Pages

Sunday, July 28, 2013

မိုးရာသီ၌ စစ်တောင်းမြစ်ကို ကူး၍ ကျောင်းတက်ရသော ကလေးများ အခက်အခဲ ဖြစ်ပေါ်လျက်ရှိ


RangonNewsDaily:: July 28, 2013

ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် မြို့လှမြို့ အရှေ့ စစ်တောင်းမြစ် တစ်ဖက်ကမ်း၌ နေထိုင်ကြသော ကျောင်းသား၊ ကျောင်းသူများသည်
အလယ်တန်းနှင့် အထက်တန်း ပညာ သင်ကြားရန် မြို့လှမြို့ရှိ အခြေခံ ပညာ အထက်တန်းကျောင်းကို နေ့စဉ် သွားရောက် ကြရပြီး ယခုလို မိုးရာသီ ကာလ ရောက်တိုင်း အခက်အခဲများနှင့် ကြုံ တွေ့ရသည်။

စစ်တောင်းမြစ်ရေ တက်ချိန်ဆိုရင် ကလေးတွေမှာ မိုးရေတွေကရွှဲ၊ ထမင်းချိုင့်တွေမှောက်၊ ကျောင်းကို မှန်မှန် တက်ရတယ်ကို မရှိဘူး။ ကျွန်မတို့ မြစ်အရှေ့ဘက်ကမ်းမှာ အထက်တန်းကျောင်းခွဲ တစ်ခုလောက်ရှိရင် ကောင်းမှာပါ။ ကလေးတွေရဲ့ ပညာရေးလည်း ဆုံးခန်းတိုင်အောင် သင်လို့ရတာပေါ့''ဟု ဆီးဖြူတန်း ကျေးရွာနေ ကျောင်းသား မိဘတစ်ဦးက ပြောပြသည်။

မြ၀တီ , RangonNewsDaily
kolatt (Pabedan): 28.7.2013

0 comments:

Post a Comment