Pages

Sunday, July 28, 2013

မန္တလေးတွင် ညအချိန် အရက်မူးတိုင်းကိရိယာဖြင့် စစ်ဆေးအရေးယူမည်

RangonNewsDaily:: July 28, 2013

မန္တလေးတိုင်းဒေသကြီးအတွင်း ညအချိန် ယာဉ်တိုက်မှု လျော့ကျစေရန် အတွက် ညအချိန် အရက်သေစာ သောက်စား၍ ယာဉ်မောင်းသူများကို အရက်မူးတိုင်း ကိရိယာဖြင့် ဇူလိုင်လ ၂၇ ရက်မှ စတင်၍@ ရှောင်တခင် စစ်ဆေးအရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“အရက်မူးတိုင်းကိရိယာ ၁၀ လုံး ရောက်ရှိပါပြီ။ ညအချိန် ယာဉ်တိုက်မှု လျော့ကျအောင် အရက်သေစာ သောက်စားပြီး ယာဉ်မောင်းနှင်သူတွေကို ဒီကိရိယာနဲ့ @စစ်ဆေးမယ်။ အရက်သေစာ သောက်စားပြီး ယာဉ်မောင်းနှင်ကြောင်း တွေ့ရှိခဲ့ရင် အရေးယူမှာပါ” ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အရက်သေစာ သောက်စားပြီး ယာဉ်မောင်းနှင်ခြင်း တွေ့ရှိပါက မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၂၆ အရ အရေးယူမည်ဖြစ်ပြီး ဒဏ်ငွေအနည်းဆုံး ၁၀,၀၀၀ ကျပ်မှ အများဆုံးဒဏ်ငွေ@ ၃၀၀,၀၀၀ ထိ အရေးယူမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အဖွဲ့လေးဖွဲ့ကို နှစ်ဖွဲ့ပေါင်းပြီး ညအချိန် မြို့ပေါ်မှာ ရှောင်တခင်စစ်ဆေး အရေးယူသွားမှာပါ။ ဒီစက်က လူတစ်ယောက်ရဲ့ ပါးစပ်အနံ့ထွက်လာတဲ့ ရာခိုင်နှုန်းကို တိုင်းတာတာပါ။ အရက်သောက်ထားတဲ့ လူတစ်ယောက်ကို ဒီစက်နဲ့ စမ်းသပ်လိုက်လို့ ၀ ဒသမ ၇ ရာခိုင်နှုန်း@ ရှိတယ်ဆိုရင်ကိုပဲ ဒီလူတစ်ယောက်ဟာ အရက်မူးနေတာ သေချာနေပြီ။ ၀ ဒသမ ၇ ရာခိုင်နှုန်းကနေ အထက်ကျော်သူတွေကို အရေးယူမှာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

The Voice , RangonNewsDaily
kolatt (Pabedan): 28.7.2013

0 comments:

Post a Comment