Pages

Wednesday, July 31, 2013

ကြော်ငြာအားအရမ်းကောင်းပြီးဝန်ဆောင်မှု ညံ့ဖျင်းတဲ့ JAS မြန်မာဖုန်း

RangonNewsDaily:: July 29, 2013

JAS မြန်မာဖုန်း ဝယ်မသုံးကြနဲ့ ကျွန်တော့်လိုခံစားသွားရလိမ့်မယ်လွန်ခဲ့တဲ့တစ်ပတ်လောက်က JAS
 မြန်မာဖုန်း ကို အင်တာနက် ဖွင့်မရလို့ လွစ္စလမ်းနဲ့ဗိုလ်ချုပ်လမ်းထောင့်က iPay ရုံးချုပ်ကို သွားပြတာ စာရေးမကအမျိုးမျိုးလုပ်ကြည့်တယ် မရတော့ service ကိုပို့တယ် စောင့်တယ် ----- နာရီဝက်လောက်ကြာတော့ reset ချရမယ် data အကုန်ပျောက်မယ်တဲ့ အဲဒါနဲ့ data မဆုံးချင်လို့ပြန်ယူလာတယ် နောက်နေ့ကျတော့ ဆုံးချင်ဆုံးကွာ ကောင်းသွားရင်ပြီးရောဆိုပြီး မနက်သွားပို့လိုက်တယ် ပြီးရင်ဖုန်းဆက်ပေးဖို့ဖုန်းနံပါတ်ပေးခဲ့တယ် လုံးဝမဆက်ဘူး

ညနေစောင်းတော့ လူကြုံရှိလို့ဝင်ယူခိုင်းလိုက်တာ reset ချပြီးပြန်ပေးလိုက်တယ် အင်တာနက်ကချိတ်မရဘူး အဲဒါနဲ့အင်တာနက်ရချင်လို့data အပျောက်ခံပြီး reset ချတာ မရဘူးဆိုတော့ဘယ်လိုလုပ်မလဲ ဆိုတော့ ထားခဲ့ မနက်ဖြန်လုပ်ကြည့်ပေးမယ်တဲ့

မထားခဲ့ချင်လို့ပြန်ယူသွားပြီးနောက်နေ့မနက်သွားပေးတယ် ညနေချိန်းတယ် သွား ယူတယ် မရ ဘူး နောက်နေ့ထပ်သွားတယ် စောင့်တယ် ကြာတော့မစောင့်နိုင်လို့ထားခဲ့တယ် ညနေစောင်း အခြေအနေသိချင်လို့ ဖုန်းဆက်တာ ရုံးချိန် ၃ခွဲနဲ့၎ နာရီလောက်မှာ ဆက်တာ အပြင်သွားတယ် ထမင်းစားသွားတယ် ပြန်လာရင်ဆက်ပေးမယ်ဆိုပြီး ပြန်မဆက်ဘူး

၅နာရီကျော်ထပ်ဆက်တော့ လုပ်လို့မရဘူးလို့ပြောတယ် အဲဒီက စာရေးမတွေဝါးတားတားလုပ်နေလို့ ပြန်ယူလာရတယ် နောက်နေ့ service phone ကို တိုက်ရိုက်ဆက်တော့ လုပ်ပေးမယ် ဒါပေမဲ့ ဒီနေ့အစည်းအဝေးရှိတယ် မအားလို့ တနင်္လာနေ့ ကိုချိန်းတယ်-----

တနင်္လာမနက်သွားပေးပြီး စိတ်ရှည်ရှည်နဲ့စောင့်တယ် ဘာမှအကြောင်းမပြန်ဘူး ညနေ ၄နာရီလောက်မှာဆက်မေးတော့ မနက်ဖြန် ညနေ ရမယ် လုပ်နေတယ်လို့ပြောတယ် အင်္ဂါနေ့မနက်ကိုစိတ်ရှည်ရှည်ထားပြီးစောင့်တယ် နေ့လည် ၃း၄၅လောက်မှာ ဖုန်းဆက်မေးတော့ ယောက်ကျားလေးတစ်ယောက်လာကိုင်တယ် တစ်ယောက်မှမရှိဘူး တဲ့

အပြင်သွားတယ် နောက်နာရီဝက်မှပြန်ဆက်ပါတဲ့ နောက်နာရီဝက်ပြန်ဆက်တော့ ပြင်တဲ့လူနဲ့ဒါရိုက်ပြောဆိုပြီးဟန်းဖုန်းနံပါတ်တခုပေးတယ် ဆက်လိုက်တော့ အပြင်ရောက်နေလို့ ၁၅ မိနစ်နေရင်ပြန်ဆက်ပေးမယ်တဲ့ စောင့်တယ်--------

၁နာရီကျော်ကြာတဲ့အထိပြန်မဆက်လို့ ညနေ၅နာရီကျော်မှ ထပ်ဆက်လိုက်တော့ စောရီးတဲ့ မေ့နေလို့တဲ့ ပြင်လို့မရဘူးတဲ့ ဘာလို့မရတာလည်း user fault လားဆိုတော့လည်းမဟုတ်ဘူး factory fault လားဆိုတော့လည်း မပြောတတ်ဘူး ဘာလုပ်ပေးနိုင်သလဲဆိုတော့ ဘာမှလုပ်မပေးနိင်ဘူးတဲ့

တာဝန်ရှိသူနဲ့ပြောမယ်ဆိုတော့ အမျိုးသမီးတစ်ယောက်လာကိုင်ပြီး ဘာမှလုပ်မပေးနိုင်ဘူး ပြန်လဲပေးဖို့လဲမဖြစ်နိုင်ဘူးတဲ့ ကျွန်တော်ကအသစ်ပြန်လိုချင်လို့ပြောတာမဟုတ်ဘူး

customer ကို ဆက်ဆံတာ ဒီလောက် တာဝန်မဲ့နေတာတွေကိုသိစေချင်လို့ပြောတာ ဒါဆိုလည်းပြန်လာယူမယ် အဆင်သင့်လုပ်ထားပါဆိုပြီးသွားယူတာ ၁၅မိနစ်လောက်ထပ်စောင့်ရသေးတယ် အလကား အချိန်ကုန် ငွေကုန် လူပင်ပန်း ပြီး ဘာမှစိတ်ကျေနပ်စရာဝန်ဆောင်မှုတစ်ခုမှမရခဲ့ဘူး ဒီလို customer တွေကိုလိမ်ရောင်းနေတဲ့ ဝိသမ လောဘ စီးပွားရေး တွေကိုသတိထားကြပါ

အလိမ်မခံရစေဖို့ JAS မြန်မာဖုန်းကိုလုံးဝမဝယ်ကြပါနဲ့ တဆင့်သတိ ပေးကြပါ
Ko Toon
RangonNewsDaily
kolatt (Pabedan): 31.7.2013

0 comments:

Post a Comment