Pages

Wednesday, June 27, 2012

၁၀ဘီး ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောရှိ ကုန်တင် ဒိုင်နာယာဉ်အား ၀င်ရောက်တိုက်မိသဖြင့် ယာဉ်မောင်းတစ်ဦး သေဆုံး


၁၀ဘီး ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောရှိ ကုန်တင် ဒိုင်နာယာဉ်အား ၀င်ရောက်တိုက်မိသဖြင့် ယာဉ်မောင်းတစ်ဦး သေဆုံး
accident2
ဝင်ရောက်အတိုက်ခံရသော ကုန်တင်ဒိုင်နာယာဉ်အား တွေ့ရစဉ် 

၁၀ဘီးကုန်တင်ယာဉ် တစ်စီး အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြော  ရှိ ကုန်တင်ဒိုင်နာယာဉ်အား ၀င်ရောက် တိုက်မိသဖြင့် ယာဉ်မောင်းတစ်ဦး သေဆုံးသည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၂၆ ရက် နေ့ည ၈ နာရီခွဲအချိန်ခန့်က ဘုရင့်နောင်လမ်းမကြီး ချောင်းဝဘုန်ကြီးကျောင်း အနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

accident3


ဝင်ရောက်အတိုက်ခံရသော ကုန်တင်ဒိုင်နာယာဉ်အား တွေ့ရစဉ်

တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားသော ၁၀ ဘီးကုန်တင်ယာဉ်အား တွေ့ရစဉ်
accident4
တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားသော ၁၀ ဘီးကုန်တင်ယာဉ်အား တွေ့ရစဉ်
accident1
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားပုံမှာ ၁၀ဘီး ကုန်တင်ယာဉ်သည် ဘုရင့်နောင်ဘက်မှ ဆင်မလိုက် ဘက်သို့ မောင်းနှင်လာစဉ်ချောင်းဝဘုန်းကြီးကျောင်းအနီး၊ ချောင်းဝ ကွေ့သို့ အရောက် အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး တစ်ဖက်ယာဉ်ကြောရှိ ဆင်မလိုက်ဘက်မှ ဘုရင့်နောင်ဘက်သို့ မောင်းနှင်လာသော ဒိုင်နာကုန်တင်ယာဉ်အား တိုက်မိ၍လမ်းဘေးရှိ ဓာတ်တိုင်အား ၀င်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီကားကြီးကအရှိန်နဲ့ မောင်းလာတာ ဒီကွေ့လည်းရောက်ရော ရပ်ထားတဲ့ သစ်တင်တဲ့ကားကို တိုက်မလိုဖြစ်ပြီး ရှောင်လိုက်တာ ဟိုဘက်ယာဉ်ကြောကို ရောက်သွားတယ်။ ဟိုဘက်ကလာတဲ့ ဒိုင်နာက အတိုက်ခံလိုက်ရပြီး တစ်ပတ်လည် သွားတယ်”ဟု အဆိုပါအနီးတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဒိုင်နာကုန်တင် ယာဉ်မောင်းမှာ ယင်းနေရာတွင် သေဆုံးခဲ့ပြီး၊ ယာဉ်နောက်လိုက်မှာ ခြေထောက်ကျိုး သွားကြောင်း၊ ၁၀ဘီးကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ဘုရင့်နောင်လမ်းမကြီးနှင့်အေးရိပ်မွန် လမ်းထောင့်ရှိ ဘုရင်နောင်-ဆင်မလိုက်(၁) ၆၆ ကေဗွီဓာတ်အားလိုင်း သွယ်တန်းထားသော ဓာတ်တိုင်အချို့ထိခိုက်ခဲ့ကြောင်း သိရသည်။

Eleven Media :

0 comments:

Post a Comment

 
world time