Pages

Monday, July 29, 2013

နိင်ငံတော်အလိုကျ လှုပ်ရှားရမည့် ဘာပေါင်းစုံချစ်ကြည်ရေးအဖွဲ့တွင်ပါဝင်ရန် အစ္စလာမ်ဘာသာရေးအဖွဲ့ခေါင်းဆောင်များအား သံအမတ်ပောာင်းက နေအိမ်ခေါ်ကာ အနုနည်းဖြင့် ခြိမ်းခြောက်

 ဖျက်ဆီးခံခဲ့ရသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး အတွင်းပိုင်းမြင်ကွင်း
RangonNewsDaily:: July 28, 2013
"ဘာသာပေါင်းစုံအဖွဲ့ကို သမ္မတက အားပေးချီးမြှောက်နေတာ၊ ဒီလိုအဖွဲ့မှာ မပါရင် လူပုဂ္ဂိုလ်ရော အဖွဲ့အစည်းအတွက်ပါ ကောင်းမကောင်းစဉ်းစားပါ လို့ကျွန်တော်တို့ကို သံအမတ်ကြီးဦးလှမောင်က သူ့အိမ်မှာ အနုနည်းနဲ့ခေါ်ပြီးချိန်းခြောက်တယ် ပာု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတစ်ခုမှ အမည်မဖေါ်လိုသူ ပုဂ္ဂိုလ်တစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ ပြောသည်။
ဘာသာရေးအဖွဲ့များဖြစ်သည့် အိုလမာ၊ သာသနာရေးရာကောင်စီ၊ မ မ လ အဖွဲ့တို့မှ တာဝန်ရှိသူများကို ယခုလ ၂၅ ရက်နေ့ ညနေပိုင်းတွင် သံအမတ်ကြီးဦးလှမောင်က ဌင်းနေထိုင်ရာအိမ်သို့ခေါ်ယူကာ အထက်ပါအတိုင်းအနုနည်းဖြင့် ချိန်းခြောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"ဒီငြိမ်းချမ်းရေးအဖွဲ့မှာ ဦးလှမောင်ပါနေ လို့ကို မပါတာ၊တခြားဘာသာရေးခေါင်းဆောင်တွေအားလုံးကိုလေးစားတယ်"ပာုလည်း အစိုးရ အသိအမှတ်ပြုဘာသာရေး အဖွဲ့ကြီးတစ်ခုကို ဦးဆောင်နေသူတစ်ဦးက ဘာသာရေးအဖွဲ့အများစုမှ ခေါင်းဆောင်များ၏ သဘောထားကို ပြောသည်။

မြန်မာအစိုးရအပေါ်ဖိအားပေးမှုများရပ်တန့်သွားစေရေးအတွက် နိင်ငံတကာသို့ သံတမန်နည်းဖြင့် ဖိအားပေးရန် ဦးလှမောင်က အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများမှတာဝန်ရှိသူများကို ခေါ်ယူကာာ အထက်ပါအတိုင်းပြောကြားခဲ့သည့် အပြင် မွတ်စလင်မ်ခေါင်းဆောင်အမည်ခံ သံအမတ်ပောာင်း၏ အစီအစဉ်တွင် ပြည်တွင်းရှိ သံရုံးအသီးသီးထံသို့သွားရောက်ကာ မြန်မာနိင်ငံအား ဖိအားပေးနေမည်ဆိုပါက မွတ်စလင်မ်များအနေပိုကျပ်မည်ပာုလည်း တန်ပြန်ဖိအားပေးခြိမ်းခြောက်မည့် အစီ အစဉ်လည်းပါဝင်ကြောင်းသိရသည်။

မြန်မာနိင်ငံတွင် ရခိုင်ပြည်နယ်အတွင်းမှ ရိုပာင်ဂျာများ အပါအ၀င် နိင်ငံနေရာအနုံ့အပြားမှ အစ္စလာမ်ဘာသာဝင်များအား ဗုဒ္ဓဘာသာဝင်များက အကြမ်းဖက်သတ်ဖြတ်ခဲ့မှုများဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်တွင် ရိုပာင်ဂျာမွတ်စလင်မ် တစ်သိန်းခြောက်သောင်းကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး နိင်ငံတစ်ခု၏ သုတေသန စစ်တမ်းအရ ရိုပာင်ဂျာ ၄၀၀ (လေးရာ)နီးပါး သတ်ဖြတ်ခံခဲ့ရကြောင်းသိရသည်။

