Pages

Saturday, January 12, 2013

၂၀၁၃ နှစ်ဦး ဆောင်းရာသီ အထူးဆိုးဝါးသည့်အမေရိကန်တုတ်ကွေး ကာကွယ်ဆေးထိုးရန် နှိုးဆော် (ပြည်ပရောက်မြန်မာများ သတိပြုရန်)

၂၀၁၃ နှစ်ဦး ဆောင်းရာသီ အထူးဆိုးဝါးသည့်အမေရိကန်တုတ်ကွေး ကာကွယ်ဆေးထိုးရန် နှိုးဆော်

မိုးမခအထောက်တော် ၀၀၂၊ ဇန်န၀ါရီ ၁၁၊ ၂၀၁၃

ယခုနှစ် ဆောင်းရာသီတွင် ကူးစက်နှုန်းအလွန်မြန်ဆန်ပြီး အထူးဆိုးဝါးပြင်းထန်သော အအေးမိ၊ နှာစေး၊ ချောင်းဆိုး နှင့် တုတ်ကွေးရောဂါများ အမေရိကန်ပြည်အနှံ့ ဖြစ်ပွားနေသည့်အတွက် မိသားစုများ၊ ကျောင်းသား လူငယ်များ၊ လူကြီးများ ကြိုတင်ပြီး တုတ်ကွေးကာကွယ်ဆေး ထိုးထားကြရန် အမေရိကန်ကျန်မာရေးအဖွဲ့များ၊ မီဒီယာများက တိုက်တွန်းနှိုးဆော်ထားသည်။

အမေရိကန် တောင်ပိုင်း တက္ကဆပ်ပြည်နယ်မှသည် အမေရိကန်မြောက်ပိုင်း အင်ဒီယာနာပြည်နယ်တို့အထိ အသေအပျောက် ရှိသည်အထိ တုတ်ကွေးကူးစက်မှုများ ရှိနေကြောင်း သတင်းများက ဆိုသည်။ အအေးမိ နှာစေးဖြစ်သည်နှင့် ကောင်းမွန်စွာ အနားယူရန်၊ လက်ဆေးရန်၊ လူအများနှင့် ထိတွေ့မှုမှ ရှောင်ရှားရန် စသည့် တကိုယ်ရေစောင့်ရှောက်မှုမှသည် ဆေးရုံ ဆေးခန်းများတွင် ပြသပြီး ကုသမှုခံယူရန်၊ မဖြစ်ပွားမီ ကြိုတင် တုတ်ကွေးကာကွယ်ဆေးထိုးထားကြရန် တိုက်တွန်းလျက်ရှိသည်။

အမေရိကန်လူဦးရေ သန်း ၃၀၀ အနက် လူ ၁သန်းကျော်အထိ စိုးရိမ်ဖွယ် ဖျားနာမှုဖြစ်သည်အထိ ကူးစက်နိုင်ကြောင်း၊ လူ ၂ သောင်းကျော်အထိ သေကျေပျက်စီးနိုင်ကြောင်း၊ ပြည်နယ် ၅၀ အနက် ၄၀ ပြည်နယ်အထိ တုတ်ကွေးပြန့်နှံ့မှု ရှိကြောင်း သတင်းများက ဆိုသည်။ 

အခြေခံလူတန်းစာများ၊ သက်ကြီးရွယ်အိုများအတွက် အစိုးရနှင့် ပြည်နယ်အစိုးရတို့က အခမဲ့ သို့မဟုတ် အသက်သာဆုံး စောင့်ရှောက်မှုအဖြစ် တုတ်ကွေးဆေးထိုးပေးလျက်ရှိသည်ဟု သိရသည်။

ဇန်န၀ါရီ ၁၁၊ ၂၀၁၃

ယခုနှစ် ဆောင်းရာသီတွင် ကူးစက်နှုန်းအလွန်မြန်ဆန်ပြီး အထူးဆိုးဝါးပြင်းထန်သော အအေးမိ၊ နှာစေး၊
ချာင်းဆိုး နှင့် တုတ်ကွေးရောဂါများ အမေရိကန်ပြည်အနှံ့ ဖြစ်ပွားနေသည့်အတွက် မိသားစုများ၊ ကျောင်း
သား လူငယ်များ၊ လူကြီးများ ကြိုတင်ပြီး တုတ်ကွေးကာကွယ်ဆေး ထိုးထားကြရန် အမေရိကန်ကျန်မာရေး
အဖွဲ့များ၊ မီဒီယာများက တိုက်တွန်းနှိုးဆော်ထားသည်။အမေရိကန် တောင်ပိုင်း တက္ကဆပ်ပြည်နယ်မှသည် အမေရိကန်မြောက်ပိုင်း အင်ဒီယာနာပြည်နယ်တို့အထိ အသေအပျောက် ရှိသည်အထိ တုတ်ကွေးကူးစက်မှုများ ရှိနေကြောင်း သတင်းများက ဆိုသည်။ အအေးမိ
နှာစေးဖြစ်သည်နှင့် ကောင်းမွန်စွာ အနားယူရန်၊ လက်ဆေးရန်၊ လူအများနှင့် ထိတွေ့မှုမှ ရှောင်ရှားရန် စ
သည့် တကိုယ်ရေစောင့်ရှောက်မှုမှသည် ဆေးရုံ ဆေးခန်းများတွင် ပြသပြီး ကုသမှုခံယူရန်၊ မဖြစ်ပွားမီ ကြို
တင် တုတ်ကွေးကာကွယ်ဆေးထိုးထားကြရန် တိုက်တွန်းလျက်ရှိသည်။

အမေရိကန်လူဦးရေ သန်း ၃၀၀ အနက် လူ ၁သန်းကျော်အထိစိုးရိမ်ဖွယ်ဖျားနာမှုဖြစ်သည်အထိကူးစက်နိုင်
ကြာင်း၊ လူ ၂ သောင်းကျော်အထိ သေကျေပျက်စီးနိုင်ကြောင်း၊ ပြည်နယ် ၅၀ အနက် ၄၀ ပြည်နယ်အထိ တုတ်ကွေးပြန့်နှံ့မှု ရှိကြောင်း သတင်းများက ဆိုသည်။ 

အခြေခံလူတန်းစာများ၊ သက်ကြီးရွယ်အိုများအတွက် အစိုးရနှင့် ပြည်နယ်အစိုးရတို့က အခမဲ့ သို့မဟုတ် အ
သက်သာဆုံး စောင့်ရှောက်မှုအဖြစ် တုတ်ကွေးဆေးထိုးပေးလျက်ရှိသည်ဟု သိရသည်။
 
မိုးမခအထောက်တော်
 

0 comments:

Post a Comment