Pages

Wednesday, July 31, 2013

` ထားဝယ်စီးပွားရေးဇုန် ပင်မကုမ္ပဏီအဖြစ်ဆောင်ရွက်ခွင့် အီတာလျံ-ထိုင်းကုမ္ပဏီအား ရုပ်သိမ်းမည် ´


RangonNewsDaily:: July 31, 2013
၂ဝဝ၈ ခုနှစ်တွင် မြန်မာအစိုးရနှင့် အီတာ လျံ- ထိုင်းကုမ္ပဏီတို့ စတင်အကောင်အထည် ဖော်ခဲ့သော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန်စီမံကိန်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီအား Developer အနေဖြင့် လုပ်ငန်း ဆက်လက်ဆောင်ရွက်ခွင့်ပြုတော့မည် မဟုတ် ကြောင်းထားဝယ်အထူးစီးပွားရေးဇုန်နှင့်ဆက်စပ် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။ ယင်းစီမံကိန်းကို ၂ဝဝ၈ ခုနှစ်တွင် စတင်ခဲ့ သော်လည်း ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နဲ့ အီတာလျံ- ထိုင်း ကုမ္ပဏီတို့က လက်မှတ်ရေးထိုးပြီးလုပ်ငန်းစတင် အကောင်အထည်ဖော်ခဲ့သော ယင်းစီမံကိန်းသည် ၂ဝ၁၅ ခုနှစ်အကုန်မှာ ပထမအဆင့်ဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြန်မာ-ထိုင်း အဝေးပြေးလမ်း အဆင့်(၁)စီမံကိန်းများကို အပြီး ဆောင်ရွက်ရန်၊ စက်ရုံ၊ အလုပ်ရုံများ၊ စီးပွားရေး အဆောက်အအုံများ၊ ဆေးရုံ၊ ကျောင်းစသော လူနေအဆောက်အအုံများကို အပြီးဆောင်ရွက်ရန် သတ်မှတ်ထားသော်လည်း လိုအပ်သော အရင်း အနှီးကို အီတာလျံ-ထိုင်းကုမ္ပဏီမှ လုံလောက်စွာ စိုက်ထုတ်နိုင်ခြင်းမရှိသောကြောင့် လုပ်ငန်းနှောင့် နှေးခဲ့ကြောင်းထားဝယ်အထူးစီးပွားရေးဇုန်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးအေးမြင့်က ပြောသည်။

''အီတာလျံ- ထိုင်းကုမ္ပဏီက လက်ရှိမှာ တော့လုပ်ငန်းဆောင်ရွက်နေဆဲပါ။ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းထားတှဲ့SPV -1 နဲ့ မြန်မာအစိုးရဘက်က ထားဝယ်အထူးစီးပွားရေးစီမံခန့်ခွဲမှုကော်မတီကြား မှာချုပ်မယ့် လုပ်ငန်းဆောင်ရွက်ရေးသဘောတူ ညီမှု မူဘောင်စာချုပ်ချုပ်ပြီးလို့ အသက်ဝင်တဲ့ အထိ လုပ်ငန်းဆောင်ရွက်ခွင့်ရပါတယ်။ သဘော တူညီမှု မူဘောင်ချုပ်ဆိုပြီးသွားရင် အဓိက ဆောင်ရွက်သူအနေနဲ့မဟုတ်ဘဲ တခြားကုမ္ပဏီ တွေနဲ့အတူ တင်ဒါယှဉ်ပြိုင်ပြီး လုပ်ကိုင်ခွင့်သာ ရှိတော့မယ်'' ဟု ၄င်းကပြောသည်။

ထိုအထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်း များတွင် အဓိကဆောင်ရွက်နေသော မြန်မာအစိုး ရ၊ ထိုင်းအစိုးရတို့နှင့်အတူ ဂျပန်အစိုးရမှ ပါဝင်လာမည်ဖြစ်ပြီး ဂျပန်ပါဝင်လာရန်အတွက် ဆွေးနွေးမှုများဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ အီတာလျံ - ထိုင်းကုမ္ပဏီဆောင်ရွက်ခဲ့သော လုပ်ငန်းများအတွက်စိုက်ထုတ်ထားသောငွေကြေး များကိုနိုင်ငံတကာအသိအမှတ်ပြုကြားခံစိစစ်ရေး အဖွဲ့များဖြင့် ကုန်ကျငွေပမာဏစစ်ဆေးပြီးပြန် လည်ပေးလျော်မည်ဖြစ်ကြောင်း၎င်းကပြောသည်။

