Saturday, 06 July 2013
၆.၇.၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ဒဂုံတောင်မြို့နယ်၊ (၆၆)ရပ်ကွက်၊ ဧရာဝဏ်လမ်းနှင့် ပဲခူးမြစ်လမ်းဆုံအ
၆.၇.၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ဒဂုံတောင်မြို့နယ်၊ (၆၆)ရပ်ကွက်၊ ဧရာဝဏ်လမ်းနှင့် ပဲခူးမြစ်လမ်းဆုံအ
နီးတွင် ဧရာဝဏ်လမ်းအတိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ သာကေတမြို့နယ်ဘက်သို့ ဆိုင်ကယ်အ
မှတ် ၂၇ယ/------၊လင်ဖန်း 110 တရုတ်နိုင်ငံလုပ် ဖြူနီကြားအရောင်ဆိုင်ကယ်အား မောင်းနှင်လာသည့် အ
မည်မသိဗမာအမျိုးသား၊ အသက်၄၀နှစ်ခန့်၊ အရပ် ၅ပေ၅လက်မခန့် ၊ အသားဖြူ၊ခန္ဓာကိုယ် ပိန်/ပါး၊ ၀ဲလက်မောင်းနှင့်လက်ဖျံတို့တွင်ဆေးမင်ကြောင်
များပါရှိ၊ နေရပ်လိပ်စာ(စုံစမ်းဆဲ)သည် ရပ်ထားသည့်နောက်တွဲပါ ၁၂ဘီးယာဉ်၏နောက်ဘက်အားဝင်တိုက်
မိ၍ ဦးခေါင်းထိပ်နှင့်နောက်စေ့ တို့တွင်ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့်
ဒဂုံတောင်မြို့မရဲစခန်း ယာဉ်(ပ)၂၀/၂၀၁၃၊ပုဒ်မ၃၀၄-ကဖြင့်
အမှုဖွင့်စုံစမ်းခဲ့ပါသည်။
အဆိုပါသေဆုံးသည့်အမျိုးသား၏အမည်နှင့်နေရပ်တို့အား ယာဉ်ထိန်းတပ်ဖွဲ့စု(၃၈)မှ စုံးစမ်း ဆောင်ရွက်ခဲ့
ရာ ၎င်းမှာကိုသန်းနိုင်ဦး(ခ)အငယ်လေး၊၃၅
နှစ်၊(ဘ)ဦးမောင်မောင်တင်၊(၁၈) ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်
ပိုင်း)မြို့နယ်နေသူဖြစ်သည်ကိုစုံစမ်းသိရှိခဲ့ကြောင်းသတင်းရရှိပါသည်။
ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၆.၇.၂၀၁၃
ကိုလတ် (ပန်ဘဲတန်:) :၆.၇.၂၀၁၃
0 comments:
Post a Comment