Pages

Wednesday, July 31, 2013

ဟွမ်းစ်ဒေသအနီး နေရာများကို ဆီရီးယားစစ်တပ် ပြန်လည်သိမ်းပိုက်

RangonNewsDaily:: July 31, 2013

တနင်္လာနေ့က အစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များသည် နိုင်ငံ အနောက်ဘက် အလယ်ပိုင်းဒေသရှိ မဟာဗျူဟာကျသော ဟွမ်းစ်ဒေသ၏ အစွန်အဖျားတို့တွင် ဆုတ်ခွာပေးခဲ့ရသည်။ ဆီးရီးယား အစိုးရ စစ်တပ်များသည် သူပုန်များ သိမ်းပိုက်ထားသည့် အချက်အခြာ ဒေသတစ်ခုဖြစ်သော ဟွမ်းစ်ဒေသ၏ အနီးတဝိုက် ဒေသများကို ပြန်လည် ထိန်းသိမ်းလိုက်ပြီဟု သိရသည်။ တနင်္လာနေ့က အစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များသည် နိုင်ငံ အနောက်ဘက် အလယ်ပိုင်းဒေသရှိ မဟာဗျူဟာကျသော ဟွမ်းစ်ဒေသ၏ အစွန်အဖျားတို့တွင် ဆုတ်ခွာပေးခဲ့ရသည်။ 
အစိုးရ မီဒီယာများက (၂)လကြာ သူပုန်များလက် ကျရောက်နေသော နေရာများကို မိမိတို့ ပြန်လည် သိမ်းယူလိုက်ပြီဟု ကြေညာသည်။ စစ်တပ်ဟာ ခါလစ်ဒီယား ဒေသတစ်ခုလုံးနဲ့ အနီးတဝိုက်မှာ တည်ငြိမ် အေးချမ်းမှုကို ပြန်လည် ရယူပေးနိုင်ခဲ့ပါပြီဟု အစိုးရပိုင် SANA သတင်းအေဂျင်စီက ဖော်ပြသွားသည်။

SANAက ခါလစ်ဒီယားမြို့ကို စစ်တပ်က သိမ်းယူခြင်းသည် ဟွမ်းစ်ကိုပါ အပြီးသတ် ပြန်လည် စီးနင်းရယူရန် နီးစပ်သည့် နိမိတ်ပုံ ဖြစ်လာစေကြောင်းလည်း ပြောကြားသွားသည်။ ဆီးရီးယား အရေး စောင့်ကြည့်ရေး လူ့အခွင့်အရေးအဖွဲ့မှ ရာမီအက်ဘ်ဒဲလ်ရာမန်းကမူ အဆိုပါ ဒေသ တောင်ပိုင်းတွင် သူပုန်တပ်များက ကြံ့ကြံ့ခံ တိုက်ခိုက်မှုများ ရှိနေဆဲဟု ဆိုသည်။ 
ဟွမ်းစ်ဒေသ၏ မြို့တော်လည်းဖြစ်သော ဟွမ်းစ်မြို့သည် (၂၀၁၁)ခုနှစ်က စတင်သည့် ဆီးရီးယား တော်လှန်ရေး သမိုင်းကြောင်းတွင် အချက်အခြာကျသော မြို့တစ်မြို့လည်း ဖြစ်လာခဲ့သည်။

ဟွမ်းစ်မြို့သည် ဆီးရီးယား၏ တတိယမြောက် အကြီးမားဆုံး မြို့တော်လည်း ဖြစ်သည်။ ဆီးရီးယား သမ္မတ ဘာရှာ အာဆက်ဒ်၏ တပ်ဖွဲ့များသည် ဟစ်ဇ်ဘိုလာ ပြောက်ကျားများ၏ အကူအညီဖြင့် လွန်ခဲ့သည့် (၂)လက စတင်ကာ လက်ဘနွန်နှင့် နယ်စပ်အနီးရှိ အဆိုပါမြို့ကို ထိုးစစ်ဆင်နေခဲ့ပြီး လတ်တလောတွင် စစ်တပ်ဘက်မှ အရေးသာလာကြောင်း သိရှိရသည်။

Planet Myanmar Network:, RangonNewsDaily
kolatt (Pabedan): 31.7.2013

0 comments:

Post a Comment