''အီတာလျံ- ထိုင်းကို လျော်ကြေးပေး မယ်ဆိုတာကှSPV-1 နဲ့ သဘောတူညီမှု မူဘောင် မထိုးခင်အချိန်ထိက သူ့အလုပ်တွေ ဆက်လုပ်နေ ရမှာပါ။ လုပ်ငန်းတွေ ဆောင်ရွက်နေဆဲမှာ သူ့ရဲ့ ကုန်ကျစရိတ်ကို စစ်ဆေးလို့မရသေးလို့ လျော် ကြေးပေးလို့မရသေးပါဘူး။ သဘောတူညီမှု မူဘောင် လက်မှတ်ထိုးပြီးလို့ အသက်ဝင်ရင် အီတာလျံ-ထိုင်းက သူ့လုပ်ငန်းတွေကို ရပ်ရပါ မယ်။ အဲဒီမှာ ငွေကြေးစိုက်ထုတ်ထားမှုတွေကို စစ်ဆေးပြီးလျော်ကြေးပေးမှာပါ''ဟု အမျိုးသား စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောသည်။

လက်ရှိတွင် ထိုသဘောတူညီမှု မူဘောင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် မြန်မာအစိုးရ တာဝန်ရှိသူများက အထူးစီးပွားရေးဇုန် ဥပဒေကို ရေးဆွဲနေပြီး မကြာမီထွက်ပေါ်လာနိုင်ကြောင်း၊ ယင်းဥပဒေထွက်ပေါ်လာပြီးပါက ယင်းသဘော တူညီမှု မူဘောင်ကို လက်မှတ်ရေးထိုးမည်ဖြစ် ကြောင်း သိရသည်။

''မူဘောင်သဘောတူညီမှုလုပ်ဖို့တော့ အချိန်သတ်မှတ်ထားတာ မရှိပါဘူး။ အမြန်ဆုံးပြီး အောင်တော့ လုပ်နေပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ သဘောတူညီမှုလက်မှတ်ရေးထိုးနိုင်ဖို့များပါတယ်'' ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် က ပြောသည်။

ယင်းထားဝယ်အထူးစီးပွားရေးဇုန်အတွက် မြန်မာ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့ လုပ်ငန်းဆောင် ရွက်ရန် သဘောတူညီမှု လက်မှတ်ထိုးပြီးပါက နိုင်ငံတကာမှ လုပ်ငန်းဆောင်ရွက်လိုသည့် Developer များ၊ Investor များကို လုပ်ငန်းကဏ္ဍ အလိုက် နိုင်ငံတကာစံနှုန်းများအတိုင်း တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုထားဝယ်အထူးစီးပွားရေးဇုန်နှင့်ဆက်စပ် စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် လုပ်ငန်းပမာဏကြီးမားသောကြောင့် အဆင့် ငါးဆင့်ဖြင့် (၇၅)နှစ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းများတွင် ရေနက်ဆိပ်ကမ်းတည် ဆောက်ရေး၊ မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး တည်ဆောက်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေး၊ အထူးစီးပွားရေးဇုန်စီမံကိန်းလုပ်ငန်း(စက်ရုံ၊ အလုပ်ရုံများထူထောင်ခြင်း)နှင့် မြို့ပြလူနေမှု အဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်း များပါဝင်မည်ဖြစ်ကြောင်း၊ ပထမအဆင့်သည် ငါးနှစ် ကြာမြင့်မည်ဖြစ်ပြီး ယင်းအဆင့်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ သန်း ကုန်ကျ မည်ဟု ခန့်မှန်းထားကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် လုပ်ငန်းကော်မတီဥက္ကဋ္ဌဦးအေးမြင့် က ပြောသည်။
 
RangonNewsDaily
kolatt (Pabedan): 31.7.2013

0 comments:

Post a Comment