Pages

Monday, July 29, 2013

ဟရမ်နယ်နိမိတ်တိုးချဲ့သဖြင့်ဟဂ်ျခွဲတမ်းများ တပြေညီနှစ်ဆယ်ရာခိုင်နှုန်းလျော့ချ

RangonNewsDaily:: July 28, 2013

ဆော်ဒီဟဂ်ျဝန်ကြီးဌာနကနေ မကာလ်မှာ ပြင်ဆင်မှုတွေပြုလုပ်နေတာကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဟဂ်ျလူဦးရေခွဲတမ်းတွေကို နှစ်ဆယ်ရာခိုင်နှုန်း လျော့ချလိုက်တယ်လို့သတင်းရရှိပါတယ်။ “အဓိက ၀တ်ကျောင်းတော်ကြီးရဲ့ ဘေးပတ်ပတ်လည်မှာ အဆောက်အဦးတွေ အများကြီးရှိတယ်။ အဲဒါတွေကိုဖျက်ပြီး အသစ်ပြင်ဆောက်မယ်၊ ဧရိယာနည်းတဲ့အတွက် နှစ်ဆယ်ရာခိုင်နုန်းထိလျော့ချတာ၊ကျနော်တို့နိုင်ငံလဲ နှစ်ဆယ်ရာခိုင်နှုန်းလျော့ခံရတယ်” လို့ မြန်မာမွတ်စလင်မ် လူငယ်(ဘာသာရေး)အဖွဲ့ချုပ်မှ ဥက္ကဌဦးမြင့်ထွန်းက ဆိုပါတယ်။

ဟာဂ်ျကာလအတွင်း လူတိုးမှုတွေ၊ လူပိုမှုတွေ နေရာအခက်အခဲတွေ မရှိရအောင် တိုးချဲ့မှုတွေပြုလုပ်နေ တာကြောင့် ပြင်ဆင်မှုကာလအတွင်းမှာ ဟာဂ်ျခရီးစဉ်ကိုလာရောက်မယ့် လူဦးရေကို လျော့ချထားတာဖြစ် ပါတယ်။ အဓိကတိုးချဲ့မှုပြုလုပ်တဲ့ နေရာကတော့ ဟာဂ်ျခရီးစဉ်မှာ အဓိကကျတဲ့ ကာအ်ဗာကျောင်းတော် ကြီးရဲ့ အနီးဝန်းကျင်ကိုပြင်ဆင်မှု ပြုလုပ်တာဖြစ်ပါတယ်။ နေရာတိုးချဲ့မှုကြောင့် အနီးပတ်ဝန်ကျင်မှာ မလွတ်တဲ့ အဆောက်အဦးတွေ၊ တည်းခိုခန်းတွေ ပါသွားတာကြောင့်ဧည့်ရိပ်သာ အခက်ခဲမရှိအောင် ခွဲတမ်းလျော့ချတာ ဖြစ်တယ်လို့လဲသိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဟာဂ်ျလူဦးရေခွဲတမ်းကို၂၀၁၂ခုနှစ်မှာ လူဦးရေ ငါးထောင် (၅၀၀၀)ရရှိခဲ့တာဖြစ်ပါ တယ်။ ယခုနှစ်မှာတော့ ခွဲတမ်းနှစ်ဆယ်ရာခိုင်နှုန်း လျော့ချလိုက်တဲ့အတွက် လူဦးရေလေးထောင်(၄၀၀၀) ရရှိတယ်လို့သိရပါတယ်။ယခုနှစ် ဟဂ်ျခရီးစဉ်အတွက် မြန်မာပြည်မှာ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ(၄၂)ခု ရရှိပါတယ်။ အဆိုပါကုမ္ပဏီတွေအတွက် ခွဲတမ်း၃၇၀၀လျာထားပြီး ဗမာဟာဂျီ (အစိုးရမှ မဲစနစ်ဖြင့် စေလွှတ်သူ) တွေအတွက်တော့ခွဲတမ်း ၃၀၀ (သို့) ၃၅၀ မည်သည့်အရေတွက်ရရှိမည်ကို မသိရှိရသေးဘူးလို့လဲ သိရပါတယ်။ မြန်မာဟာဂျီက နှစ်စဉ်ခွဲတမ်း ၃၅၀ ရရှိတယ်လို့သိရပါတယ်။

မြန်မာဟာဂျီ ခွဲတမ်းနဲ့ပတ်သက်ပြီး ဟာဂ်ျခရီးသွား လုပ်ငန်းတစ်ခုဖြစ်တဲ့ အထွဋ်အထိပ်ရလာဒ် ကုမ္ပဏီမှ MD ဦးကျော်သိန်းက “ မြန်မာဟာဂျီကတော့ ကျွန်တော်ထင်တယ်၊ သူကအစိုးရကနေလွှတ်တဲ့ မြန်မာဟာဂျီဆိုတော့ ဆော်ဒီနိုင်ငံက ဒါကိုလျော့မယ်လို့ မထင်ဘူး။၃၅၀အပြည့်ပေးပြီး ကုမ္ပဏီဆိုဒ်ဘက် ကိုပဲ လျော့ချမယ်လို့ထင်တယ်” လို့ သူ့အမြင်ကိုပြောပြပါတယ်။

Myanmar Muslim Media , RangonNewsDaily
kolatt (Pabedan): 28.7.2013

0 comments:

Post a Comment