Pages

Sunday, July 28, 2013

တရုတ် M.V HAIXUN 01 သင်္ဘောနှင့် မြန်မာမီးငြှိမ်းသတ်ရေး ရေယာဉ် တို့ ပင်လယ်ပြင် မီးငြှိမ်းသတ်ရေး လေ့ကျင့်ခန်း ပူးပေါင်းပြုလုပ်မည်

RangonNewsDaily::  July 28, 2013

တရုတ်နိုင်ငံမှ ချစ်ကြည်ရေးခရီး လာရောက်သည့် M.V HAIXUN 01 သင်္ဘောနှင့် မြန်မာနိုင်ငံမှ မီးငြှိမ်းသတ်ရေး ရေယာဉ်တို့ ပူးပေါင်း၍ ပင်လယ်ပြင် မီးငြှိမ်းသတ်ရေး လေ့ကျင့်ခန်းအား ဇူလိုင် ၂၈ ရက် နံနက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။တရုတ်-မြန်မာနှစ်နိုင်ငံ ရေကြောင်းဘက်ဆိုင်ရာ ကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေကြောင်းဌာနမှ M.V HAIXUN 01 သင်္ဘောသည် ဇူလိုင် ၂၄ ရက်က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။

M.V HAIXUN 01 သင်္ဘောသည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် ဇူလိုင် ၂၈ ရက်၊ နံနက်တွင် မြန်မာနိုင်ငံ ရေပိုင်နက်ဖြစ်သည့် သီလ၀ါဆိပ်ကမ်း အနီးတွင် မြန်မာနိုင်ငံမှ မီးငြှိမ်းသတ်ရေး ရေယာဉ်နှင့် ပူးပေါင်း၍ ပင်လယ်ပြင် မီးငြှိမ်းသတ်ရေး လေ့ကျင့်ခန်းတစ်ခု အား ပြုလုပ်သွားမည် ဖြစ်သည်။

"တရုတ်ရေကြောင်းဌာနက သင်္ဘောက ချစ်ကြည်ရေးအရ လာရောက် တာ ဖြစ်တဲ့အတွက် နှစ်နိုင်ငံ ပင်လယ်ပြင်မှာ ပူးပေါင်းဆောင်ရွက် တဲ့ လေ့ကျင့်ခန်းတစ်ခုကို ပြုလုပ်လိုတဲ့ အနေနဲ့ အခုလို ပင်လယ်ပြင် မီးငြှိမ်းသတ်ရေး လေ့ကျင့်ခန်းကို ပြုလုပ်မှာ ဖြစ်ပါတယ်" ဟု မြန် မာနိုင်ငံ၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်ဦးက ဇူလိုင် ၂၇ ရက်က ပြောကြားသည်။

ယင်းသို့ ပင်လယ်ပြင် မီးငြှိမ်းသတ်ရေး လေ့ကျင့်ခန်း ပြုလုပ်ရာတွင် M.V HAIXUN 01 သင်္ဘောတွင် ပါဝင်သည့် မီးသတ်စွမ်းအားမြှင့် ကိရိယာနှင့် မြန်မာနိုင်ငံမှ မီးသတ်ရေယာဉ်နှစ်စင်းတို့ ပူးပေါင်းပြုလုပ် သွားမည်ဟု သိရသည်။

ယခုကဲ့သို့ ချစ်ကြည်ရေးခရီး လာရောက်ရခြင်းမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပခဲ့သော (၁၁)ကြိမ်မြောက် အာဆီယံ-တရုတ် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရဖြစ်ကြောင်း သိရသည်။

M.V HAIXUN 01 သင်္ဘော၏ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အ တွင်း ဒေသတွင်း ရေကြောင်းဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအ တွက် နှစ် ဖက်ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များ၊ ချစ်ကြည်ရေး အားကစား အစီအစဉ်များ ပြုလုပ်ခဲ့သည်။

M.V HAIXUN 01 သင်္ဘော၏ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်သည် ဇူလိုင် ၂၈ ရက်တွင် ပြီးဆုံးခဲ့ပြီဖြစ်ကာ မလေးရှားနိုင်ငံ၊ ကွာ လာလမ်ပူမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Eleven Media , RangonNewsDaily
kolatt (Pabedan): 27.7.2013

0 comments:

Post a Comment