့နယ်တွင်လည်း ထိုနည်းတူကိစ္စရပ်များ အများဆုံးဖြစ်ပွား
လျက်ရှိပြီး ယင်းငွေတိုးကိစ္စများကြောင့် ရန်ပွဲများ ရပ်ကွက်အတွင်း၌ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း ၁ ထိပ်မှတ်တိုင်ဗိုလ်ဗထူးလမ်းအတွင်းရှိ နေထိုင်သူများက ပြောသည်။အဆိုပါကိစ္စရပ်များ ဖြစ်ပွားရသည့်အဓိ
ကအကြောင်းရင်းမှာဆင်ခြေဖုံးရပ်ကွက်အတွင်းတွင် နှစ်လုံးသုံးလုံးချဲထီများကြောင့် ငွေချေးယူသူများရှိပြီး
အတိုးငွေများစွာယူ၍ တရားမ၀င်ငွေချေးမှုများ အများဆုံးရှိနေကြောင်း သိရသည်။

Eleven Media:

0 comments:

Post a Comment