Pages

Saturday, July 6, 2013

ဆေးလိပ်သောက်ခြင်းအကျင့်အား တူရကီအမျိုးသားတစ်ဦး ထူးခြားသည့် နည်းလမ်းသုံး၍ စွန့်လွှတ်ရန်ကြိုးပမ်း

Photo: ဆေးလိပ်သောက်ခြင်းအကျင့်အား တူရကီအမျိုးသားတစ်ဦး ထူးခြားသည့် နည်းလမ်းသုံး၍ စွန့်လွှတ်ရန်ကြိုးပမ်း
Saturday, 06 July 2013

တူရကီ နိုင်ငံမှ အမျိုးသား တစ်ဦးသည် ၎င်း၏ ဆေးလိပ် သောက်သည့် အကျင့် ဆိုးကို စွန့်လွှတ် နိုင်ရန် အတွက် မည်သူမျှ မစဉ်းစားဖူးသည့် နည်းလမ်း တစ်မျိုးကို သုံး၍ ကြိုးပမ်းလျက် ရှိကြောင်း တူရကီ သတင်းစာ တစ်စောင်က ဖော်ပြထားသည်။

အဆိုပါ အမျိုးသား၏ အမည်မှာ အီဘရာဟင် ဖြစ်ပြီး အသက် ၄၂ နှစ် ရှိပြီ ဖြစ်သည်။ ၎င်းသည် တူရကီ နိုင်ငံ အနောက် ပိုင်းရှိ ကူဖောဟာ ပြည်နယ်တွင် နေထိုင်သူ ဖြစ်ကာ တစ်ရက်လျှင် စီးကရက် နှစ်ဘူးကို သောက်တတ်သူ ဖြစ်ကြောင်းနှင့် ယင်းနှုန်းထားနှင့် ဆေးလိပ် သောက်လာခဲ့သည့် သက်တမ်းမှာ ၂၆ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။

အီဘရာဟင်သည် ၎င်း၏ ဆေးလိပ် အလွန် အကျွံ သောက်သည့် အကျင့်ဆိုးကို ဖြတ်ပစ် နိုင်ရန် အတွက် ခေါင်းဆောင်း သဏ္ဌာန် လှောင်အိမ် တစ်ခုကို ပြုလုပ် ကာ ၎င်း၏ ဦးခေါင်းကို ဦးခေါင်းစွပ် လှောင်အိမ် အတွင်း၌ ထည့်၍ ယင်း လှောင်အိမ်ကို သော့ခတ်သည့် နည်းဖြင့် ဆေးလိပ်ဖြတ်လျက် ရှိကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြ ထားသည်။

အဆိုပါ ဦးခေါင်းစွပ် လှောင်အိမ်၏ သော့ကို နှစ်ချောင်း ပြုလုပ် ထားပြီး တစ်ချောင်းကို ၎င်း၏ သားဖြစ်သူထံ အပ်နှံ၍ ကျန်တစ်ချောင်းကို ဇနီး ဖြစ်သူထံ အပ်ထားကြောင်း၊ ၎င်း ဦးခေါင်း စွပ်ကို နှစ်ရက်ခြား တစ်ကြိမ် ဆောင်းလေ့ ရှိကြောင်း၊ ယင်းကဲ့သို့ ပြုလုပ် ခဲ့ပြီး နောက်ပိုင်းမှ စ၍ ဆေးလိပ် မသောက် တော့ကြောင်း အီဘရာဟင်က ပြောကြားသည်။

(အင်တာနက်)
မြ၀တီ

Saturday, 06 July 2013

တူရကီ နိုင်ငံမှ အမျိုးသား တစ်ဦးသည် ၎င်း၏ ဆေးလိပ် သောက်သည့် အကျင့် ဆိုးကို စွန့်လွှတ် နိုင်ရန် အ
တွက် မည်သူမျှ မစဉ်းစားဖူးသည့် နည်းလမ်း တစ်မျိုးကို သုံး၍ ကြိုးပမ်းလျက် ရှိကြောင်း တူရကီ သတင်းစာ တစ်စောင်က ဖော်ပြထားသည်။ အဆိုပါ အမျိုးသား၏ အမည်မှာ အီဘရာဟင် ဖြစ်ပြီး အသက် ၄၂ နှစ် ရှိပြီ ဖြစ်သည်။ ၎င်းသည် တူရကီ နိုင်ငံ အနောက် ပိုင်းရှိ ကူဖောဟာ ပြည်နယ်တွင် နေထိုင်သူ ဖြစ်ကာ တစ်ရက်လျှင် စီးကရက် နှစ်ဘူးကို သောက်
တတ်သူ ဖြစ်ကြောင်းနှင့် ယင်းနှုန်းထားနှင့် ဆေးလိပ် သောက်လာခဲ့သည့် သက်တမ်းမှာ ၂၆ နှစ် ရှိပြီ ဖြစ်
ကြောင်း သိရသည်။

အီဘရာဟင်သည် ၎င်း၏ ဆေးလိပ် အလွန် အကျွံ သောက်သည့် အကျင့်ဆိုးကို ဖြတ်ပစ် နိုင်ရန် အတွက်
ခေါင်းဆောင်း သဏ္ဌာန် လှောင်အိမ် တစ်ခုကို ပြုလုပ် ကာ ၎င်း၏ ဦးခေါင်းကို ဦးခေါင်းစွပ် လှောင်အိမ် အ
တွင်း၌ ထည့်၍ ယင်း လှောင်အိမ်ကို သော့ခတ်သည့် နည်းဖြင့် ဆေးလိပ်ဖြတ်လျက် ရှိကြောင်း အဆိုပါ သ
တင်းစာတွင် ဖော်ပြ ထားသည်။

အဆိုပါ ဦးခေါင်းစွပ် လှောင်အိမ်၏ သော့ကို နှစ်ချောင်း ပြုလုပ် ထားပြီး တစ်ချောင်းကို ၎င်း၏ သားဖြစ်သူထံ အပ်နှံ၍ ကျန်တစ်ချောင်းကို ဇနီး ဖြစ်သူထံ အပ်ထားကြောင်း၊ ၎င်း ဦးခေါင်း စွပ်ကို နှစ်ရက်ခြား တစ်ကြိမ်
ဆောင်းလေ့ ရှိကြောင်း၊ ယင်းကဲ့သို့ ပြုလုပ် ခဲ့ပြီး နောက်ပိုင်းမှ စ၍ ဆေးလိပ် မသောက် တော့ကြောင်း အီဘ
ရာဟင်က ပြောကြားသည်။

မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၆.၇.၂၀၁၃

0 comments:

Post a Comment