Pages

Wednesday, July 31, 2013

၂၀၁၄ ခုနှစ်တွင် ASUS ကုမ္ပဏီ ဖုန်းထုတ်မည်ဟုဆို


RangonNewsDaily:: July 31, 2013

နာမည်ကျော် ဟာ့ဒ်ဝဲ ပစ္စည်းများနှင့် ကွန်ပျူတာများ ထုတ်လုပ်သည့် ASUS ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဈေးကွက်အတွက် စမတ်ဖုန်းများကို ထုတ်လုပ်မည် ဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဂျွန်နီရှီးက အင်တာဗျူး တစ်ခုတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

မိမိတို့အနေနှင့် စမတ်ဖုန်း လောကသို့ နောက်မှ ဝင်လာသော်လည်း ထိုလောကကို ပြုပြင်ပြောင်းလဲမှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း စမ်းသပ် ထုတ်လုပ်မှုများ ပြုလုပ်မည် ဖြစ်သော် လည်း ဈေးကွက်သို့ နောက်နှစ်မှ ရောက်ရန်မှာ ပိုပြီး သေချာကြောင်း ဂျွန်နီရှီးက ပြောကြားသည်။

ASUS သည် လက်ရှိ အခြေအနေတွင် PadFone ဆိုပြီး တက်ဘလက်နှင့် ဖုန်းကို နှစ်မျိုး ပေါင်းစပ် ထုတ်ထားကာ နှစ်မျိုးစလုံးတွင် ဖုန်းပြောနိုင်စေရန် စီစဉ်ထားသည်။

ယင်းကုမ္ပဏီထုတ် ပစ္စည်းများသည် အရည်အသွေး မြင့်သကဲ့သို့ ဈေးနှုန်း လည်း ကြီးမားသောကြောင့် ဈေးကွက်တွင် လူတန်းစားမရွေး သုံးနိုင်သည့် အဆင့် မဖြစ်ခဲ့ပေ။ ကုမ္ပဏီအနေနှင့် တက်ဘလက်များကိုသာ နောက်ပိုင်း တွင် အဓိကထားပြီး ထုတ်ခဲ့ကာ Google နှင့် ပူးပေါင်းပြီး Nexus 7 တက်ဘလက်များကိုလည်း ထုတ်ခဲ့သည်။

နောက်ပိုင်း တက်ဘလက်များကို ထုတ်ရာတွင် Android OS များကိုသာမက Windows OS ကိုပါ ထုတ်လာခဲ့ခြင်းနှင့် ပတ်သက်ပြီး ကုမ္ပဏီ ဥက္ကဋ္ဌ ဂျွန်နီရှီး က “ကျွန်တော်တို့အနေနဲ့ ဘာထုတ်ထုတ် အမြဲ တော်လှန် ပြောင်းလဲနေဖို့ လိုပါတယ်” ဟု မှတ်ချက်ပေးခဲ့သည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 31.7.2013

0 comments:

Post a Comment