Pages

Tuesday, July 30, 2013

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်း ပါဝင်သော နေအိမ်များ မိမိဆန္ဒအရ ပြောင်းရွှေ့နိုင်

RangonNewsDaily:: July 30, 2013

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းပါဝင်သော နေအိမ်များ
အနေနှင့် မိမိဆန္ဒအရသာ ပြောင်းရွှေ့နိုင်သည်ဟု ထားဝယ်အထူးစီးပွားရေး
ဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ သူရဦးသောင်းလွင်က ပြောသည်။ တနင်္သာရီ
တိုင်းဒေသကြီး ထားဝယ်ခရိုင် နဘူးအိုင်ကျေးရွာတွင် အကောင်အထည်
ဖော်မည့် စီမံကိန်းဧရိယာထဲ၌ မူလက ရွာ(၂၀)ပြောင်းရွှေ့ရန် ပါဝင်သော်
လည်း ယခုအခါ (၆)ရွာသာပြောင်းရွှေ့ရတော့မည်ဟု သိရသည်။

၎င်းရွာများမှာ သိမ်ကြီး၊မဲနောင်၊မူတူး၊ ပရဒပ်ဝက်ချောင်း၊ ခပေါင်းချောင်းတို့ဖြစ်ပြီး၊စုစုပေါင်းအိမ်ခြေ(၂၁၂၆)လုံးနှင့် လူဦးရေ(၁၁၁၈၀)ကျော်ရှိသည်။ ထိုရွာများမှ မူတူးရွာသည် ပြောင်းရွှေ့ရန် သဘောတူညီထားပြီး၊ကျန်ရွာများမှာ ပြောင်းရွှေ့ရန် ပြောဆိုခြင်းမရှိသေးဟု သိရသည်။

သူရဦးသောင်းလွင်က"မူတူးရွာကတော့ သူတို့ကိုယ်တိုင်ပြောင်းချင် တယ်ဆိုပြီး လိုလိုချင်ချင်ပြောထားတယ်။

ကျန်ရွာတွေကိုလည်း အတင်းအ ကျပ်ပြောင်းဖို့ မပြောထားဘူး။ ပြောင်းသွားတဲ့မူတူးရွာအခြေအနေကြည့် ရင်အဆင်ပြေလို့ ပြောင်းလိုတဲ့ဆန္ဒရှိမှ ပြောင်းလို့ရပါတယ်"ဟု ဆိုသည်။ 

အဆိုပါရွာများအတွက်ရွာသစ်တည်ပေးခြင်း အပြင် လျော်ကြေးလည်း ပေးသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

SkyNet TV Browser , RangonNewsDaily
kolatt (Pabedan): 30.7.2013

0 comments:

Post a Comment