Pages

Wednesday, July 31, 2013

ဇလွန်မြို့ ၁၅၀၀ တန်ဆင်းကတ် သုံးထောင်ကျော် ပထမဆုံး ခွဲတမ်းရ

RangonNewsDaily:: July 31, 2013

ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် ဇူလိုင်လမှ စတင်၍ ကျပ် ၁၅၀၀ တန် ဖုန်းဆင်းကတ် သုံးထောင်ကျော် ပထမဆုံး ရောင်းချခဲ့ကြောင်း ဒေသခံ များက ပြောကြားသည်။

ဇလွန်မြို့နယ်အတွက် ခွဲတမ်း ရရှိထားသော ဖုန်းလိုင်းများတွင် CDMA 800 Mhz ကတ် သုံးထောင်နှင့် GSM ကတ် သုံးရာ ရရှိပြီး မြို့နယ်အတွင်း ရှိ ကျေးရွာ အုပ်စု ၇၁ အုပ်စုကို အိမ်ထောင်စု စာရင်းအရ ခွဲတမ်းချပေးကာ မဲနှိုက် စနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း ဇလွန်မြို့နယ် ဖုန်းလိုင်း ချထားပေးရေး ကော်မတီ အဖွဲ့ခေါင်းဆောင် ဦးနိုင်ဦးက ပြောဆိုသည်။

“ဒီဖုန်းလိုင်းကတ် သုံးထောင်ကျော်ကို ဌာနဆိုင်ရာက တစ်ပုံ၊ လူထု အတွက် နှစ်ပုံ ခွဲတမ်းချထားပါ တယ်” ဟု ၎င်းက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်တွင် CDMA 800 ဖုန်းလိုင်းကတ် တစ်သိန်း လေးသောင်းကျော် ရောင်းချပြီး ဖြစ်ပြီး ဇူလိုင်လ၌ မြို့နယ် ၁၀ မြို့နယ်တွင် GSM ဖုန်းလိုင်းကတ် ရှစ်ထောင်ကျော် ထပ်မံ ရောင်းချမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 31.7.2013

0 comments:

Post a Comment