Pages

Saturday, July 6, 2013

မြန်မာနိုင်ငံတွင် 4G စနစ် တပ်ဆင်မည်ဟု Ooredoo ဆို

Photo: မြန်မာနိုင်ငံတွင် 4G စနစ် တပ်ဆင်မည်ဟု Ooredoo ဆို

Saturday, 06 July 2013

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှု စတင်ပေးပါက 4G စနစ် တစ်ပါတည်း တပ်ဆင်ရန် စီစဉ်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးလိုင်စင် တင်ဒါ အောင်မြင်ထားသည့် ကာတာ ကုမ္ပဏီ အော်ရီဒူး (Ooredoo) ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ အမှုဆောင် အရာရှိချုပ် Ross Carmack က The Voice သို့ ပြောကြားသည်။

... “4G စနစ် ပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ အစိုးရနဲ့ အသေးစိတ် အချက်အလက် တွေ အပြီးသတ် ညှိနှိုင်းရပါဦးမယ်” ဟု ၎င်းက ဆိုသည်။

လိုအပ်သော အခြေခံ အဆောက်အဦ တည်ဆောက်မှုများ အပြီးသတ်ပါက 3G စနစ်ဖြင့် စတင် သုံးစွဲခွင့် ပေးမည်ဖြစ်ပြီး တပ်ဆင် သုံးစွဲမည့် စက်ပစ္စည်းများ၏ နည်းပညာရပ်ပိုင်း မြင့်မားသောကြောင့် 4G စနစ်လည်း တွဲဖက် အသုံးပြုနိုင်ကြောင်း ၎င်းက ဆိုသည်။

“အစိုးရဘက်က 4G ကြိမ်နှုန်း ရောင်းမယ်ဆိုတာမျိုး ပြောတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ပြဿနာ မရှိပါဘူး။ ကျွန်တော်တို့ ပစ္စည်းတွေက 4G ပါ သုံးနိုင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အကယ်၍ မြန်မာနိုင်ငံတွင် 4G စနစ် စတင် သုံးစွဲပါက အော်ရီဒူး၏ ဆက်သွယ်ရေး ကွန်ရက်အတွင်း ငါးနိုင်ငံမြောက် 4G စနစ် သုံးစွဲသောနိုင်ငံ ဖြစ်လာမည် ဖြစ်သည်။

လက်ရှိတွင် ဆက်သွယ်ရေးကွန်ရက် အထောက်အကူပစ္စည်း သွင်းမည့် ကုမ္ပဏီ (Vendor) ကိုလည်း မရွေးချယ်ရသေးဘဲ Erisson၊ Huawei ၊ ZTE နှင့် Nokia တို့ထဲမှ တစ်ခုခုဖြစ်မည်ဟု Ooredoo ထံမှ သိရသည်။

ကာတာအခြေစိုက် အော်ရီဒူး ကုမ္ပဏီသည် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် တင်ဒါ အောင်မြင်ထားပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံရှိ သုံးစွဲသူ ၉၃ သန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေသည်။

The Voice Weekly

Saturday, 06 July 2013

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှု စတင်ပေးပါက 4G စနစ် တစ်ပါတည်း တပ်ဆင်ရန် စီ
စဉ်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးလိုင်စင် တင်ဒါ အောင်မြင်ထားသည့် ကာတာ ကုမ္ပဏီ အော်ရီဒူး (Oore
doo) ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ အမှုဆောင် အရာရှိချုပ် Ross Carmack က The Voice သို့ ပြောကြား
သည်။ ... “4G စနစ် ပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ အစိုးရနဲ့ အသေးစိတ် အချက်အလက်
 တွေ အပြီးသတ် ညှိနှိုင်းရပါဦးမယ်” ဟု ၎င်းက ဆိုသည်။

လိုအပ်သော အခြေခံ အဆောက်အဦ တည်ဆောက်မှုများ အပြီးသတ်ပါက 3G စနစ်ဖြင့် စတင် သုံးစွဲခွင့်
 ပေးမည်ဖြစ်ပြီး တပ်ဆင် သုံးစွဲမည့် စက်ပစ္စည်းများ၏ နည်းပညာရပ်ပိုင်း မြင့်မားသောကြောင့် 4G စနစ်
လည်း တွဲဖက် အသုံးပြုနိုင်ကြောင်း ၎င်းက ဆိုသည်။

“အစိုးရဘက်က 4G ကြိမ်နှုန်း ရောင်းမယ်ဆိုတာမျိုး ပြောတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ပြဿနာ မရှိ
ပါဘူး။ ကျွန်တော်တို့ ပစ္စည်းတွေက 4G ပါ သုံးနိုင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အကယ်၍ မြန်မာနိုင်ငံတွင် 4G စနစ် စတင် သုံးစွဲပါက အော်ရီဒူး၏ ဆက်သွယ်ရေး ကွန်ရက်အတွင်း ငါးနိုင်
ငံမြောက် 4G စနစ် သုံးစွဲသောနိုင်ငံ ဖြစ်လာမည် ဖြစ်သည်။

လက်ရှိတွင် ဆက်သွယ်ရေးကွန်ရက် အထောက်အကူပစ္စည်း သွင်းမည့် ကုမ္ပဏီ (Vendor) ကိုလည်း မရွေး
ချယ်ရသေးဘဲ Erisson၊ Huawei ၊ ZTE နှင့် Nokia တို့ထဲမှ တစ်ခုခုဖြစ်မည်ဟု Ooredoo ထံမှ သိရသည်။

ကာတာအခြေစိုက် အော်ရီဒူး ကုမ္ပဏီသည် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် တင်ဒါ အောင်မြင်ထားပြီး နိုင်ငံ
ပေါင်း ၁၅ နိုင်ငံရှိ သုံးစွဲသူ ၉၃ သန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 6.7.2013

0 comments:

Post a Comment