Pages

Monday, July 29, 2013

(Weather Update::)တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာတော့မည့် INVEST-91W

RangonNewsDaily:: July 28, 2013

ဇူလိုင်လ ၂၈ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် ရရှိသည့် NRL data များအရ လေဖိအားနည်းဆဲလ် INVEST-91W သည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းအား ဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိတော့မည် ဖြစ်ပါသည်။ GFS ကွန်ပျူတာ မော်ဒယ် ခန့်မှန်းချက်အရ လေဖိအားနည်းဆဲလ် INVEST 91W သည် တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိပြီးနောက် ၃ ရက်အတွင်း ပိုမိုအားကောင်းလာနိုင်မည် ဖြစ်ကြောင်း၊ 
JTWC မှလည်း GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်အား လက်ခံထားပြီး လာမည့် ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေအဆင့် LOW အဆင့် သတ်မှတ်ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။

GFS မော်ဒယ်မှ ဆက်လက် ခန့်မှန်းချက်အရ မုန်တိုင်းအဆင့်သို့ ရောက်ရှိပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဟိုင်နန်ကျွန်းနှင့် တုံကင်ပင်လယ်ကွေ့မှတစ်ဆင့် ဗီယက်နန်နိုင်ငံ မြောက်ပိုင်းသို့ ဦးတည်ရွေ့လျားနိုင်ဘွယ်ရှိကြောင်း ကြိုတင်ခန့်မှန်းထားပါသည်။

INVEST-91W
28 Jul 2013 1200Z
Location: 11.1 123.0
Winds: 20 knots
Central Pressure: 1007 hPa
MM Weather ,  RangonNewsDaily
kolatt (Pabedan): 28.7.2013

0 comments:

Post a Comment