Pages

Tuesday, July 7, 2015

ကုမ္ပဏီရုံးခန်းရှိ မီးခံသေတ္တာအတွင်းမှ အမေရိကန်ဒေါ်လာငွေများ ခိုးယူသူ ၀န်ထမ်း(၂)ဦးအား ဖမ်းဆီးအရေးယူ


RangonNewsDaily:: July . 7 .2015
၂၉.၆.၂၀၁၅ ရက်နေ့ ၀၇၃၀ အချိန်တွင် ပုဇွန်တောင်မြို့နယ်နေ ဦးကျော်မြင့် သည် နေအိမ်တွင်ရှိနေစဉ် ၎င်း၏ပြည်တွင်းပြည်ပ၀န်ဆောင်မှုကုမ္ပဏီမှ ၀န်ထမ်းဖြစ်သူ ရဲနိုင်နှင့် ငြိမ်းချမ်းအောင်တို့(၂)ဦး ရောက်ရှိလာပြီး (၅၄)လမ်းတွင်ဖွင့်လှစ်ထားသော ရုံးခန်းအား သန့်ရှင်းရေးပြုလုပ်မည် ဟုပြောဆိုကာ သော့တောင်းသဖြင့်ပေးအပ်လိုက်ကြောင်း၊
၁၁၀၀ အချိန် ခန့်တွင် ၎င်းတို့(၂)ဦးမှာ ရုံးခန်းအားသော့ ဖွင့်လျက်ထားခဲ့ကြောင်းသိရှိရ သဖြင့် သွားရောက်စစ်ဆေးရာ ရုံးခန်းအတွင်းထားရှိသည့် မီးခံသေတ္တာ၏
လော့နံပါတ်များမှားယွင်းနေပြီး အတွင်းမှ အမေရိကန်ဒေါ်လာ(၁၀၀)တန် (၄၉)ရွက်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရကြောင်းနှင့် ၀န်ထမ်းများဖြစ်သူ ရဲနိုင်နှင့် ငြိမ်းချမ်းအောင်တို့အား စစ်ဆေးအရေးယူပေးရန် တိုင်တန်းချက်အရ ပုဇွန်တောင်မြို့မရဲစခန်း(ပ)၁၄၄/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၈၁ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
::
အမှုမှပြစ်မှုကျူးလွန်သူ ဧရာဝတီတိုင်းဒေသကြီးနေ ရဲနိုင်၊ (၁၉)နှစ်နှင့် ငြိမ်းချမ်းအောင်၊ (၁၇)နှစ်တို့ (၂)ဦးအား ဖမ်းဆီးရမိရေအတွက် ပုဇွန်တောင် 
မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေခဲ့ရာ ၃၀.၆.၂၀၁၅ ရက်နေ့ 
၀၁၃၀ အချိန်ခန့်တွင် ၎င်းတို့(၂)ဦးကို ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်း ဆိပ်ကမ်းအနီး၌ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။
::
အမှုနှင့်ပတ်သက်၍စစ်ဆေးရာ ၎င်းတို့(၂)ဦးမှ ခိုးယူခဲ့ကြောင်းနှင့် ခိုးယူ
ခဲ့သည့် အမေရိကန်ဒေါ်လာ များအား မြန်မာငွေများဖြင့်လဲလှယ်ထား
ရှိကြောင်းပေါ်ပေါက်ခဲ့သဖြင့် ၎င်းတို့ထံမှ ငွေကျပ် (၄၅၃၁၀၀၀)နှင့် ၀ယ်ယူထားသည့် အ၀တ်အထည်အသုံးအဆောင်ပစ္စည်းများကို ပြန်လည် 
သိမ်းဆည်းနိုင်ခဲ့ပြီး ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပါသည်။
Yangon Police ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment