Pages

Sunday, July 28, 2013

ဂန့်ဂေါ-ကလေး- ဟားခါးလမ်း သုံးထပ်ကွေ့ အဆင်းလမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား တစ်ဦးသေဆုံး

RangonNewsDaily:: July 28, 2013

မန္တလေးမြို့မှ မောင်းနှင်လာသည့် ယာဉ်အမှတ် ၆ခ (Trans- porter) အပြာရောင် ၁ဝ ဘီးကားသည် ဟားခါးမြို့နယ် ဘုံးဖုံသို့ မြေထိုးစက်ပို့ ပြီး
အပြန်လမ်း ဂန့်ဂေါ-ကလေး-ဟားခါးလမ်း မိုင်တိုင်အမှတ် (၁၁၇/၅)နှင့် (၁၁၇/၄)အကြား သုံးထပ်ကွေ့ အဆင်းတွင် ယမန်နေ့က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းနှင်လာသူ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ယာဉ်ကို ဆိတ်ဖြူမြို့နယ် နေသူ မင်းမင်းလွင် အသက် ၂၉ နှစ် (ဘ) ဦးသာပု မောင်းနှင်လာရာ သုံးထပ်ကွေ့ အဆင်းလမ်း၏ ယာဘက်ဘေး ပေ ၁၅ဝ အနက်ရှိ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်သွားခြင်း ဖြစ်သည်။

''ယာဉ်တိမ်းမှောက်မှုက မနေ့က မွန်းတည့် ၁၂ နာရီ ဝန်းကျင်မှာ ဖြစ်တာပါ။ ဖြစ်စဉ်မှာ ယာဉ်မောင်းနှင် လာသူက ယာဉ်တိမ်းမှောက်မှုကြောင့် ကားရဲ့ထိုင်ခုံနဲ့ စတီယာရင် တိုင်ကြား ညပ်နေတာပါ။ သူ့ကို အချိန်မီ အသက်ကယ်နိုင်ဖို့ အတွက် ဂန့်ဂေါမြို့ပေါ်ရှိတဲ့ ပစိဖိတ် ကုမ္ပဏီက ကရိန်းစက်နဲ့ ကြိုးစား ထုတ်ယူခဲ့ ပါတယ်။ ဒါပေမယ့် ညနေ ၆ နာရီ မိနစ် ၂ဝ ဝန်းကျင်မှ ထုတ်ယူ နိုင်ခဲ့ပြီး ဂန့်ဂေါ ဆေးရုံကို ပို့ခဲ့ပေမယ့် ဆေးရုံ အရောက်မှာပဲ အသက် ဆုံးရှုံးခဲ့ပါတယ်'' ဟုယာဉ်တိမ်းမှောက်မှုတွင် ကူညီ ဆောင်ရွက်ပေးခဲ့သူ တစ်ဦးက ပြောပြခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုတွင် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ကိုဝင်းအောင် အသက် ၅ဝ နှစ် (ဘ)ဦးလှငွေ မန္တလေး စက်မှုဇုန်(၂)နေသူနှင့် ဂန့်ဂေါမြို့နယ် လယ်မ ကျေးရွာတွင် နေထိုင်သူ မခင်မာညို အသက် ၂၇ နှစ်နှင့် မခင်သစ်ပို ၂၁ နှစ် (ဘ) ဦးတင်ဦး တို့သည် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

မြ၀တီ , RangonNewsDaily
kolatt (Pabedan): 28.7.2013

0 comments:

Post a Comment