Pages

Wednesday, July 11, 2012

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ အကို လီဆန်ဒတ်ခ်အား ယနေ့ နံနက်အစောပိုင်းက သက်ဆိုင်ရာက ဖမ်းဆီး

Photo: Breaking News:
တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ အကိုဖြစ်သူ လီဆန်ဒတ်ခ်အား ယနေ့ နံနက်အစောပိုင်းက သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သူ လီဆန်ဒတ်ခ်မှာ အကျင့်ပျက်ခြစားမှု စွဲချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
၎င်းသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း Solomon Savings နှင့် Mirae Savings ဘဏ်နှစ်ခု၏ ဥက္ကဋ္ဌများထံမှ ဝမ်ငွေ သန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၅၂၅,၀၀၀) ကို တရားမဝင်ရယူခဲ့ကြောင်း သိရသည်။
အဆိုပါဘဏ်နှစ်ခုမှာ ၎င်းတို့၏ ဥပဒေချိုးဖောက်မှုများကို သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေးခြင်းနှင့် ပြစ်ဒဏ်ချမှတ်မှုကို ရှောင်လွှဲနိုင်ရန် လီဆန်ဒတ်ခ်က ကူညီပေးခဲ့သဖြင့် ဝမ်ငွေ သန်း ၆၀၀ ပေးခဲ့ခြင်းဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။
 
Breaking News:

Ref: Planet Myanmar Network:

0 comments:

Post a Comment