Pages

Tuesday, July 30, 2013

၁၂ ဘီးယာဉ်နှင့် ကွန်ကရစ်သယ်ယာဉ်တိုက်


RangonNewsDaily:: July 30, 2013

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ကမ်းနားလမ်းသစ်တွင် ဇူလိုင်လ ၂၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က ၁၂ ဘီးယာဉ်နှင့် ကွန်ကရစ် သယ်ယာဉ်တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ယာဉ်တိုက်မှုကို စစ်ဆေးသည့် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

ကြည့်မြင်တိုင်ဘက်မှ ကမ်းနားလမ်းသစ်အတိုင်း မောင်းနှင်လာသော ကွန်ကရစ်သယ်ယာဉ်သည် သခင်မြ ပန်းခြံအနီးတွင် ရန်ကုန် ဆိပ်ကမ်းမှ ထွက်လာသော ၁၂ ဘီးယာဉ်ကို ဝင်တိုက်မိခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဝင်တိုက်တာ အသံက အုန်းခနဲကို အကျယ်ကြီးပဲ။ တိုက်တဲ့ အရှိန် တော်တော် ပြင်းတယ်” ဟု မျက်မြင် တွေ့ရှိသူ အသက် ၂၅ နှစ် အရွယ် အမျိုးသား တစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် ၁၂ ဘီးယာဉ်သည် ဆီတိုင်ကီ ပြုတ်ကျပြီး ကွန်ကရစ် သယ်ယာဉ်သည် ခေါင်းတစ်ခုလုံး ကြေမွခဲ့သော်လည်း ယာဉ်မောင်း ဒဏ်ရာရခြင်း မရှိကြောင်း စစ်ဆေးသည့် ရဲအရာရှိ တစ်ဦးက ပြောဆိုသည်။

ကွန်ကရစ်သယ်ယာဉ်သည် ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုက ပိုင်ဆိုင်ပြီး ဆောက်လုပ်ရေး လုပ်ကွက်သို့ လာရောက်စဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကာ နှစ်ဦး နှစ်ဖက် အမှု ကျေအေးဖွယ်ရှိကြောင်း ၎င်းက ရှင်းပြသည်။

ဟိန်းသွင်ထက်

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 30.7.2013

0 comments:

Post a Comment