ထို့အပြင် မိတ္ထီလာတွင် အစ္စလာမ်ဘာသာဝင် တစ်ရာကျော် သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်ရပ်များ သိန်းစိန်အစိုးရ အာဏာရပြီးနောက်ပိုင်းတွင်ဖြစ်ပွားခဲ့သဖြင့် နိင်ငံတကာမှ မြန်မာနိင်ငံအပေါ်ဖိအားပေးမှုများ များပြားလာနေသဖြင့်နိင်ငံတကာသို့ ဘာသာရေးလွတ်လပ်ခွင့်ရှိကြောင်းလိမ်ညာရန်အတွက် ယခင်စစ်အစိုးရနည်းတူ နိင်ငံတော်က စီမံခိုင်းစေမှုအား အငြိမ်းစားသံအမတ်ကြီး ဦးလှမောင်က အားထုတ်ကြိုးပမ်းပေးနေခြင်းဖြစ်ကြောင်းလည်းသိရသည်။

ရခိုင်ပြည်နယ် အတွင်း ရိုပာင်ဂျာမွတ်စလင်မ်များအား အကြမ်းဖက်သတ်ဖြတ်မှုများမှသည် မြန်မာမွတ်စလင်မ်များအား ဗုဒ္ဓဘာသာ အကြမ်းဖက်များက မိတ္ထီလာမှ အစပြုကာ လက်ရှိတွင်နောက်ဆုံးအကြမ်းဖက်ဖျက်ဆီးခဲ့သည့် လားရှိုးမြို့အဆုံး တိုက်ခိုက်ဖျက်ဆီးမှုများတွင် အစ္စလာမ့်ဘာသာရေး ဗလီဝတ်ကျောင်းတော်ပေါင်း ၆၀ ကျော်ဖျက်ဆီးခံထားရကြောင်း လည်းသိရသည်။

မြန်မာမွတ်စလင်မ်များအပေါ် အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် အကြမ်းဖက်ဖြစ်စဉ်များနှင့်ပတ်သက်ပြီးစိုးရိမ်ကြောင်း အမေရိကန်၊ အင်္ဂလန် စသည့်နိင်ငံများက မြန်မာအစိုးရအား တရားဝင်ပြောကြားထားပြီးဖြစ်သည်။
နိင်ငံတော်အလိုကျ လှုပ်ရှားရမည့် အစိုးရလက်ကိုင်ဒုတ် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ကို ၂၀၀၈ ခုနှစ်တွင်စတင်ဖွဲ့စည်းပြီး အဆိုပါအဖွဲ့သည် နိင်ငံတော်အလိုကျစေမည့်ကြေညာချက်များကို အခါအားလျှော်စွာထုတ်ပြန်နေရသည့် အဖွဲ့ဖြစ်သည်။

အစိုးရ လက်ကိုင်ဒုတ် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့သည် နိင်ငံတကာက ရှုံ့ချအံသြရသည့် မိတ္ထီလာမြို့ရှိအစ္စလာမ်ဘာသာဝင်များအား မြို့လုံးကျွတ်သတ်ဖြတ် ဖျက်ဆီးခဲ့သည့် အကြမ်းဖက်မှုကြီးနှင့်ပတ်သက်ပြီး ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ဖူးပြီး အဆိုပါကြေညာချက်ကြောင့် ဥက္ကံမြို့တွင် အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးမှုများပြုလုပ်သည့်နေ့တွင် သမ္မတ၏ ဆုချီးမြင့်ခြင်းကိုခံခဲ့ရသည့် အဖွဲ့အစည်းဖြစ်သည်။

မြန်မာနိင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့် မရှိသည့် ပြယုဒ် ၂၀၁၂ ခုနှစ်တွင်ကျရောက်ခဲ့သည့် အစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားသည့် ကုရ်ဘာနီ အီးဒ်ပွဲတော်ကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးများက တညီတညွတ်တည်း လက်မှတ်ရေးထိုးကာ ကျင်းပပြုလုပ်ခြင်းမရှိခဲ့သည့်ဖြစ်ရပ်သည် ထင်ရှားသည်။



Myanmar Muslim Media , RangonNewsDaily
kolatt (Pabedan): 28.7.2013

 

0 comments:

Post a Comment