Pages

Saturday, January 12, 2013

မန္တလေးမှာ မီးတွေပျက်နေပြန်ပြီ


"မန္တလေးမှာတော့ မီးအတော်ပြန်ပျက်နေပါပြီ၊ မီးစက်ကြီးတွေ ဝယ်ထားတယ် ဂစ်တာဘိုင်တွေ တိုးထားတယ်ဆိုပေမဲ့ တကယ်မောင်းပေးဖို့ က ရှံးနေတာကြောင့် မမောင်းပေးတာလို့လည်းကြားပါတယ်။
မြန်မာပြည်မှာ ရေအားကနေ လျှပ်စစ်ထုတ်ရင် ၉ကျပ်သာသာ အရင်းကျတယ် ဆိုရင် မောင်ပေးတာက ၁၀၀ ကျေိာအရင်းကျတယ်လို့ ကြားပါတယ်။ ရတာက ၅၀ လောက်ဆိုတော့ ရေအား ရနေချိန် အပြည့်ပေးပေမဲ့ မရချိန်မှာ တော့ တတ်နိုင်သလောက်လျော့နေတဲ့ပုံ၇ှိပါတယ်။ လျှပ်စစ်ရဲ့ အရှုံးအမြတ်ကို ကုမ္ပဏီ လို ပွင့်လင်းစွာ မသိနိုင်ကြရသေးသမျှ ဒီအဟလေးတွေက ဂွင်တွေ ဖြစ်နေဦးမှာပါ။ ဆင်းရဲသားအကြောင်းပြပြီး ဝန်ထမ်းမီတာခ ဆင်းရဲသားမီတာခ စက်မှု့မီတာခ ခွဲတာတောင် စာရင်း ကျွမ်း
ကျင်တွေက ပွဲတော်ကြီးဖြစ်နေပြီလို့ မြင်ပါတယ်။ နိုင်ငံတော်က ဒီအတိုင်းရဖို့ မလွယ်ပါ စီမံခန့်ခွဲမှု့ကို ရှုပ်ထွေးစေရင် ဒီလိုဖြစ်နေကြပါဘဲ။

ဒီအချိန်မှာ ၁၀၀ ကျော်တောင်ရင် ဝမ်းသာမိမှာဖြစ်ပေမဲ့ မီတာခတက်တယ်ဆူပူတာနဲ့ ဘယ်သူမှ လုပ်ရဲမည့်အချိန်မဟုတ်ပါဘူး။ ကိုယ့်လုပ်ငန်းတွေကတော့ မီးစက်နှိုးနေရတော့ ၂၀၀-၃၀၀ မက ကျနေတာကို သုံးနေရတော့ ၁၀၀ဆိုလည်း မက်မိမှာပါ။

လောလောဆယ် မန်းမှာ မီတာတွေ စက်နဲ့ဖတ်တယ် ဓာတ်တိုင်မှာ တတ်တယ် ဒါကြောင့် ဘယ်လောက်သုံးဘာဖြစ် ပိုသိနိုင်သလို ခိုးသုံးတွေ ၇ှားသွားပါပြီ ပွင့်လင်းမြင်သာတဲ့ စနစ်နဲ့ လျပ်စစ်ကို အာမခံပြီး ရောင်းပေးနိုင်စေချင်ပါတယ်။ နိုင်ငံတော်ရဲ့ ပံ့ပိုးမှု့ကို ခွဲဝေသုံးစွဲနေတဲ့ ဘဝမျိုးကြီးထဲ ဆိုရှယ်လစ်စနစ်လို ထပ်မနေချင်တော့ပါဘူး။ ဒီဝန်ကြီးဌာနတွေက သူတွေ ကိုင်တွယ်ဖို့ အရည်ချင်း၇ှိကြတယ်ဆိုရင် လုပ်ပိုင်ခွင့်ကို ဖွင့်ပေးလိုက်စေချင်ပါတယ် အရည်အချင်းမရှိရင် ဂွင်များရင် စေတနာနဲရင် တော့ လဲပြစ်စေချင်ပါတယ်။ နိုင်ငံတော်ရဲ့ သွားရာ ပန်တိုင်ကို မီးမရဘဲ သွားလို့မရဘူးဆိုတာတော့ သူတို့ သိမယ်ထင်ပါတယ်။

အချို့ မီးမှန်တဲ့နေရာမှာ ရောက်နေသူတွေအတွက်တော့ ကျွန်တော်လျှာရှေတယ်ထင်မိပါလိမ့်မယ် အဲဒါကို က ကျွန်တော်တို့ တစ်တွေ နေရာ ပေါ်လိက်ပြီး နိုင်ငံသားချင်းတူတူ ခွဲခြားဆက်ဆံခံနေရတာပါ။
ပထမအဆင့်တော့ လျပ်စစ်ဌာနတွေမှာ ဘယ်ချိန် ဘယ်နေရာတွေ မှာ လာတယ် ပျက်တယ် ဆိုတာ တိကျတဲ့ မှတ်တန်းတင် စနစ် တရားဝင်စစေချင်တာပါဘဲ။ သမတကြီးပြောတဲ့ Good government , Clean Government ကို သွားဖို့ မှတ်တန်းတိကျတာက စရပါမယ် ရောဂါသိမှဆေးကုလို့ရနိုင်ပါမယ်။"

ဦးရဲမြတ်သူ(MCF(Myanmar Computer Federation)
News of Myanmar 

0 comments:

Post a Comment