Pages

Wednesday, July 31, 2013

ရီးယဲလ်မက်ဒရစ်သို့ ဘက်ဟမ်း သွားရောက်လည်ပတ်


RangonNewsDaily:: July 31, 2013

စပိန်သို့ ရောက်ရှိနေသည့်အသက်(၃၈)နှစ်အရွယ် ဘောလုံးသမားဟောင်းသည် သား(၃)ဦးကို ခေါ်ဆောင်ကာ ရီးယဲလ်အသင်း လေ့ကျင့်ရေးကွင်းသို့ သွားရောက်ခဲ့သည်။

ဒေးဗစ်ဘက်ဟမ်းတစ်ယောက် ဘောလုံးသမားဘဝကို ကျောခိုင်းခြင်းသည် ဘောလုံးလောကကို အဆက်ဖြတ်လိုက်ခြင်း မဟုတ်သေးကြောင်း လက်တွေ့ ပြသလိုက်သည်။ အင်္ဂလန် လက်ရွေးစင် ဘောလုံး အသင်းခေါင်းဆောင်ဟောင်းသည် ၎င်းတစ်ချိန်က ကစားဖူးသည့် ရီးယဲလ်မက်ဒရစ် အသင်းသို့ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။ စပိန်သို့ ရောက်ရှိနေသည့်အသက်(၃၈)နှစ်အရွယ် ဘောလုံးသမားဟောင်းသည် သား(၃)ဦးကို ခေါ်ဆောင်ကာ ရီးယဲလ်အသင်း လေ့ကျင့်ရေးကွင်းသို့ သွားရောက်ခဲ့သည်။

ဘက်ဟမ်းနှင့်အတူ သား(၃)ဦးဖြစ်သည့် ဘရွတ်ကလင်း၊ ရိုမီယိုနှင့် ခရုဇ်တို့ လိုက်ပါလာသော်လည်း ဇနီးသည် ဗစ်တိုးရီးယားမှာမူ သမီးလေး ဟာပါးကို ထိန်းကျောင်းနေပြီး ခင်ပွန်းနှင့်အတူ ပါမလာခဲ့ချေ။ ဘက်ဟမ်းသည် စပိန်ထိပ်တန်း ကလပ်အသင်းကြီး (၄)နှစ်ကြာ ကစားခဲ့ဖူးသည်။ ဘက်ဟမ်းသည် မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ၎င်း၏ ကျောနံပါတ် (၇)ကို ဆက်ခံပြီး ထိုမှတစ်ဆင့် ရီးယဲလ်သို့ ပြောင်းရွှေ့လာသည့် ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့်လည်း ရင်းရင်းနှီးနှီး တွေ့ဆုံကာ အတူတွဲဖက် ဓာတ်ပုံရိုက်ခဲ့သည်။

ဘက်ဟမ်းနှင့် ရော်နယ်လ်ဒိုတို့သည် (၂၀၀၄)ခုနှစ် ဥရောပဖလားနှင့် (၂၀၀၆)ခုနှစ် ကမ္ဘာ့ဖလားတို့တွင် လက်ရွေးစင် အသင်း အသီးသီးနှင့်အတူ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ဖူးသည်။ ဘက်ဟမ်းသည် ယူနိုက်တက်တွင် (၁၀)နှစ်မျှ ဖြတ်သန်းပြီးနောက် (၂၀၀၃)ခုနှစ်တွင် ရီးယဲလ်သို့ ရောက်ရှိခဲ့သည်။ 


ထိုနှစ်တွင်ပင် ယူနိုက်တက်က စပို့တင်း လစ္စဘွန်းတွင် ကစားနေသော ပေါ်တူဂီ ဆယ်ကျော်သက်လေး ရော်နယ်လ်ဒိုကို ပြန်လည် ဝယ်ယူခဲ့ရာ ယင်းတို့နှစ်ဦး တွဲမကစားဖူးခဲ့ချေ။ 

ဘက်ဟမ်းသည် လော့စ်အန်ဂျလိစ် ဂလက်စီနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အမေရိကန်မှ ဗြိတိန်သို့ ပြန်လည် ပြောင်းရွှေ့လာကာ လတ်တလောတွင် လန်ဒန်၌သာ အခြေချလျှက် ရှိသည်။ 

၎င်းသည် ဘောလုံးသမားဘဝ အဆုံးသတ်ချိန်ကို ပြင်သစ်ကလပ် PSG၌ ရာသီဝက် ကစားပြီး ဖြတ်သန်းခဲ့သည်။

Planet Myanmar Network , RangonNewsDaily
kolatt (Pabedan): 31.7.2013

0 comments:

Post a Comment